ယောက်ျားလေးသ၀န်တိုရင် လုပ်တတ်တဲ့အချက်များ

ယောက်ျားလေးသ၀န်တိုရင် လုပ်တတ်တဲ့အချက်များ google.com

မိန်းကလေးများအပေါ် ယောက်ျားလေးတွေ သ၀န်တိုလာရင်

မိန်းကလေးတွေလို ပွင့်ပွင့်လင်းလင်း ထုတ်မပြောပြတတ်ပါဘူး။

 

ယင်းအခြေအနေမျိုးကို မိန်းကလေးဘက်က မသိတတ် နားမလည်တတ်ရင်တော့ ပြဿနာဟာ မဖြေရှင်းတတ်ဖြစ်နေပါလိမ့်မယ်။

 

ဂရုမစိုက်ခြင်း

 

ယောက်ျားလေးတွေက သ၀န်တိုရင် စကားပြောနေရင်းနဲ့ ချက်ချင်းဆိုသလို ဂရုမစိုက်သလို လုပ်တတ်ကြပါလိမ့်မယ်။ မိန်းကလေးဘက်က ယောက်ျားလေးသူငယ်ချင်းတွေအကြောင်းပါရင် သူ့ဘက်က မနေထိမထိုင်သာဖြစ်ပြီး ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ ဘာကိုမှ မပြောတော့ပါဘူး။

 

အဆက်အသွယ်ဖြတ်ခြင်း

 

သ၀န်တိုတယ်ဆိုတာ ကိုယ့်မှာရှိတာ တစ်ခုခုကို ဆုံးရှုံးမှုခံရနိုင်တာဖြစ်ပါတယ်။ ဒီလိုပြဿနာကို ကိုင်တွယ်ဖို့ဆိုရင် သ၀န်တိုမှုဖြစ်စေတဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေဆီ သင့်ကို ခေါ်မသွားတော့ပါဘူး။

 

ဂရုစိုက်ခြင်း

 

ယောက်ျားလေးတွေဘက်က ဂရုစိုက်တာကို မိန်းကလေးတိုင်းက နှစ်သက်ကြပါတယ်။ သူဘယ်သွားလဲ၊ ဘာလုပ်လဲ၊ ဘယ်သူနဲ့ရှိနေလဲဆိုတာတွေကို ဂရုစိုက်လာတာတွေ့ပါလိမ့်မယ်။

 

အပြစ်မြင်ခြင်း

 

သ၀န်တိုတဲ့အခါ သင့်ကို အပြစ်တွေမြင်လာပါလိမ့်မယ်။ ဘာမှမဟုတ်ပေမယ့်လည်း သင့်ကို အပြစ်မြင်တတ်ပါတယ်။ အပြစ်မြင်ရမယ့်ကိစ္စဆို လိုတာထက်ပိုပြီး ပြောဆိုတာတွေလုပ်တတ်ပါလိမ့်မယ်။

 

Read times Last modified on Wednesday, 19 September 2018 15:19
Rate this item
(2 votes)