Eternity Love Fashion Show ပွဲမှာ Marry Me, Unique Wedding Sales ကို နှစ်ရက်ပြုလုပ်မည်ဖြစ်ကြောင်း

Eternity Love Fashion Show ပွဲမှာ Marry Me, Unique Wedding Sales ကို နှစ်ရက်ပြုလုပ်မည်ဖြစ်ကြောင်း

မင်္ဂလာမောင်နှံများ၏ တောင်းဆိုမှုကြောင့် Marry Me, Unique Wedding Sales ကို နှစ်ရက်တာ ရန်ကုန်မြို့၊

Novotel Hotel တွင် မြန်မာနိုင်ငံမှ နာမည်ကြီး ဒီဇိုင်နာ (၅) ဦးပူးပေါင်းပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့နှင့် ၁၃ ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင် မင်္ဂလာဆောင်ဝတ်စုံနှင့်ပတ်သက်သော Fashion Show ကြီးကို စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲဖြစ်မြောက်ရေးအတွက် Main Sponsor အဖြစ် Forever Gems by Shwe Nan Daw က တာဝန်ယူပြီး၊ Co- Sponsor အဖြစ် Novotel Hotel နှင့် L’Oreal တို့မှ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး Media Sponsor အဖြစ် MRTV-4, In Kind Sponsor ကိုတော့ Wunna Kwar Nee နှင့် Aye Zaw Moe တို့မှ လည်းကောင်း၊ ပန်းအလှဆင်မြန်းမှုကို Lin Lin (Flowerist) က ပြင်ဆင်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

 

မော်ဒယ်များကတော့ Stars & Models Int’l မှ မော်ဒယ်များမှ ဖက်ရှင်ပြသသွားမှာ ဖြစ်ကြောင်းသိရပါတယ်။

 

ဖက်ရှင်ရှိုးပွဲ၏ အဓိက ဒီဇိုင်နာများကတော့ Designer Ma Myint Zu (Zu Zu Collection), Designer Latt Latt, Designer Mogok Pauk Pauk, Designer Pyae Soe Aung, Designer Kaung Myat တို့က ပြပွဲတွင် နောက်ဆုံးပေါ် ၀တ်စုံများချုပ်လုပ်ပြီး ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် Designer Ma Myint Zu (Zu Zu Collection) နှင့် Designer Pyae Soe Aung တို့၏ ဖန်တီးမှုများကို ပြသသွားမှာဖြစ်ပြီး၊ သြဂုတ်လ ၁၃ ရက်နေ့တွင် Designer Latt Latt, Designer Mogok Pauk Pauk, Designer Kaung Myat တို့၏ ဆန်းသစ်တီထွင်ဖန်တီးမှုများကို ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Marry Me, Unique Wedding Sales မှာ လာရောက်ဘိုကင်လုပ်ကြမည့် မင်္ဂလာမောင်နှံများအတွက် အကျိုးခံစားခွင့်များမှာ

 

- Novotel Hotel ၏ Deluxe Suite အခန်းမှာ တစ်ညတာနေထိုင်ခွင့်

 

- ညစာ ၁၀ ယောက်စာကို Novotel Hotel တွင်ရှိတဲ့ The Square စားသောက်ဆိုင် (သို့မဟုတ်) Royal Pavilion စားသောက်ဆိုင်တွင် စားသုံးခွင့်

 

- အမှတ်တရ Candle Light ညစာ ၂ ယောက်စာကို Novotel Hotel ၏ ၁၄ ထပ်မှာတည်ရှိတဲ့ Le Cellier တွင် သုံးဆောင်ခွင့်

 

- Bechelor ပွဲ ကျင်းပချင်သူများအတွက် ၂၀% လျှော့ပေးပြီး Time Out Sports Bar မှာ ၁ လုံး အခမဲ့ ရရှိခြင်း

 

- Novotel Hotel ရဲ့ Executive Suite တွင် ၂ ညအိပ် ၃ ရက် အခမဲ့တည်းခိုနိုင်ခြင်း အစရှိတဲ့ မြောက်များစွာသော အကျိုးခံစားခွင့်များကို Package အလိုက် ရွေးချယ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

 

၎င်းအပြင် မင်္ဂလာမောင်နှံများကို Novotel Hotel ကပေးတဲ့ မင်္ဂလာလက်ဖွဲ့များထဲမှ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ မင်္ဂလာလက်ဖွဲ့များထဲမှ အားလုံးစိတ်ဝင်စားမယ့်လက်ဖွဲ့များဖြစ်တဲ့

 

- ဟန်းနီးမွန်းခရီးစဉ်ကို လှပသော ပင်လယ်ကမ်းခြေဘာလီကျွန်းသို့ ပို့ဆောင်ပေးခြင်း (သို့) ဗီယက်နမ်က ဟိုချီမင်းမြို့သို့ ပို့ဆောင်ပေးခြင်း

 

- စိတ်ကြိုက်ပါတီပွဲပြုလုပ်နိုင်မည့် Voucher စာအုပ်ရရှိခြင်း

 

- မင်္ဂလာဧည့်ခံပွဲတွင် အသုံးပြုရန် ၀ိုင် ၂ ပုလင်း (သို့) ၀ီစကီ ၁ ပုလင်းကို စားပွဲဝိုင်းတိုင်းအတွက် အခမဲ့ထည့်ပေးခြင်း နှင့် များစွာသော ရွေးချယ်စရာများကို ထည့်သွင်းပေးသွားတဲ့အတွက် စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

 

ယင်းတို့အနက် နောက်ဆုံးအခွင့်အရေးတစ်ခုကတော့ ဥရောပမှာ နာမည်ကြီးနိုင်ငံများထဲမှ ကိုယ့်စိတ်ကြိုက်နိုင်ငံတစ်ခုကို ရွေးချယ်ပြီး ဟန်းနီးမွန်းသွားရောက်နိုင်မည့် စိတ်လှုပ်ရှားဖွယ်ကံစမ်းမဲအစီအစဉ်တစ်ခုကိုလည်း ထည့်သွင်းပေးထားကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:22
Rate this item
(1 Vote)