တည်ငြိမ်တဲ့ စုံတွေများရဲ့ ပြုမူခြင်းဆိုင်ရာ အချက်များ

တည်ငြိမ်တဲ့ စုံတွေများရဲ့ ပြုမူခြင်းဆိုင်ရာ အချက်များ google.com

တည်ငြိမ်တဲ့ စုံတွဲများကတော့ ပြဿနာတစ်ခု ဖြစ်ရင်တော့ တရားခံ မရှာဘဲ အဖြေပဲရှာကြတာများပါတယ်။


တည်ငြိမ်တဲ့ စုံတွဲများကတော့ ဖေ့ဘုတ်ရဲ့ လျှို့ဝှက်ချက် အချက်အလက်ကို မတောင်းဘဲ ယုံကြည်မှုကိုပဲ တောင်းကြတာ များပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ မာန်မာနတရားတွေကို ရှေ့တန်းမတင်ဘဲ နားလည်မှုတွေကိုပဲ ရှေ့တန်းတင်ကြတာ များပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ဦးစားမပေးဘဲ သူ့ရဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးကြတာ များပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ ခံစားမှုနောက်ကို မလိုက်ဘဲ ရည်မှန်းချက်နောက်ကိုပဲ လိုက်ကြတာများပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ စိတ်ကူးယဉ် မဆန်ဘဲ လက်တွေ့ကိုပဲ ဆန်ကြတာများပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ ငါဆိုတဲ့ စကားကို မသုံးဘဲ ငါတို့ ဆိုတဲ့ စကားကိုပဲ သုံးကြတာများပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ တစ်ယောက်ကို တစ်ယောက် တန်ဖိုးမဖြတ်ဘဲ တစ်ယောက်ကို တစ်ယောက် တန်ဖိုးပဲထားကြတာများပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ ပတ်ဝန်းကျင်မှာ နာမည်ရဖို့ မကြိုးစားဘဲ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ပဲ ကြိုးစားကြတာများပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ တဒင်္ဂအတွက်ကို မကြည့်ဘဲ တစ်ဘ၀လုံးစာအတွက်ကိုပဲ ကြည့်ကြတာ များပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ ဘေးပယောဂကြောင့် လက်တွဲမဖြုတ်ဘဲ သေခြင်းတရားကြောင့်ပဲ လက်တွဲဖြုတ်ကြတာများပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ ပြီးခဲ့တဲ့ အတိတ်အကြောင်းကို မပြောဘဲ အနာဂတ်အကြောင်းပဲ ပြောကြတာ များပါတယ်။

 

တည်ငြိမ်တဲ့ စုံတွဲများကတော့ အခွင့်အရေးယူဖို့ မကြိုးစားဘဲ တာဝန်ယူဖို့ပဲ ကြိုးစားကြတာများပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:59
Rate this item
(1 Vote)