ကောင်မလေးတွေအတွက် အချစ်ရေးကံကောင်းတဲ့ အချက်များ

ကောင်မလေးတွေအတွက် အချစ်ရေးကံကောင်းတဲ့ အချက်များ google.com

မိန်းကလေးတိုင်းကတော့ အချစ်ရေးမှာ ကံကောင်းချင်ကြပါတယ်။ ကိုယ့်အပေါ်ကို

ဂရုစိုက်မှု၊ ပျော်ရွှင်မှုတွေ ပေးနိုင်ပြီး သစ္စာရှိတဲ့လူနဲ့ပဲ ဆုံဆည်းချင်မှာပါ။

 

ကိုယ်နဲ့ ကိုက်ညီတဲ့ချစ်သူကောင်လေးမျိုးကို ရထားပြီးပြီဆိုရင် သင်ဟာပတ်ဝန်းကျင်မှာရော အပေါင်းအသင်းတွေကြားမှာပါ သင့်ကို ၀ိုင်းပြီး အားကျရမယ့် ပျော်ရွှင်ဖွယ်အချစ်ရေးကို ပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

 

ပထမဦးစားပေး ခံရခြင်း

 

သင့်ကောင်လေးက အလုပ်နဲ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းကြားမှာဖြစ်စေ သင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးတွေရှိလာခဲ့ရင် သင့်က သူ့အတွက် ပထမဦးစားပေး ရွေးချယ်ခံရမယ့် သူမျိုးဖြစ်ပါတယ်။

 

သင့်ရဲ့ပျော်ရွှင်မှု၊ ကျန်းမာရေးကိုလည်း သူ က အမြဲဂရုစိုက်တတ်တဲ့သူမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

 

အမြဲအားပေးခြင်း

 

သူ့ဘက်က ကိုယ့်မျက်နှာအလိုမကျတာတွေတွေ့ရင် သူက ဘာဖြစ်နေသလဲဆိုတာကို သိနှင့်နေပြီး မကျေနပ်တာတွေကို မေးမည့်သူမျိုးကို ဆိုလိုပါတယ်။ သင်က ရင်ဖွင့်စရာတောင် မလိုပါဘူး။

 

သင့်ရဲ့ အခက်အခဲတွေ မကျေနပ်တဲ့ စကားတွေကို ဂရုတစိုက်နားထောင်ပေးပြီး အကြံဥာဏ်ပေးမည့် သူမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

 

အခက်အခဲကို ကူညီဖြေရှင်းခြင်း

 

သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်ယောက်ထဲ ရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့ အခါမျိုးမှာ သူက သင့်ရှေ့ မားမားမတ်မတ်ရပ်တည်ပြီး ရင်ဆိုင်ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။

 

နေ့စဉ်အသက်ရှင်နေရတဲ့ဘ၀မှာ တစ်ခါတစ်ရံတော့ တစ်ယောက်ထဲရင်ဆိုင်ဖို့ ခက်ခဲလွန်းပါတယ်။ သင့်ရဲ့ အခက်အခဲတွေ အားနည်းချက်လို့ အပြစ်မမြင်ဘဲ သူ့ဘက်က ကူညီခွင့်ရတဲ့အတွက်တောင် ဂုဏ်ယူဦးမှာ ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:14
Rate this item
(4 votes)