မင်္ဂလာမောင်နှံများအတွက် ပျော်ရွှင်စရာအချက်များ

မင်္ဂလာမောင်နှံများအတွက် ပျော်ရွှင်စရာအချက်များ google.com

လင်မယားနှစ်စလုံးကို တွေ့လိုက်တိုင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပြီး

အမြဲပျော်ရွှင်ကြတဲ့ စုံတွဲတွေ ရှိပါတယ်။ အိမ်ထောင်သည်ဆိုတာ ဒီလိုမျိုးပဲဖြစ်သင့်ပါတယ်။

 

အမြဲပျော်ရွှင်ချစ်ခင်ကြတဲ့ စုံတွဲတွေမှာ ဒီလိုအကျင့် စရိုက်လေးတွေ ရှိနေကြပါတယ်။

 

လင်မယားနှစ်ယောက်တွေ့လိုက်တိုင်း ရန်ဖြစ်နေမယ်ဆိုရင်တော့ ဘ၀ဟာ သိပ်သာယာမှာတော့ မဟုတ်ပါဘူးနော်။

 


တော်တော်များများတူခြင်း

 

နှစ်ဦးစလုံးအတွက် အကျင့်စရိုက်ချင်း၊ ဝါသနာချင်း သိပ်မတူရင်တောင် နှစ်ယောက်အတူတူ ရှိနေချင်တာကတော့ အတူတူပဲ စိတ်ထဲဖြစ်မိမှာ သေချာပါတယ်။

 

နှစ်ယောက်စလုံး စိတ်ထဲမှာ ဒီလိုတွေဆိုရင် အိမ်ထောင်ရေးဟာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ တွေ့မြင်နိုင်ပါတယ်။

 


လက်တွဲထားခြင်း


တူနှစ်ကိုယ် တကယ်ပျော်ရွှင်ပြီး ချစ်ခင်ကြင်နာကြတဲ့ စုံတွဲတိုင်း လမ်းလျှောက်ရင် တပူး တတွဲတွဲ သွားကြပါတယ်။ အိမ်ထောင်သည်ဘ၀ရောက်သွားရင်လည်း  လမ်းလျှောက်ရင် လက်ကလေးတွဲခြင်း၊ လက်ချိတ်ခြင်း၊ ပုခုံးဖက်ခြင်း၊ ခါးဖက်ခြင်း စသဖြင့် တစ်ခုခုတော့ လုပ်ကြပါလိမ့်မယ်။

 

ဒါဟာ သူတို့တွေရဲ့ စိတ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာလို့ မရဘူးဆိုတာကို ပြနေတာပါပဲ ဖြစ်ပါတယ်။

 

နှစ်ဦးအိပ်ရာအတူဝင်ခြင်း

 

ယင်းအချက်ကတော့ လင်မယားတွေနဲ့ ပိုပြီး သင့်တော်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ယောက်ျားဖြစ်သူအိမ်ပြန်တာနောက်ကျလို့ဖြစ်စေ အိပ်ရာဝင်ချိန်ကတော့ နှစ်ဦးအတူတူပဲ ဖြစ်သင့်ပါတယ်။

 

မင်းအရင်အိပ် ငါနောက်မှအိပ်မယ်လို့ဆိုရင် တစ်ယောက်ယောက်ရဲ့ စိတ်ထဲမှာ အထီးကျန်မှုတွေရှိနေပါလိမ့်မယ်။ အဲဒီလို မဖြစ်ရအောင် နှစ်ဦးအိပ်ရာအတူတူဝင်သင့်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:15
Rate this item
(3 votes)