ဝါကျွတ်အမီ မင်္ဂလာဆောင်မည့်သူများအတွက် ဖိတ်စာဈေးနှုန်းများ

ဝါကျွတ်အမီ မင်္ဂလာဆောင်မည့်သူများအတွက် ဖိတ်စာဈေးနှုန်းများ

Y Collection ရဲ့ Product အသစ်ဖြစ်တဲ့ Natthamee Invitations များကို မိတ်ဆက်တဲ့ အနေနဲ့

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ မှ ၂၈ ရက်နေ့တွင် မနက် ၉:၀၀ နာရီ မှ ညနေ ၆း၀၀ နာရီ အထိ တပ်မတော်ခန်းမမှာ ကျင်းပမယ့် Wedding and Women's Fashion Fair 2017 မှာ ပထမဆုံးပြသမှာ ဖြစ်ကြောင်း သိရပါတယ်။

 

Y Collection မှ ဝါကျွတ်မှာ ရွှေလက်တွဲကြမည့် မင်္ဂလာမောင်နှံများအတွက် "Natthamee" Brand name ဖြင့် Ready made ဖိတ်စာများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 le

၂၀၁၇ - ၂၀၁၈ မင်္ဂလာပွဲရာသီအတွက် Ready Made ဖိတ်စာ Designs ၈ မျိုးကို အရောင်ခွဲများဖြင့် စုစုပေါင်း Card Designs ၂၀ မျိုး ထုတ်လုပ်ထားကြောင်း သိရပါတယ်။

 20953944 1830343456994197 8093428181098389545 n

Design တစ်မျိုးကို အရေအတွက်အများကြီး ထုတ်လုပ်ထားတဲ့အတွက် ဈေးနှုန်းသင့်တင့်သလို အရည်အသွေးကောင်းမွန်အောင်လည်း ပြုလုပ်ထားကြောင်း သိရပါတယ်။

 

ဖိတ်စာကတ်တိုင်းအတွက် လိုက်ဖက်တဲ့ စာအိတ်လေးများပါ တပါတည်း ထည့်သွင်းပေးထားကြောင်း သိရပါတယ်။

 

invitation

ပွဲရက်အတွင်း Natthamee ဖိတ်စာများကို Order confirm လုပ်ပါက 10% Discount ရရှိမည်ဖြစ်ပြီး အခြား Custom made Y Collection ဖိတ်စာများအတွက်လည်း ပွဲရက်အတွင်း Order Confirm လုပ်ပါက 10% Discount ပေးမှာဖြစ်ကြောင်း သိရပါတယ်။

 

Natthamee ဖိတ်စာအလွတ်များကိုလည်း ကြိုတင်မှာယူနိုင်ပြီး ပွဲရက်အတွင်း Deposit သွင်း၍ မှာယူပါက 10% Discount ရရှိမှာဖြစ်ပြီး မင်္ဂလာမောင်နှံတို့မှ Printer သို့ Copier များဖြင့် မိမိတို့ကိုယ်တိုင် အတွင်းစာများရိုက်နှိပ်ထည့်သွင်း၍ မိမိတို့၏ မင်္ဂလာပွဲကုန်ကျစရိတ်ကို အတတ်နိုင်ဆုံးလည်း လျော့ချနိုင်ကြောင်း သိရပါတယ်။

 

လက္ကားယူ၊ တစ်ဆင့်ပြန်လည်ရောင်းချပေးမည့် ဖိတ်စာဆိုင်များလည်း လာရောက်ကြည့်ရှုလေ့လာနိုင်ပြီး စာရင်းပေးသွင်းပေးပါက Card Sample များကို အခမဲ့ ဆိုင်အရောက်ပို့ပေးပြီး ကတ်များကို စက်တင်ဘာလ အတွင်း ဖြန့်ချိပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ဖိတ်စာဈေးနှုန်းများမှာ ဖိတ်စာ အပြီးအစီးကို တစ်ခုဈေးနှုန်းလျှင် ၅၀၀ ကျပ်, ၆၀၀ ကျပ်, ၇၀၀ ကျပ် ဖြစ်ပြီး ကတ်အလွတ်နှင့် စာအိတ် တစ်ခုဈေးနှုန်းမှာ ၂၅၀ ကျပ်, ၃၀၀ ကျပ်, ၃၅၀ ကျပ် ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:18
Rate this item
(1 Vote)