ကောင်မလေးတစ်ယောက်အနေနဲ့ ရွေးချယ်သင့်တဲ့ ချစ်သူကောင်လေး - ၂

ကောင်မလေးတစ်ယောက်အနေနဲ့ ရွေးချယ်သင့်တဲ့ ချစ်သူကောင်လေး - ၂ google.com

ကောင်မလေးတွေရဲ့စိတ်တွေကို မခန့်မှန်းနိုင်သလို ကောင်လေးတွေရဲ့စိတ်ကိုလည်း မခန့်မှန်းနိုင်ပါဘူး။

လူအမျိုးမျိုး စိတ်အထွေထွေတော့ ရှိတတ်ကြပါတယ်။

 

ကိုယ်ချစ်သူကောင်လေးဆီမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အကျင့်စရိုက်ရှိဖို့ မလိုအပ်ပါဘူး။ 

 

သို့ပေမယ့်လည်း ကိုယ်မကြိုက်တဲ့ လက်မခံနိုင်တဲ့ အကျင့်စရိုက်မရှိတဲ့လူတော့ ဖြစ်ဖို့ လိုအပ်ပါတယ်။

 

ကိုယ်ချစ်သူကောင်လေး ဆင်းရဲနေတာကတော့ အပြစ်တစ်ခုမဟုတ်ပါဘူး။

 

သို့ပေမယ့်လည်း ဆင်းရဲတာကို ချမ်းသာဖို့အတွက် ကြိုးစားချင်စိတ်နဲ့ အရည်အချင်းရှိဖို့တော့ လိုအပ်ပါတယ်။

 

ကိုယ့်ချစ်သူကောင်လေးက ဂုဏ်ဒြပ်တွေ ရှိနေဖို့ မလိုအပ်ပါဘူး။

 

သို့ပေမယ့်လည်း မိတ်ဆွေအပေါင်းအသင်းတွေကို ရဲရဲဝံ့ဝံ့မိတ်ဆက်ပေးဖို့ သင့်တော်တဲ့ လူမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။

 

ကိုယ့်ချစ်သူကောင်လေးဟာ အောင်မြင်မှု တစ်ပွေ့တစ်ပိုက်နဲ့လူ ဖြစ်စရာမလိုအပ်ပါဘူး။

 

သို့ပေမယ့်လည်း ရှုံးနိမ့်တဲ့အခါမှာ ပြန်ကြိုးစားချင်တဲ့လူဖြစ်ဖို့တော့ လိုအပ်ပါတယ်။

 

ကိုယ့်ချစ်သူကောင်လေးဟာ ကိုယ်အနိုင်ကျင့်ဗိုလ်ကျတာတို့ နွဲ့ဆိုးဆိုးလို့ရမယ့်လူလည်း ဖြစ်ဖို့ မလိုအပ်ပါဘူး။

 

သို့ပေမယ့်လည်း ကိုယ့်အပေါ်မှာ တန်ဖိုးထားပြီး သံယောဇဉ်ရှိမယ့်သူတော့ ဖြစ်ဖို့ လိုအပ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:10
Rate this item
(0 votes)