တဖက်သတ်အချစ်နဲ့ပတ်သက်တဲ့အချက်များ

တဖက်သတ်အချစ်နဲ့ပတ်သက်တဲ့အချက်များ google.com

မိန်းမသားဘဝဆိုတာကလည်း ကိုယ်ချစ်ရတဲ့ ချစ်သူကို ဖွင့်ဟပြောဆိုခွင့်မရှိဘဲနဲ့

စောင့်စားနေရတဲ့ဘဝဟာလည်း ပျင်းစရာကောင်းပါတယ်။


ကိုယ်ရည်ရွယ်လိုက်တဲ့သူက ကိုယ်တကယ်ချစ်တဲ့အကြောင်း အမှန်အကန်သိစေဖို့ အတွက် ကြိတ်ပိုးနိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


အကြည့်ခံနိုင်အောင်နေခြင်း
ကိုယ်ချစ်ရတဲ့ ချစ်သူရှေ့မှာ ကပိုကရိုမနေဘဲ အမြဲတမ်းနှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာအမူအယာနဲ့ နေထိုင်နိုင်ရပါမယ်။ ကိုယ်ချစ်ရတဲ့ချစ်သူက မျက်လွှာချရလောက်အောင် မျက်လုံးချင်းဆိုင်ကြည့်နိုင်ရပါမယ်။


ကြည့်ကောင်းအောင်နေခြင်း
ကိုယ်ကစပြီး စကားတစ်ခွန်းပြောခြင်းက ကိုယ်ချစ်နေတဲ့လူကို ဆွဲဆောင်မှုကောင်းတဲ့ ဟန်ပန်မျိုးပဲ ဖြစ်သင့်ပါတယ်။ တိတ်တခိုးရဲ့ရှေ့မှာ စကားတွေအများကြီး မပြောဘဲ စကားနည်းနည်းနဲ့ထိရောက်တဲ့ စကားလုံးကိုသာ ရွေးချယ်သင့်ပါတယ်။


ကိုယ်ချစ်ရတဲ့သူကြိုက်တတ်တဲ့ အရောင်၊ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်နိုင်မယ်ဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။


သူ့အကြိုက်တွေကို သိအောင်နေခြင်း
ကိုယ်ချစ်ရတဲ့သူက ဘာတွေကြိုက်တတ်တယ်၊ ဘယ်လိုအစားအစာမျိုးကို စားတတ်တယ်ဆိုတာ သိအောင်လုပ်ထားရပါမယ်။


သူကြိုက်တတ်တဲ့ အစားအသောက်ကို ထည့်လာပြီး ရရှိထားတဲ့ အခွင့်အရေးကို ရာနှုန်းပြည့် အသုံးချတတ်မယ်ဆိုရင် အသည်းကွဲစရာ အကြောင်းရှိတော့မှာမဟုတ်ပါဘူး။


သူ့အခြေအနေအကဲခတ်ခြင်း
ကိုယ်ချစ်ရတဲ့သူနဲ့ နှစ်ယောက်ခြင်းတွေ့တဲ့အခါ သူပြောတဲ့ စကားလုံးတိုင်းကို အသေချာအာရုံစိုက်နားထောင်ရပါမယ်။


ကိုယ်ချစ်ရတဲ့သူက စိတ်အားငယ်နေတဲ့သူဆိုရင် အကောင်းဆုံးနှစ်သိမ့်မှုပေးတတ်ပါစေ။ အားလပ်ချိန်တွေကို သူနဲ့အတူ ကုန်ဆုံးစေမယ်ဆိုရင် မကြာခင်မှာပဲ သူ့ဘက်ကစပြီး ကိုယ့်ကို စကားပြောလာမှာ သေချာပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:23
Rate this item
(1 Vote)