မိန်းကလေးတွေ စိတ်ကောက်တတ်တဲ့ အမူအကျင့်များ

မိန်းကလေးတွေ စိတ်ကောက်တတ်တဲ့ အမူအကျင့်များ google.com

အဆက်အသွယ်ဖြတ်ခြင်း

 


မိန်းကလေးတွေ စိတ်ကောက် ပြီဆိုတာနဲ့ သူချစ်သူနဲ့ပတ်သက်သမျှကို အဆက်အသွယ် အကုန်ဖြတ်ပစ်ကြ ပါတယ်။

 

Facebook မှာ အကောင့်ဖြတ်ပစ်ခြင်း၊ Viber, Phone ရှိသမျှ အားလုံးဘလော့ခြင်းတို့ ပြုလုပ်လေ့ရှိကြပါတယ်။

 

တချို့ကတော့ တိတ်တဆိတ်လေး စောင့်ကြည့်ချင် စောင့်ကြည့်နေမှာပေါ့။ အဲ့ဒီလို စိတ်ကောက်တာနဲ့ ရှိသမျှ အဆက်အသွယ်အကုန်ဖြတ်ပြီး ကောက်တတ်တဲ့ မိန်းကလေးတွေလည်း ရှိကြပါတယ်။


.
စိတ်ကြီးခြင်း



မိန်းကလေးတွေ စိတ်ကောက်ပြီဆိုတာနဲ့ တစ်ကိုယ်လုံးက စိတ်ကြီးပြီး မာမာတင်းတင်း ကြီးဖြစ်သွားပြီး အဲ့အချိန် သူ့လက်ကို သွားဆွဲကြည့် မရဘူး။ မာမာတင်းတင်းကြီးလုပ်ထားတာ။

 

သူ့ပုခုံးကို ကိုယ့်ဘက်ယိမ်းအောင် အသာဆွဲပြီး တွန်းကြည့်လို့တောင်မရဘူး။ တင်းထားတာ။ အဲ့ဒီလို စိတ်ကောက်ပြီဆိုတာနဲ့ သူတို့တစ်ကိုယ်လုံးကို မာတင်းထားတတ်ကြပါတယ်။


.
အစာငတ်ခံခြင်း


တစ်ခါတစ်လေ မိန်းကလေးတွေက ကိုယ့်ချစ်သူကိုအစာငတ်ခံပြီး စိတ်ကောက်တာတွေလည်း ရှိတတ်ပါတယ်။

 

သူဘာကျွေးကျွေး လုံးဝမစားဘူး။ ရေလည်း မသောက်ဘူး။ ကွယ်ရာတော့ စားချင်စားလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရှေ့တော့ ဘာမှမစားဘူး။

 

အဲ့လို ဘာမှ မစား မသောက်ဘဲ အငတ်ခံ ကောက်တတ်တဲ့ ကောင်မလေးတွေလည်း ရှိကြပါတယ်။

 


Read times Last modified on Wednesday, 19 September 2018 15:17
Rate this item
(1 Vote)