Blue Crystal Celebrate Life (Wedding Planner Interview)

Blue Crystal Celebrate Life (Wedding Planner Interview)

Blue Crystal Celebrate Life တည်ထောင်သူ မခင်ငြိမ်းကြည်နှင့်

တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။

 

Blue Crystal Celebrate Life ဖြစ်ပေါ်လာပုံလေးပြောပြပါ။ 

 

ငယ်ငယ်ကတည်းကစပြီး ကျောင်းမှာပွဲလုပ်တိုင်း ဦးစီးပြီးလုပ်ပေးနေကျ၊ လုပ်ငန်းခွင်ရောက်တော့လည်း ပွဲလုပ်မယ်ဆိုတိုင်း ဦးစီးလုပ်ပေးနေကျဆိုတော့ တစ်နေ့ ရုံးက အစ်ကိုတစ်ယောက်က သူ့မင်္ဂလာပွဲလေးကို ညီမကိုယ်တိုင်ဦးစီးဦးဆောင်ပြုလုပ်ပေးပါဆိုတာနဲ့ သူတို့စိတ်တိုင်းကျ လုပ်ပေးရာကနေ Blue Crystal Celebrate Life ဆိုတာ ဖြစ်လာခဲ့တာပါ။

 

Wedding Planner လုပ်ငန်းကို ဘယ်အချိန်က စတင်လုပ်ဆောင်ခဲ့ပါသလဲ။

 

လုပ်ငန်းကို ၂၀၁၅ ခုနှစ်၊ နှစ်စပိုင်းကနေစပြီး မင်္ဂလာပွဲနှင့် အခမ်းအနား စီမံရေးအဖွဲ့ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ အစပိုင်းမှာ ၀န်ထမ်းအင်အား ၅ ယောက်ရှိပြီး ယခုတွင် ၀န်ထမ်း ၁၀ ယောက်ဖြင့် လုပ်ငန်းကို လည်ပတ်နေပါတယ်။ အပြင်မှ Bander များဖြင့်လည်း ချိတ်ဆက်ထားပါတယ်။

 

Wedding Planner လုပ်ရတဲ့ ရည်ရွယ်ချက်လေးသိချင်ပါတယ်။

 

သူငယ်ချင်းများ၊ မိတ်ဆွေများ၊ မိဘများ၏ အကြံပေးချက်၊ ခွင့်ပြုချက်များဖြင့် ဒီလုပ်ငန်းကို စတင်လုပ်ဖြစ်ခဲ့ပါတယ်။

 

Wedding Planner အတွက် စုလျားရစ်ပတ်နဲ့ ရိုးရိုးနဲ့ ဘာကွာခြားချက်တွေရှိသလဲ။

 

စုလျားရစ်ပတ်ဆိုရင် လူဦးရေပိုသုံးရပြီး အချိန်ကြာမြင့်သည့်အတွက် အခမ်းအနားမှူးကိုလည်း ၀ါရင့်သည့်သူကို ငှားရမ်းပေးရပါတယ်။

 

Blue Crystal Celebrate Life မှ ဘာ ၀န်ဆောင်မှုတွေ လုပ်ဆောင်ပေးရသလဲ။

 

အဆင့်မြင့် အဖွဲ့အစည်းဆိုင်ရာအခမ်းအနားများ၊ အဖွဲ့အစည်း စပွန်ဆာအခမ်းအနားများ၊ နိုင်ငံတော်အခမ်းအနားများ၊ သံတမန်ရေးရာအခမ်းအနားများ၊ အစည်းအဝေးပွဲများ၊ သင်ကြားပို့ချ ပညာပေးပွဲများ၊ ရံပုံငွေကောက်ခံပွဲများ၊ စီးပွားရေးနှင့် ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ တိုင်းရင်းသားနှင့် ယဉ်ကျေးမှုရိုးရာပွဲများ၊ မင်္ဂလာပွဲအမျိုးမျိုး (ပြည်တွင်း/ပြည်ပ)၊ အလှူတော်မင်္ဂလာ၊ ရှင်ပြု၊ နားသပွဲများ၊ အောက်မေ့ဖွယ်အမှတ်တရပွဲများ၊ မွေးနေ့မင်္ဂလာများ၊ နှစ်ပတ်လည်အခမ်းအနားပွဲများ၊ ကြည်နူးဖွယ်လက်ထပ်ခွင့်ပန်ပွဲများ၊ စေ့စပ်တောင်းရမ်းမင်္ဂလာပွဲများ၊ လူပျို၊ အပျိုည ပါတီပွဲများ၊ ဖက်ရှင်ရှိုးပွဲများ၊ Celebrity ပါတီပွဲများ၊ အားကစားဆိုင်ရာပွဲများ အစရှိသည့် ၀န်ဆောင်မှုများကို လူကြီးမင်းတို့၏ စိတ်တိုင်းကျ စီစဉ်ဆောင်ပေးပါတယ်။

 

Wedding Planner အတွေ့အကြုံလေးသိချင်ပါတယ်။

 

၂၀၁၅ ခုနှစ်မှာ event ရော မင်္ဂလာပွဲပေါင်း ၁၀ ပွဲ စီစဉ်ဆောင်ရွက်ပေးခဲ့ရပါတယ်။ ယခုလို ၀ါလကင်းလွတ် သီတင်းကျွတ်ရောက်တော့မည့် မင်္ဂလာမောင်နှံများအတွက်လည်း ပွဲများကိုလည်း လက်ခံထားပြီးပါပြီ။

 

Wedding Planner အတွက် သတိထားရမည့်အချက်များ သိချင်ပါတယ်။

 

မင်္ဂလာပွဲလုပ်နေစဉ်အတွင်း မင်္ဂလာမောင်နှံ ဖိတ်ကြားထားသည့် ဧည့်သည်များ အများအပြား လာရောက်သောကြောင့် ၀ိုင်းထပ်တိုးပေးရတာတို့ကိုလည်း လုပ်ဆောင်ပေးရပါတယ်။

 

Wedding Planner အတွက် ပွဲဆက်များရင်ကော အဆင်ပြေအောင်စီစဉ်ပေးပါသလား။

 

ပွဲဆက်ရှိရင် အဆင်ပြေအောင် လူစုခွဲပြီးပြုလုပ်ပေးပါတယ်။

 

Wedding Planner အတွက် အခက်အခဲတွေကောရှိပါသလား။

 

မင်္ဂလာပွဲလုပ်နေစဉ်အတွင်း မင်္ဂလာမောင်နှံ ဖိတ်ကြားထားသည့် ဧည့်သည်များ အများအပြား လာရောက်သောကြောင့် ၀ိုင်းထပ်တိုးပေးရတာတို့ကိုလည်း လုပ်ဆောင်ပေးရပါတယ်။ အခြား အခက်အခဲတွေကတော့ သတို့သမီးရဲ့ဆွေမျိုးများမှ မြန်မာမုန့်တွေပြုလုပ်ပေးပြီး ပွဲမှာ ကျွေးမွေးချင်တယ်ဆိုရင်လည်း ဟိုတယ်နှင့် ညှိနှိုင်းပေးရပါတယ်။

 


Wedding Package တွေရဲ့ ဈေးနှုန်းတွေလည်း သိချင်ပါတယ်။

 

အပိုင်း ၂ ပိုင်းရှိပါတယ်။ ဟိုတယ်မှအစအဆုံးစီစဉ်ပေးတဲ့အပိုင်းရယ်၊ ဟိုတယ်မှာ ကိုယ့်ဘာသာစီစဉ်ရတာပါ။ Complete package တွေလည်းရှိတယ်။ မင်္ဂလာပွဲအစအဆုံးစီစဉ်ပေးပြီး Sule Shangri-La မှာ ဧည်သည့်အယောက် ၃၀၀ ဆိုရင် သိန်း ၁၁၀ လောက်ရှိပါတယ်။ Decoration ပိုင်းပဲလုပ်မယ်ဆိုရင်တော့ သိန်း ၃၀ လောက်ပဲ ကုန်ကျပါတယ်။

 

မှတ်ချက်။   ။ ဒီနှစ်ဝါကျွတ်အတွက်ကတော့ ဈေးနှုန်းအတက်အကျ ရှိကြောင်း သိရပါတယ်။

 

Blue Crystal Celebrate Life ၏ ဆန်းသစ်တဲ့ဝန်ဆောင်မှုတွေကော ရှိပါသလား။

 

ဝန်ဆောင်မှုအနေနဲ့ကတော့ ပွဲတစ်ပွဲလုပ်တိုင်းလုပ်တိုင်း ဒီဇိုင်းပိုင်းကို မထပ်အောင် လုပ်ဆောင် ပေးပါတယ်။ Customer များစိတ်ကြိုက်ဖြစ်အောင် ၀တ်စုံနှင့် အရောင်ဆင်တူအောင်လည်း ပြင်ဆင်ပေးပါတယ်။

 

မင်္ဂလာမောင်နှံအတွက် စကားလက်ဆောင်လေး ပြောပြပေးပါလား။

 

မင်္ဂလာမောင်နှံအတွက်ကတော့ wedding planner နဲ့ စကားပြောကြည့်ပါ။ ဘယ်လိုပုံစံနဲ့ ပွဲကျင်းပချင်လဲ ဆိုတာ လေ့လာကြည့်ပါ။ ပွဲအတွေ့အကြုံတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကိုလည်း သိထားသင့်ပါတယ်။

 

Blue Crystal Celebrate Life ၏ အနာဂတ်အစီအစဉ်လေးတွေသိချင်ပါတယ်။

 

နောက်ထပ်လည်း ဒီထက်ပိုပြီး တိုးတက်အောင်မြင်အောင် ကြိုးစားပါဦးမယ်လို့ ပြောချင်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:14
Rate this item
(1 Vote)