ဇနီးကောင်းတို့၏ လက္ခဏာများ - ၂

ဇနီးကောင်းတို့၏ လက္ခဏာများ - ၂ google.com

အရွယ်ရောက်တဲ့ ယောက်ျားလေးနဲ့ မိန်းကလေးနှစ်ယောက် ဖူးစာဆုံမိဖို့ဆိုတာ ခဲယဉ်းလှပါတယ်။

ချစ်သူဘ၀ကနေ အကြောင်းအမျိုးမျိုးကြောင့် တွေ့ကြ၊ ဆုံကြ၊ ချစ်ခဲ့ကြရင်တောင် တစ်ဘဝလုံးစာ လက်တွဲ နိုင်ဖို့အတွက် လက်ထပ်ဖို့ဆိုတာ ပိုမိုခဲယဉ်းလှပါတယ်။

 

လက်ထပ်ခဲ့ပြီးကြပြန်ရင်လည်း တစ်ဘဝလုံးစာ လက်တွဲသွားနိုင်မယ်ဆိုတာ ဒီခေတ်ကြီးထဲမှာ ရှားပါးလှပါတယ်။

 

နှစ်ဦးအတူတူ တည်ထောင်ပြီးတဲ့ အိမ်ထောင်ရေးလေးဟာ သာသာယာယာရှိစေဖို့နဲ့ တည်မြဲအောင်ထိန်းသိမ်းဖို့ အတွက် ဇနီးကောင်းပီသဖို့လည်း လိုအပ်လာပါတယ်။

 

အသိအမှတ်ပြုခြင်း

 

ဇနီးသည်က ကိုယ့်ယောက်ျား ကို ကိုင်တွယ်ရာမှာ အထာနပ်ဖို့ လိုပါတယ်။ ရှေးခေတ်ကတည်းက ယောက်ျားတွေဟာ အားနွဲ့တဲ့ မိန်းမသားတွေကို ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ရမယ်ဆိုတဲ့ ခံစားချက် ရှိခဲ့ပါတယ်။

 

အဲဒီလို ခံစားချက်မျိုး ပေးနိုင်ရင်၊ ယောက်ျားတွေကို သူတို့လိုအပ်နေတဲ့ လေးစားမှု၊ မြတ်နိုးမှုနဲ့ ယုံကြည် အားကိုးလိုမှုတွေကို ပေးနိုင်ရင် သူတို့ကလည်း ကိုယ့်ကို ကာကွယ်စောင့်ရှောက်ပါလိမ့်မယ်။

 

အားပေးခြင်း

 

ကိုယ့်ခင်ပွန်းရဲ့ ရည်မှန်းချက် ပန်းတိုင်က တစ်ချိန်မှာ ကုမဏီကြီးတစ်ခုမှာ အုပ်ချုပ်သူ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ဦး ဖြစ်ချင်ဖြစ်မယ်။

 

ဒါပေမယ့် ကိုယ့်တာဝန်ကတော့ ဇနီးကောင်းတစ်ယောက်အနေနဲ့ ခင်ပွန်းဖြစ်သူရဲ့ အိမ်မက်တွေကို အကောင်အထည်ပေါ်လာအောင် ကူညီပေးဖို့ပါပဲဖြစ်ပါတယ်။

 

အနည်းဆုံးကတော့ သူပန်းတိုင်ဆီကို ရောက်ဖို့ မမှိတ်မသုန်ကြိုးပမ်းနေချိန်မှာ ဘေးကနေ စကားနဲ့ပဲဖြစ်ဖြစ် သူ့အတွက် ထောက်ခံ အားပေးဖို့ပဲဖြစ်ပါတယ်။

 

ဝေဖန်အပြစ်တင်ခြင်း

 

အမျိုးသားတွေက သူတို့ကို ဝေဖန် အကဲဖြတ်တာ မကြိုက်ကြပါဘူး။ အထူးသဖြင့် ကိုယ့်ဇနီး က ကိုယ့်ကိုလာပြီး ဝေဖန်အကဲခတ်တာမျိုးကို မကြိုက်ကြပါဘူး။

 

မှားနေတဲ့ ကိစ္စတစ်ခုကို မှားနေကြောင်းပြောပြီး လမ်းမှန်တည့်ပေးတာနဲ့ သူလုပ်နေတဲ့ ကိစ္စတစ်ခုကို သေသေချာချာ မသိရသေးဘဲ ဝေဖန်အကဲဖြတ်တာ မတူပါဘူး။

 

ထို့ကြောင့် လူရှေ့သူရှေ့မှာ ကိုယ့်ခင်ပွန်းကို ဝေဖန်အကဲဖြတ်ပြီး အပြစ်တင်စကား ဆိုတော့မယ်ဆိုရင် သေသေချာချာ ပြန်စဉ်းစားကြည့်သင့်ပါတယ်။ မလိုလားအပ်တဲ့ စကားတွေကို မလိုအပ်ရင် မပြောတာ အကောင်းဆုံးပဲဖြစ်ပါတယ်။

 


အိပ်ယာစောစောထခြင်း

 

ဇနီးကောင်း တစ်ယောက်ရဲ့ လက္ခဏာတွေထဲမှာ ကိုယ့်ခင်ပွန်းသည်ထက် အရင်အိပ်ယာထပြီး မနက်စာပြင်ဆင်ထားတာလည်း ပါဝင်ပါတယ်။

 

အနည်းဆုံးကတော့ ကော်ဖီလေးနှင့် မုန့်ပြင်ထားပေးမယ်ဆိုရင် ခင်ပွန်းသည်ရဲ့ ချစ်ခင်မှုနဲ့ လေးစားမှုကို ရရှိမှာဖြစ်ပါတယ်။

 

ကိုယ့်ကို ချစ်လှပါရဲ့ဆိုတဲ့ ခင်ပွန်းတွေတောင် သူတို့ အလုပ်သွားခါနီးအချိန်ထိ အိပ်ယာမထသေးတဲ့ ဇနီးသည် ကို ကြာလာရင် စိတ်ပျက်မိမှာအမှန်ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:08
Rate this item
(2 votes)