Honeymoon Tips

Honeymoon Tips

မင်္ဂလာမောင်နှံများ မင်္ဂလာပွဲဆင်နွှဲပြီးသည်နှင့်တစ်ပြိုင်နက် တူနှစ်ကိုယ်ပျော်ရွှင်ဖွယ်ခရီးအဖြစ်

ပျားရည်ဆမ်းခရီးထွက်ကြလေ့ရှိပါတယ်။ အောက်တွင် မင်္ဂလာမောင်နှံ ပျားရည်ဆမ်းခရီးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များကို ဖော်ပြထားပါတယ်။

၁။ ပျားရည်ဆမ်းခရီးမထွက်ခင်အရင်ဦးဆုံးကြိုတင်လေ့လာထားရန်

ပျားရည်ဆမ်းခရီးအတွက် ထင်ရှားကျော်ကြားနာမည်ကြီးတဲ့နေရာတွေကိုလည်း ခရီးသွားလမ်းညွှန်စာအုပ်၊ မဂ္ဂဇင်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ နှင့် ၀က်ဘ်ဆိုဒ်များတွင် အရင်ဦးဆုံး ကြိုတင်၍ ၀င်ရောက်လေ့လာထားသင့်ပါတယ်။

၂။ ပျားရည်ဆမ်းခရီးအတွက် နေရာရွေးချယ်ထားရန်

မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ ပျားရည်ဆမ်းခရီးအတွက် ဘယ်နေရာကို သွားမယ်ဆိုတာ ကြိုတင်တိုင်ပင်ထား သင့်ပါတယ်။ ဥပမာ - ကမ်းခြေ၊ စွန့်စားရမယ့်ခရီး၊ သမိုင်းဝင်အမွေအနှစ် တွေ့ရှိရာဒေသ နှင့် နိုင်ငံခြားအပန်းဖြေခရီးတို့ဖြစ်ပါတယ်။

၃။ အချိန်ဘယ်လောက်ကြာကြာသွားမှာလဲ စဉ်းစားထားရန်

ပျားရည်ဆမ်းခရီးကို ဘယ်နှစ်ရက်သွားမှာလဲ၊ ငွေပမာဏ ဘယ်လောက်သုံးမလဲဆိုတာကိုလည်း စဉ်းစားသင့်ပါတယ်။ ဥရောပခရီးစဉ်ဆိုပါက (၁၀) ရက်မှ (၁၅) ရက်အထိ ကြာမြင့်နိုင်တာကြောင့် အချိန်တိုင်းက အရေးကြီးပါတယ်။

၎။ သွားမည့်ကုန်ကျစရိတ်ကို ကြိုတင်တွက်ချက်ထားရန်

ခရီးစဉ်အတွက် အရေးအကြီးဆုံးက ငွေပမာဏဖြစ်ပါတယ်။ ပျားရည်ဆမ်းခရီးအတါက် ကုန်ကျစရိတ်တွေကတော့ ကားလက်မှတ်၊ လေယာဉ်လက်မှတ်၊ ဟိုတယ်တည်းခိုစရိတ်နှင့် စားသောက်စရိတ် တို့ကို ကြိုတင်တွက်ချက်ထားသင့်ပါတယ်။

၅။ ပျားရည်ဆမ်းခရီးအတွက် စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ထားရန်

ပျားရည်ဆမ်းခရီးအတွက် ကြိုတင်စရံငွေကိုလည်း ဆောင်ထားသင့်ပါတယ်။ နိုင်ငံခြားခရီးစဉ်ဆိုပါက လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားရန်လိုပါတယ်။

၆။ လိုအပ်သည့် ပစ္စည်းများ ကြိုတင်၍ စုဆောင်းထားရန်

ပျားရည်ဆမ်းခရီးအတွက် လိုအပ်သည့် ပစ္စည်းများကို အရင်ဆုံး ချရေးထားသင့်ပါတယ်။ အ၀တ်အစား၊ ရေမွှေးနှင့် နေလောင်ခံခရင်မ် အစရှိတဲ့ ပစ္စည်းစာရင်းကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:56
Rate this item
(2 votes)