မင်္ဂလာမဆောင်ခင်တစ်ရက် ကြိုတင်ပြင်ဆင်ထားရန်

မင်္ဂလာမဆောင်ခင်တစ်ရက် ကြိုတင်ပြင်ဆင်ထားရန် google.com

မင်္ဂလာဆောင်ရက်ကလည်း နီးသထက်နီးလာလေလေ နှစ်ဦးသားပိုလို့ စိတ်လှုပ်ရှားလာရလေပါပဲ။

စိတ်လှုပ်ရှားနေတဲ့ အတွက်ကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို မေ့လျော့နေတတ်ကြပါတယ်။

 

မင်္ဂလာခန်းမ၊ မင်္ဂလာအပြင်အဆင်အခမ်းအနားအတွက် အားလုံးပြင်ဆင်ပြီးလို့ အဆင်သင့်ဖြစ်နေပြီဆိုပေမယ့် ကိုယ့်ဘက်ကလည်း အဆင်သင့်ဖြစ်နေဖို့တော့ လိုအပ်ပါတယ်။

 

လိုအပ်တဲ့ပစ္စည်းများကို တစ်စုတစ်စည်းထဲထားရန်

 

မင်္ဂလာဆောင်မည့်နေ့မှာ အသုံးပြုရမယ့် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

 

မိတ်ကပ်ဆရာ၊ ဒီဇိုင်နာတွေရှိတယ်ဆိုပေမယ့် ကိုယ်ပိုင်အလှပြင်မိတ်ကပ်ဘူးလေးနဲ့ နှုတ်ခမ်းနီကို ဆောင်ထားဖို့ လိုအပ်ပါတယ်။

 

သတို့သားကလည်း သတို့သားအလျောက် လိုအပ်တဲ့ အလှကုန်ပစ္စည်းတွေကို တစ်စုတစ်စည်းတည်းထားဖို့ လိုအပ်ပါတယ်။ ပိုက်ဆံအိတ်အသေးလေးထဲကို လိုအပ်တဲ့ ပစ္စည်းများနဲ့ ပိုက်ဆံကိုလည်း ထည့်ထားဖို့ မမေ့ပါနဲ့။

 

ဖုန်းကို အိတ်ထဲထည့်ထားပြီး နောက်ဖုန်းတစ်လုံးကို ဓာတ်ပုံရိုက်လို့ရအောင် ဆွေမျိုးတစ်ယောက်ယောက်ကို ပေးထားလိုက်ပါ။

 

ဓာတ်ပုံဆရာတွေအများကြီးဆိုပေမယ့်လည်း တစ်ခါတစ်ရံ ဖုန်းထဲက ရိုက်ထားတဲ့ပုံလေးတွေကလည်း ပြန်ကြည့်တဲ့အခါမှာ တကယ်ကို ကြည်နူးစရာ အခိုက်အတန့်လေးတွေဖြစ်စေမှာဖြစ်ပါတယ်။

 

၎င်းအပြင် ဖိနပ်၊ ၀တ်စုံကို ကိုယ်တိုင်ယူသွားမယ်လို့ စီစဉ်ထားတယ်ဆိုရင်တော့ မင်္ဂလာမဆောင်ခင် တစ်ညအလိုမှာ အဆင်သင့်ဖြစ်အောင် ကားထဲထည့်ထားလိုက်ပါ။

Read times Last modified on Wednesday, 19 September 2018 15:11
Rate this item
(1 Vote)