မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန်

မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန် google.com

မင်္ဂလာပွဲမှာ လွတ်လွတ်လပ်လပ်ပါဝင်ဆင်နွဲလို့ရပါတယ်။ ဒါပေမယ့် မင်္ဂလာပွဲလာတဲ့ဧည့်သည်တွေထဲမှာ လူပေါင်းစုံ၊

အသက်အရွယ်ပေါင်းစုံ ပါဝင်မှာဖြစ်လို့ သင့်ရဲ့အမူအကျင့်ကို တတ်နိုင်သမျှ အဆင့်အတန်းရှိရှိ ထိန်းသိမ်းပြီး ပျော်တတ်ဖို့တော့လိုပါလိမ့်မယ်။

 

ကော့တေးကို အလွန်အကျွံမသောက်ပါနဲ့

ကော့တေးအမျိုးအစားကောင်းတွေကို သုံးဆောင်ဖို့ သင့်ကို ဆွဲဆောင်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ရှိသေးတဲ့ မင်္ဂလာစားပွဲသောက်ပွဲ အစီအစဉ်အတွက် နေရာချန်ထားသင့်ပါတယ်။

 

မင်္ဂလာမောင်နှံကို စကားရှည်ဝေးမပြောပါနဲ့

၎င်းတို့အနေနဲ့ သင့်အပြင် အခြားဧည့်ခံစရာ လူအများအပြားရှိနေပါတယ်။ နှုတ်ခွန်းဆက်စကားပြောဆိုပြီးနောက်မှာ အချိန်အကြာကြီး စကားဖောင်ဖွဲ့ပြီး ပြောနေတာမျိုးကို ရှောင်သင့်ပါတယ်။

 

မင်္ဂလာပွဲရဲ့ ဘားမှာ သွားမရစ်ပါနဲ့

မင်္ဂလာပွဲတစ်ခုရဲ့ ယမကာ ဘားမှာအခမဲ့ စိတ်ကြိုက်သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် အများကြီးသောက်ပြီး ဧည့်သည်တွေကိုသွားမရစ်သင့်ပါဘူး။ နောက်ပြီး သင့်စိတ်ကြိုက် အလိုလိုက်အကြိုက်ဆောင်ပြီး အခွင့်မရေး အပြည့်အဝ မယူသင့်ပါဘူး။

 

ကတဲ့အချိန်တွင် စိတ်ကျဉ်းကျပ်စေတဲ့ဖိနပ်မ၀တ်ပါနဲ့

ပါတီပွဲစတော့မယ်ဆိုရင် သင့်ရဲ့စိတ်ကျဉ်းကျပ်စေတဲ့ ဒေါက်ဖိနပ်ကို ချွတ်ထားပါ။ ရိုးရိုးဖိနပ်၊ ခုံပါးတဲ့ဖိနပ်ပြောင်းစီးခြင်း (သို့) ဖိနပ်မပါပဲလည်း ဝင်ကလို့ရပါတယ်။ ဒါမှသာ မတော်မလျော် ဒေါက်ဖိနပ်ကြောင့် မတော်တဆ ချော်လဲတာတွေကို ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။

 

စောစီးစွာ ပြန်လျှင် နှုတ်ဆက်ဖို့မမေ့ပါနဲ့

စောစောအိမ်ပြန်ဖို့ လိုမယ်ဆိုရင် ပြန်လို့ရပါတယ်။ ဒါပေမယ့် မင်္ဂလာမောင်နှံကိုတော့ နှုတ်ဆက်သွားသင့်ပါတယ်။ ဒါမှ ၎င်းတို့အနေနဲ့ သင်စောစောပြန်သွားလို့ အားနာတာ၊ စိုးရိမ်မိတာတွေ မရှိမှာဖြစ်ပါတယ်။

 

မင်္ဂလာပွဲမှာ ဖြတ်သန်းသွားလာမှုမပြုပါနဲ့

မင်္ဂလာပွဲကျင်းပချိန်မှာ မင်္ဂလာခန်းမကို ဖြတ်သန်းသွားလာခြင်း၊ မင်္ဂလာကိတ်ထားတဲ့နေရာကို ဖြတ်သွားဖြတ်လာလုပ်ခြင်း ကပွဲကြမ်းပြင်ပေါ် ဖြတ်လျှောက်ခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:23
Rate this item
(0 votes)