မင်္ဂလာမောင်နှံများအတွက် ပထမဆုံး အခမဲ့အွန်လိုင်းလက်ဖွဲ့ဝန်ဆောင်မှုဝက်ဆိုဒ်

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ Novotel Hotel ရဲ့ Eureka Room – Level 4 တွင်

အခမဲ့အွန်လိုင်းလက်ဖွဲ့ ၀န်ဆောင်မှုဝက်ဆိုဒ် MingalarLetPhwet.com  မိတ်ဆက်သည့်အခမ်းအနားကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ ကျင်းပခဲ့ပါတယ်။

 

မင်္ဂလာလက်ဖွဲ့ဝက်ဆိုဒ်က မင်္ဂလာမောင်နှံတွေနဲ့ ဧည့်သည်တွေအတွက် ရာနှုန်းပြည့် အခမဲ့ဖြစ်ပြီး မင်္ဂလာပွဲနေ့မှာ လက်ခံရရှိမယ့် လက်ဖွဲ့ပစ္စည်းတွေကို စိတ်ကြိုက်ကြိုတင် ရွေးချယ်နိုင်တဲ့ ဝက်ဆိုက်ဒ်တစ်ခု ဖြစ်ကြောင်း သိရပါတယ်။

 

မင်္ဂလာမောင်နှံတွေအနေနဲ့ မိမိတို့လိုအပ်တဲ့ လက်ဖွဲ့ပစ္စည်းတွေကို ဧည်သည့်တွေထံ ကြိုတင်အသိပေးနိုင်ပြီး လက်ဖွဲ့ပစ္စည်းတစ်မျိုးတည်းကို နှစ်ခါမထပ် ရလေအောင် ပြုလုပ်ထားခြင်းကြောင့် လက်ဖွဲ့ပစ္စည်းထပ်ခြင်းကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 20979864 1820315251317486 358289679 n

မင်္ဂလာမောင်နှံတွေအနေနဲ့ MingalarLetPhwet.com ဝက်ဆိုက်ဒ်မှာ မှတ်ပုံတင်ပြီးနောက် မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ Pre-wedding ဓာတ်ပုံတွေနဲ့ လိုချင်တဲ့ လက်ဖွဲ့ပစ္စည်းစာရင်းကို မျှဝေနိုင်မယ့် မင်္ဂလာမောင်နှံနှစ်ဦးပိုင် အသေးစားဝက်ဆိုက်ဒ် တစ်ခုကို ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

 

အဲ့ဒီကနေမှတစ်ဆင့် ကိုယ်လိုချင်တဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေကို စာရင်းပြုစုပြီး အဆိုပါလက်ဖွဲ့ပစ္စည်းစာရင်းကို ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့် Link ပေးပို့ခြင်း၊ မင်္ဂလာဖိတ်စာမှာ ထည့်သွင်းခြင်းဖြင့် ဧည့်သည်တွေထံကို ဝေမျှနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

 

မင်္ဂလာပွဲ ကျင်းပပြီးစီးတဲ့နောက် ၅ရက်အကြာမှာ ဧည့်သည်တွေရဲ့ MingalarLetPhwet.com က တဆင့် လက်ဖွဲ့ပေးထားတဲ့ လက်ဖွဲ့ပစ္စည်းတွေကို ပို့ဆောင်ခပေးချေရန် မလိုအပ်ဘဲ မင်္ဂလာမောင်နှံအိမ်ကို အခမဲ့တိုက်ရိုက် ပို့ဆောင်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

မင်္ဂလာမောင်နှံတွေ အနေနဲ့ မိမိတို့ လိုအပ်တဲ့ လက်ဖွဲ့ပစ္စည်းတွေကို MingalarLetPhwet.com မှာရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ပရိဘောဂပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ လက်ဝတ်ရတနာပစ္စည်းတွေ၊ ဟန်းနီးမွန်းခရီးစဉ် Package တွေနဲ့ Gift Voucher တွေအပါအဝင် အရည်သွေးမြင့် လက်ဖွဲ့ပစ္စည်းအမျိုးအစားပေါင်း ၅၀၀၀ ကျော်ထဲက စိတ်ကြိုက် ရွေးချယ်နိုင်ကြောင်း သိရပါတယ်။

 

လက်ဖွဲ့ပစ္စည်းဈေးနှုန်းတွေက ကျပ် ၅၀၀၀ ကနေ သိန်း ၃၀ အထိရှိပြီး ဧည့်သည်တွေအနေနဲ့ မိမိလက်ဖွဲ့လိုက်တဲ့ ပစ္စည်းတန်ဖိုးအတွက် ကျသင့်ငွေပေးချေခြင်းကို အွန်လိုင်းငွေချေစနစ်နဲ့လည်းကောင်း၊ ဘဏ်က တစ်ဆင့်ငွေလွှဲခြင်းဖြင့်လည်းကောင်း၊ ငွေသားဖြင့်လည်းကောင်း အလွယ်တကူပေးချေနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

 12MingalarLetPhwet The Team 2

အွန်လိုင်းငွေချေမှုများအတွက် MPU, Visa Card, MasterCard, Mobile Banking စနစ်တို့ကို အသုံးပြုနိုင်ပြီး Electronic ငွေချေမှုများအတွက် Wave Money နှင့် Ooredoo တို့ကိုလည်း အသုံးပြုနိုင်ပြီး ငွေသားဖြင့် ပေးချေခြင်းများအတွက်လည်း MingalarLetPhwet.com မှ အိမ်တိုင်ရာရောက် ငွေကောက်ခံပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 26 June 2019 10:53
Rate this item
(1 Vote)