ပေးဆပ်သူ ကောင်မလေးတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်

ပေးဆပ်သူ ကောင်မလေးတစ်ယောက်ရဲ့ ရင်တွင်းခံစားချက် google.com

ကောင်လေးက သူ့ကို ဘယ်လောက်ပဲ ဥပက္ခာပြု ထားထား အတင်းတွယ်ဖက်နေသူတစ်ယောက်မှာ မာန်မာန မရှိဘူးလို့ မထင်လိုက်ပါနဲ့။

ဘာကြောင့်လည်းဆိုတော့ကာ သူက မင်းကို ဆုံးရှုံးရမှာ သိပ်ကြောက်လို့ပဲ ဖြစ်ပါတယ်။


ကောင်လေးက သူ့ကို ဘယ်လောက်ပဲ အသိအမှတ်လုပ်လုပ် မလုပ်လုပ်  အသေးအဖွဲကအစ သိပ် ဂရုစိုက်ပြတတ်ပြီး ပူပန်ပေးတတ်သူ တစ်ယောက်မှာ အချိန်တွေ ပိုနေလို့ အပိုတွေ လုပ်နေတာ မထင်လိုက်ပါနဲ့။

 

ဘာကြောင့်လည်းဆိုတော့ကာ သူက မင်းအကြောင်းကို သူ့အတွက်ထက် ပိုဦးစားပေး စဉ်းစားလို့ဖြစ်ပါတယ်။

 

ကောင်လေးက သူ့ကို ဘယ်လောက်ပဲ ပြစ်ပြစ်ခါခါ ပြောပြော စိတ်မနာတတ်ဘူးဆိုသူတစ်ယောက်မှာ သိက္ခာတရားမဲ့ပြီး အမှတ်မရှိ ဘာမှမခံစားရဘူး မထင်လိုက်ပါနဲ့။



ဘာဖြစ်လို့လဲဆိုတော့ကာ သူ မင်းပြောဆိုသမျှ ခေါင်းငြိမ့်နေတယ် ဆိုတာ လမ်းမခွဲပဲ လက်တွဲဖြစ်ဖို့ မင်းကိုသူ သိပ်ချစ်နေလို့ဖြစ်ပါတယ်။

 

ကောင်လေးက သူ့ကို ဘယ်လောက်ပဲ ချစ်ပြ ချစ်ပြ ခဏခဏ အပြစ်ပုံချခံရတဲ့ နှလုံးသားက အချိန်တွေကြာလာလို့ ထိခိုက် ပွန်းရှပါ များလာရင် စွန့်ပစ်ကျောခိုင်းဖို့ အားအင်တွေရလာကြတာ ကောင်မလေးတစ်ယောက်ရဲ့ ရင်ဘတ်နဲ့ ရင်းလိုက်ရတဲ့ နာကျင်မှု သင်္ခန်းစာတစ်ခုပဲဖြစ်ပါတယ်။



ကောင်လေးက သူ့ကို ဘယ်လောက်ပဲ ဆွံ့အသွားတဲ့ အချစ်ဆိုတဲ့ အသံကြားတိုင်း မုန်းမေ့မရ သူ တစ်ယောက်ရှိနေရင် နောက်ထပ်ဖြစ်ပေါ်လာမယ့် အချစ်ထက် နောက်တစ်ယောက် ဖြစ်လာမယ့်သူကို ယုံကြည်ဖို့ မဝံ့ရဲကြတော့တာကတော့ သဘာဝတရားပဲဖြစ်ပါတယ်။

 

ကောင်လေးက သူ့ကို ဘယ်လောက်ပဲ အခွင့်ရေးကြုံကြုံ ကိုယ်က ယောင်္ကျားလေးပဲဆိုတဲ့ စိတ်မျိုးနဲ့ ကောင်မလေးတစ်ယောက်ကို သွားပြီး မပတ်သက်လိုက်ပါနဲ့။

 

သူက ဘာပဲဖြစ်ဖြစ် တကယ် နစ်နာရသူသာဖြစ်ပါတယ်။ နှမသားချင်းကိုယ်ချင်းစာနာဖို့လည်း သတိပေးလိုက် ပါရစေ။

 

ကောင်လေးက သူ့ကို ဘယ်လောက်ပဲ အလေးမထားထား လိုအပ်မယ် ထင်သမျှ လိုက်ဖြည့်ဆည်း ပေးနေတဲ့ သူတစ်ယောက်မှာ ပြီးပြည့်စုံလွန်းလို့တော့မထင်လိုက်ပါနဲ့။

 

ဘာဖြစ်လို့လဲဆိုတော့ သူကမင်းကို သူ့ဘဝအတွက် အရေးပါသူ တစ်ယောက်အဖြစ် သတ်မှတ်ထားလို့ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:59
Rate this item
(1 Vote)