တစ္ေယာက္ေသာသူကို အ႐ူးအမူးစြဲလန္းေစတဲ့အခ်က္မ်ား - ၂

တစ္ေယာက္ေသာသူကို အ႐ူးအမူးစြဲလန္းေစတဲ့အခ်က္မ်ား - ၂ google.com

၀မ္းနည္းျခင္း

တစ္ခါတစ္ေလ သူ႔အေၾကာင္းေတြးမိလိုက္တာနဲ႔ကို အလိုလို ဝမ္းနည္းလာမွာျဖစ္ပါတယ္။

 

သင္ဂရုစိုက္သလို သူျပန္ဂရုမစိုက္တဲ့အခါ၊ သင္ခ်စ္သလို သူျပန္မခ်စ္တဲ့အခါေတြမွာ သင္အရမ္းဝမ္းနည္းေနရမွာျဖစ္ပါတယ္။

 

သူ႔ကို စြဲလန္းမႈေတြ ပိုမိုမ်ားလာတာနဲ႔အမွ် ေမွ်ာ္လင့္ခ်က္ေတြလည္း အရမ္းကို မ်ားလာမွာျဖစ္တဲ့အတြက္ သင္ေမွ်ာ္လင့္ထားသလို မျဖစ္တိုင္း အႀကိမ္ႀကိမ္နာက်င္ရမွာျဖစ္ပါတယ္။

 

သ၀န္တိုျခင္း

 

သင္နဲ႔သူနဲ႔ေဝးေနတဲ့ အခ်ိန္ေတြက်ရင္ သူ႔အနားမွာေနခြင့္ရတဲ့ သူအားလံုးကို သင္မနာလိုျဖစ္ေနပါလိမ့္မယ္။

 

သူတို႔နဲ႔မ်ားႀကိဳက္သြားမလား၊ သူတို႔နဲ႔မ်ား ဇာတ္လမ္းရွိမလား တစ္ခ်ိန္လံုး စိုးရိမ္ေနတာနဲ႔ပဲ ေန႔တိုင္း ပူေလာင္ေနရမွာ ျဖစ္ပါတယ္။

 

အၿမဲတမ္းဒီလိုျဖစ္ေနတတ္တဲ့ သင့္ကိုသင္ တစ္ခါတေလေတာ့ မုန္းေနမိေပမယ့္ ကိုယ့္ကိုယ္ကိုလည္း မထိန္းႏိုင္ပဲျဖစ္ေနတတ္ပါတယ္။

 

အ႐ႈံးေပးျခင္း

 

သင္ဟာအၿမဲတမ္း ကိုယ့္ကိုယ္ကို ရံႈးတဲ့ဘက္က သတ္မွတ္ထားၿပီးသားဆုိရင္ သူဘာပဲလုပ္လုပ္၊ ဘာပဲျဖစ္ေနျဖစ္ေန သူ႔ရဲ႕ အရွိအတိုင္း သင္လက္ခံရမွာျဖစ္ပါတယ္။

 

သူမ်ားေတြက သူ႔မေကာင္းေၾကာင္းေတြ၊ သူ႔အျပစ္ေတြကို ဘယ္ေလာက္ပဲ ေျပာေျပာ သင့္နားထဲ၀င္ေတာ့မွာမဟုတ္ပါဘူး။

 

ခ်စ္တဲ့စိတ္အျပင္ကို စြဲလန္းတဲ့ စိတ္က ပိုႀကီးေနတာေၾကာင့္ သူမရွိရင္ သင့္ဘဝႀကီး အဓိပၸါယ္မရွိေတာ့ ေလာက္ေအာင္ ေျခာက္ကပ္ေနမွာကို သင္သိလို႔ပဲျဖစ္ပါတယ္။

 

Unicode

တစ်ယောက်သောသူကို အရူးအမူးစွဲလန်းစေတဲ့အချက်များ - ၂
၀မ်းနည်းခြင်း
တစ်ခါတစ်လေ သူ့အကြောင်းတွေးမိလိုက်တာနဲ့ကို အလိုလို ဝမ်းနည်းလာမှာဖြစ်ပါတယ်။
သင်ဂရုစိုက်သလို သူပြန်ဂရုမစိုက်တဲ့အခါ၊ သင်ချစ်သလို သူပြန်မချစ်တဲ့အခါတွေမှာ သင်အရမ်းဝမ်းနည်းနေရမှာဖြစ်ပါတယ်။
သူ့ကို စွဲလန်းမှုတွေ ပိုမိုများလာတာနဲ့အမျှ မျှော်လင့်ချက်တွေလည်း အရမ်းကို များလာမှာဖြစ်တဲ့အတွက် သင်မျှော်လင့်ထားသလို မဖြစ်တိုင်း အကြိမ်ကြိမ်နာကျင်ရမှာဖြစ်ပါတယ်။
သဝန်တိုခြင်း
သင်နဲ့သူနဲ့ဝေးနေတဲ့ အချိန်တွေကျရင် သူ့အနားမှာနေခွင့်ရတဲ့ သူအားလုံးကို သင်မနာလိုဖြစ်နေပါလိမ့်မယ်။
သူတို့နဲ့များကြိုက်သွားမလား၊ သူတို့နဲ့များ ဇာတ်လမ်းရှိမလား တစ်ချိန်လုံး စိုးရိမ်နေတာနဲ့ပဲ နေ့တိုင်း ပူလောင်နေရမှာ ဖြစ်ပါတယ်။
အမြဲတမ်းဒီလိုဖြစ်နေတတ်တဲ့ သင့်ကိုသင် တစ်ခါတလေတော့ မုန်းနေမိပေမယ့် ကိုယ့်ကိုယ်ကိုလည်း မထိန်းနိုင်ပဲဖြစ်နေတတ်ပါတယ်။
အရှုံးပေးခြင်း
သင်ဟာအမြဲတမ်း ကိုယ့်ကိုယ်ကို ရှုံးတဲ့ဘက်က သတ်မှတ်ထားပြီးသားဆိုရင် သူဘာပဲလုပ်လုပ်၊ ဘာပဲဖြစ်နေဖြစ်နေ သူ့ရဲ့ အရှိအတိုင်း သင်လက်ခံရမှာဖြစ်ပါတယ်။
သူများတွေက သူ့မကောင်းကြောင်းတွေ၊ သူ့အပြစ်တွေကို ဘယ်လောက်ပဲ ပြောပြော သင့်နားထဲဝင်တော့မှာမဟုတ်ပါဘူး။
ချစ်တဲ့စိတ်အပြင်ကို စွဲလန်းတဲ့ စိတ်က ပိုကြီးနေတာကြောင့် သူမရှိရင် သင့်ဘဝကြီး အဓိပ္ပါယ်မရှိတော့ လောက်အောင် ခြောက်ကပ်နေမှာကို သင်သိလို့ပဲဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:01
Rate this item
(2 votes)