
ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့အချက်များ google.com

ကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက်ဟာ ကိုယ့်အပေါ်မှာ ကောင်းမွန်ပြီး အားထားရတဲ့ အိမ်ထောင်ဦးစီးကောင်း


 

ကိုယ့်ဘ၀လက်တွဲဖော်အဖြစ် ဘယ်လိုရွေးချယ်ရမလဲဆိုတာကို အောက်တွင် ဖော်ပြပေးထားပါတယ်။

 

ဆက်ဆံရေးပြေလည်မှုရှိခြင်း

 

အိမ်ထောင်ဖက်ဖြစ်မယ့်သူဟာ သူ့ထက်အသက်ပိုကြီးတဲ့သူတွေကို လေးစားစွာဆက်ဆံတယ်ဆိုရင်တော့ သူဟာ အကျင့်စာရိတ္တကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

 


 


 


 

ကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက်ဟာ သူ့ရဲ့ အလုပ်တွေနဲ့ လူမှုရေးကို ဘယ်လိုစီမံခန့်ခွဲလဲဆိုတာ အရမ်းကို အရေးပါတဲ့ အချက်ဖြစ်ပါတယ်။

 


 


 


 

ကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက်ဟာ စိတ်ဖိစီးမှုတွေ အရမ်းများတဲ့အချိန်မှာ ဘယ်လိုပြုမူတတ်သလဲ။

 

ကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက်ဟာ စိတ်ဖိစီးနေတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ အဖြေရှာမယ်၊ ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်တဲ့သူဆိုရင်တော့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာမယ့်သူလို့ ပြောလို့ရပါတယ်။

 


 

Unicode

ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့အချက်များ
ကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက််ဟာ ကိုယ့််အပေါ်မှာ ကောင်းမွန်ပြီး အားထားရတဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက် ဖြစ်၊ မဖြစ် ဆိုတာက ချစ်သူဘဝမှာကတည်းက သူ့ကို အကဲခတ်နိုင်ပါတယ်။
ကိုယ့််ဘဝလက်တွဲဖော်အဖြစ် ဘယ်လိုရွေးချယ်ရမလဲဆိုတာကို အောက်တွင် ဖော်ပြပေးထားပါတယ်။
ဆက်ဆံရေးပြေလည်ခြင်း
အိမ်ထောင်ဖက်ဖြစ်မယ့်သူဟာ သူ့ထက်အသက်ပိုကြီးတဲ့့သူတွေကို လေးစားစွာဆက်ဆံတယ်ဆိုရင်တော့ သူဟာ အကျင့်စာရိတ္တကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
ယင်းအပြင် လှပပြီး ငယ်ရွယ်တဲ့ မိန်းကလေးတွေကိုပဲ ကောင်းမွန်စွာ ဆက်ဆံပြီး ကျန်တဲ့သူတွေကို လေးစားမှုမရှိဘူးဆိုရင်တော့ သူဟာ စာရိတ္တ မကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
၎င်းအပြင် သတ္တဝါတွေကိုလည်း ဘယ်လို ပြုမူဆက်ဆံလဲဆိုတာကို ကြည့်ပြီးတော့လည်း ခင်ပွန်းကောင်းတစ်ယောက် ဖြစ်မဖြစ်ဆိုတာ သိနိုင်ပါတယ်။
စီမံခန့်ခွဲမှုကောင်းခြင်း
ကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက််ဟာ သူ့ရဲ့ အလုပ်တွေနဲ့ လူမှုရေးကို ဘယ်လိုစီမံခန့်ခွဲလဲဆိုတာ အရမ်းကို အရေးပါတဲ့ အချက်ဖြစ်ပါတယ်။
အလုပ်နဲ့ လူမှုရေးကို ခွဲခြားထားပြီး သင့်ကိုလည်း အချိန်ပေးနိုင်မယ်၊ အလုပ်တွေလည်း အဆင်ပြေအောင် လုပ်နိုင်မယ်ဆိုရင်တော့ သူဟာ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်မှာ ဖြစ်ပါတယ်။
အလုပ်တွေချည်းပဲ တစ်ချိန်လုံးပိနေပြီး သင်နဲ့ချိန်းထားတာတွေကိုတောင် ပျက်ကွက်တဲ့သူမျိုးဖြစ်မယ်ဆိုရင် လက်ထပ်ပြီးရင်လည်း အရာအားလုံးထက် သူ့ရဲ့ အလုပ်တွေက သင့်ထက် အရေးကြီးတယ်လို့ သတ်မှတ်ပါလိမ့်မယ်။
စိတ်ဖိစီးမှုရှိခြင်း
ကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက််ဟာ စိတ်ဖိစီးမှုတွေ အရမ်းများတဲ့အချိန်မှာ ဘယ်လိုပြုမူတတ်သလဲ။
ကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက််ဟာ  စိတ်ဖိစီးနေတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ အဖြေရှာမယ်၊ ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်တဲ့သူဆိုရင်တော့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာမယ့်သူလို့ ပြောလို့ရပါတယ်။
အချို့ကတော့ အရမ်းစိတ်ဖိစီးတဲ့အခါ ပစ္စည်းတွေကို ကိုင်ပေါက်တာ၊ လူတိုင်းကို အပြစ်တင်တာ၊ မဆိုင်တဲ့သူတွေအပေါ် ဒေါသတွေထွက်ပြီး ဂနာမငြိမ်ဖြစ်နေမယ်ဆိုရင်တော့ သူဟာ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

Read times Last modified on Wednesday, 19 September 2018 15:01
Rate this item
(1 Vote)