Eternity Love Fashion Show ပွဲတွင် ဒီဇိုင်နာ ၅ ဦးမှ မင်္ဂလာပွဲဝတ်စုံ ဖက်ရှင်ဒီဇိုင်းသစ်များပြသခဲ့

Eternity Love Fashion Show ပွဲတွင် ဒီဇိုင်နာ ၅ ဦးမှ မင်္ဂလာပွဲဝတ်စုံ ဖက်ရှင်ဒီဇိုင်းသစ်များပြသခဲ့

ဖက်ရှင်ဒီဇိုင်နာ ၅ ဦး၏ မင်္ဂလာပွဲဝတ်စုံ ဖက်ရှင်ဒီဇိုင်းသစ်များ ပြသခဲ့တဲ့ Eternity Love Fashion Show ကို ရန်ကုန်မြို့

၊ Novotel Hotel တွင် သြဂုတ်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် Eternity Love Fashion Show ၏ ပထမနေ့တွင် နာမည်ကြီး ဒီဇိုင်နာ ၂ ဦးဖြစ်တဲ့ ဒီဇိုင်နာ ပြည်စိုးအောင်နှင့် ဒီဇိုင်နာ မမဉ္ဖူ တို့ရဲ့ တီထွင်ဆန်းသစ်ဖန်တီးထားတဲ့ ဖက်ရှင်ဝတ်စုံဒီဇိုင်းများကို ပြသခဲ့ပါတယ်။

 

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက် ဒုတိယနေ့တွင် ဒီဇိုင်နာများဖြစ်တဲ့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်၊ ဒီဇိုင်နာ ကောင်းမြတ်၊ ဒီဇိုင်နာ လတ်လတ် တို့၏ ဖက်ရှင်များအား နာမည်ကြီးမော်ဒယ်များမှ ၀တ်ဆင်ပြသခဲ့ပါတယ်။

 

ပွဲတွင် M ဆိုင်းလူ၊ အေးမြတ်သူ၊ အွန်လိုင်း အစရှိတဲ့ မော်ဒယ်များမှ ဖက်ရှင်ပြပွဲအချိန်တွင် ၀တ်ဆင်ပြသခဲ့ပြီး အခြား နာမည်ကြီး အနုပညာရှင်များ၊ ပရိသတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အများအပြား လာရောက်အားပေးခဲ့ကြောင်း သိရပါတယ်။

 

ပွဲသို့ လာရောက်သည့် ပရိသတ်များအား ၎င်းတို့နှစ်သက်သည့် ဖက်ရှင်ဒီဇိုင်းများကို ၂၀% မှ ၅၀% အထိ လျော့ဈေးဖြင့် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီ ပြပွဲပြုလုပ်တဲ့ ရက်အတွင်း ရောင်းချမှုများ ပြုလုပ်ခဲ့ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:19
Rate this item
(1 Vote)