အိမ်ထောင်ပြုခြင်း၏ အကျိုးကျေးဇူးများ

အိမ်ထောင်ပြုခြင်း၏ အကျိုးကျေးဇူးများ google.com

ချစ်သူနှစ်ဦး အိမ်ထောင်ပြုလိုက်တဲ့အခါကျရင် ဆွေမျိုးတွေက ဘယ်လိုနေမလဲ၊ သူတို့ဘယ်မှာနေမလဲ၊

ဘာလုပ်ကိုင်စားကြမလဲဆိုတာကို သိချင်နေကြပါလိမ့်မယ်။

 

အိမ်ထောင်ပြုပြီးသွားတဲ့အခါမှာတော့ လင်မယားနှစ်ယောက်စလုံး အနေအထိုင်တွေဆင်ခြင်ရမယ်၊ အသွားအလာတွေဆင်ခြင်ရမယ်၊ အသုံးစရိတ်တွေကိုလည်း လျှော့ချပစ်ရမယ် အစရှိတဲ့ ရှေ့ရေးအတွက် အလုပ်တွေလုပ်နေရသောကြောင့် စိတ်ပင်ပန်းပေမယ့်လည်း ကျန်းမာရေးကတော့ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

 

နှလုံးရောဂါဖြစ်နိုင်ချေနည်းပါးခြင်း

 

အိမ်ထောင်သည်များက တစ်ကိုယ်တည်းသမားတွေထက်စာရင် နှလုံးရောဂါဖြစ်ပွားမှုနှုန်းနည်းပါးပါတယ်။ သို့ပေမယ့် အိမ်ထောင်ရေးမှာ တစ်ဦးနှင့်တစ်ဦးကြင်နာယုယပေးခြင်းမရှိရင်တော့ စိတ်ညစ်ရပြီး နှလုံးရောဂါဖြစ်နိုင်တာကိုတော့ သတိထားရမှာဖြစ်ပါတယ်။

 

အရိုးများသန်မာခြင်း

 

အိမ်ထောင်သည်အမျိုးသမီးများ၏ အရိုးအဆစ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းက မိမိတို့ရဲ့ အိမ်ထောင်နေရေးနှင့် ဆက်နွယ်ပတ်သက်နေကြောင်း သိရပါတယ်။

 

အိမ်ထောင်ကျရင်တော့ အရိုးအဆစ်များ ပိုသန်မာလာတယ်ဆိုတာကို သေချာစွာ ပြောပြထားပါတယ်။

 

ကိုယ်ခန္ဓာပိုလှလာခြင်း

 

မိမိတို့သည် သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဆိုရင် ခန္ဓာကိုယ်အချိုးအစား ပိုမိုလှပလာတယ်ကြောင်း သိရပါတယ်။

 

အရင်လောက်မလှရင်တောင်မှ အိမ်ထောင်ပြုလိုက်လို့ ဖြစ်သလို နေထိုင်သလို ပုံပျက်ပန်းပျက်ဖြစ်တာမျိုး မရှိကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:18
Rate this item
(1 Vote)