မင်္ဂလာဆောင်အခမ်းအနားအပြင်အဆင်တွင် ပြုလုပ်သင့်သည့်အချက်များ

မင်္ဂလာဆောင်အခမ်းအနားအပြင်အဆင်တွင် ပြုလုပ်သင့်သည့်အချက်များ

ဆောင်းဦးပေါက်ချိန် မင်္ဂလာဆောင်တာလောက် နှစ်သက်စရာ ဘာမှမရှိတော့ပါဘူး။ ရွက်သစ်ဝေချိန်၊ လတ်ဆတ်တဲ့လေနဲ့ နှစ်သက်စရာကောင်းတဲ့

အငွေ့အသက်တွေ လွှမ်းခြုံလို့ မင်္ဂလာဆောင်ဖို့ အပြည့်စုံဆုံး အချိန်ပဲပေါ့။ သင့်အနေနဲ့ ဆောင်းဦးမင်္ဂဆောင် ပြုလုပ်ဖို့ စီစဉ်နေပါသလား။ ဒီလိုအစီအစဉ်အတွက် အကောင်းဆုံးလိုက်ဖက်မယ့် DIY အကြံပြုချက်တွေကို စိတ်ထဲနှစ်သက်သလို လက်ခံစေချင်ပါတယ်။

 

အဓိကလမ်းကို ပန်းရောင်စုံများဖြင့် အမှတ်အသားပြုခြင်း              

သင့်ရဲ့မင်္ဂလာအဓိကလမ်းကို ဂန္တဝင်အလှနဲ့ ပျော်စရာဖြစ်စေဖို့ ပန်းရောင်စုံများဖြင့် အမှတ်အသားပြု အလှဆင်ပါ။ နောက်ပြီး စင်မြင့်တွင် ဂနမာပန်းနှင့် နှင်းဆီအနီ၊ အ၀ါတို့ဖြင့် တွဲဖက်၍ အလှဆင်လို့လည်း ရပါတယ်။

 

စားပွဲတွေကို ပန်းအလှဆင်ြခင်း

ခမ်းနားလှတဲ့ အလှတွေပုံဖော်နိုင်ဖို့ ဧည့်ခံပွဲစားပွဲတွေကို သင်နှစ်သက်ရာ ဆောင်းတွင်းမှာ ပွင့်သောပန်းတွေနဲ့ အလှဆင်နိုင်ပါတယ်။

 

ပ၀ါဖန်စီလေးဆင်ယင်ခြင်း

သင့်ရဲ့ သတို့သမီးခေါင်းဆောင်းလေးကိုလည်း လှလှပပဖြစ်စေရန် မျက်နှာအကာအရံတွေကို အခြားအရာတွေ သုံးမယ့်အစား ပ၀ါဖန်စီလေးနဲ့ ဆင်ယင်မယ်ဆိုရင် အခြားမင်္ဂလာအပြင်အဆင်တွေနဲ့ ပနံသင့်လှမှာပါ။

 

မင်္ဂလာကိတ်ကို အလှဆင်ခြင်း

ရွှေရောင်ချယ်ထားတဲ့ ဘူးထဲမှာထားပြီး  ဝက်သစ်ချသီး အနည်းငယ်နဲ့ ကိတ်မုန့်ကို တန်ဆာဆင်လိုက်မယ်ဆိုရင် မင်္ဂလာပွဲနဲ့ လိုက်ဖက်တဲ့ ကိတ်ပုံစံလေး ရလာမှာဖြစ်ပါတယ်။

 

ပန်းတွေကို အသုံးပြုခြင်း

ဆောင်းဦးရာသီမှာ ပွင့်တဲ့ပန်းများကို မင်္ဂလာပွဲအလှဆင်ရာမှာရော ဧည့်ခံပွဲမှာပါ အသုံးတည့်လှပါတယ်။ ရာသီအလိုက် ပန်းများနှင့် မိမိနှစ်သက်မယ့် ပန်းတွေနဲ့လည်း ခန်းမကို လှပသွားအောင် အလှဆင်နိုင်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:22
Rate this item
(2 votes)