ချစ်သူဘဝလေး မပျက်စီးစေဖို့အတွက် အချက်များ

ချစ်သူဘဝလေး မပျက်စီးစေဖို့အတွက် အချက်များ google.com

အချို့သော စုံတွဲတွေဟာ နှစ်ယောက် အတူရှိနေရင် ယခင်ကထက် ပိုမိုအောင်မြင်ကြပြီး

ပျော်ရွှင်ကြလေ့ရှိပါတယ်။ ဘယ်ပြဿနာကိုမဆို အတူလက်တွဲဖြေရှင်းနိုင်ပါတယ်။

 

သို့ပေမယ့် ပြဿနာတွေကြုံတဲ့အခါမှာ သင်ရော၊ သင့်ချစ်သူ ကောင်လေးကပါ အတူတူ မဖြေရှင်းနိုင်ကြဘူးဆိုတာ သင်တို့ နှစ်ယောက် တစ်သားတည်း မကျသေးလို့ပါ။

 

သင်တို့ နှစ်ယောက် ဘာကြောင့် တစ်သားတည်း မကျသေးတာလဲ ဆိုတာကို အောက်တွင်ဖော်ပြပေးထားပါတယ်။

 

မယုံကြည်ခြင်း

 

ယုံကြည်မှုဆိုတာဟာ ကျန်းမာပျော်ရွှင်တဲ့ အချစ်ရေးရဲ့  အခြေခံ ဖြစ်ပါတယ်။

 

သင်နဲ့ အတူရှိနေတဲ့ လက်တွဲဖော်က သင့်ကို မယုံကြည်ဘူးဆိုရင်တော့ သင်တို့ နှစ်ယောက်ဟာ ရှေ့ဆက်လည်း အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

 

တိုင်ပင်ခြင်း

 

ယုံကြည်မှုဟာ အရေးပါသလို အားကိုးအားထားပြုခြင်းဟာလည်း အခြားအရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။

 

သူ့ဘက်က သင့်ကို အားကိုအားထား မပြုတာကြောင့် သူ့ အခက်အခဲတွေကို မတိုင်ပင်ပဲ တစ်ယောက်တည်း ကြိတ်မှိတ်ပြီး ဖြေရှင်းနေတယ်ဆိုရင်တော့ သင်ဟာ သူ့အတွက် အဆင်သင့်မဖြစ်သေးသလို သူဟာလည်း သင့်အတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ်။

 

ချစ်ခံရတယ်လို့ မခံစားရခြင်း

 

အချစ်ရေးတစ်ခုဟာ ဘယ်တော့မှ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ အရမ်းသ၀န်တိုမယ် ၊ ချုပ်ချယ်မယ် စသဖြင့် သဘောထားမတိုက်ဆိုင်မှုတွေရှိနေရင် တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်းဆွေးနွေးကြဖို့ လိုမှာပါ။

 

တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်ညှိနှိုင်းပြီး ပြီးပြည့်စုံတဲ့ အချစ်ရေးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ သင့်ချစ်သူက သင့်ကို ချစ်တဲ့ပုံစံက သင်လိုချင်တဲ့ ပုံစံမျိုး မဟုတ်ရင်တော့ သင်က အချစ်ခံရတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။

 

အဲလိုမှ မဟုတ်ရင်တော့ သင်တို့ နှစ်ယောက် ရှေ့ ဆက်ဖို့ အဆင်မပြေနိုင်မှာ မဟုတ်ပါဘူး။

 

လုံခြုံမှုမပေးနိုင်ခြင်း

 

တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိ၊ အပြန်အလှန် အားကိုးမှုတွေမရှိဘူး ညှိုနှိုင်းဆွေးနွေးမှု တွေမရှိတဲ့နောက်မှာ သင်ဟာလည်း စိတ်ထဲမှာ လုံခြုံမှု ကို ခံစားရမှာ မဟုတ်ပါဘူး။

 

သို့ပေမယ့် တစ်ယောက်ရင်ခွင်ထဲမှာ တစ်ယောက် မလုံခြုံဘူးလို့ခံစားနေမယ်ဆိုရင်တော့ ဘယ်သူ့အပြစ်မှ မဟုတ်ပါ။ သင့်အတွက် သင့်တော်တဲ့ အချစ်ရေး မဖြစ်လာသေးလို့ဖြစ်ပါတယ်။

 

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိ ချစ်နေမယ်ဆိုရင်တော့ ပြည့်စုံကောင်းမွန်တဲ့ အချစ်ရေး တစ်ခုကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

 

ချစ်သူနှစ်ဦး ရေရှည်ရှေ့ဆက်နိုင်ဖို့ဆိုရင်၊ အခုဖော်ပြခဲ့တဲ့ အချက်တွေကို သေချာ ဂရုတစိုက် ပြောင်းလဲ သင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:03
Rate this item
(2 votes)