မင်္ဂလာပွဲစီစဉ်သူ မိတ်ကပ်ပညာရှင် Violet Song (ခ) ခိုင်မြတ်သူ

မင်္ဂလာပွဲစီစဉ်သူ မိတ်ကပ်ပညာရှင် Violet Song (ခ) ခိုင်မြတ်သူ

Violet Song ဆိုတဲ့နာမည်နဲ့ မြောက်ဒဂုံမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ခိုင်မြတ်သူကို သူမမွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့တဲ့

Thai-47 မှာပဲ အင်တာဗျူးလေး လုပ်ဖြစ်ခဲ့ပါတယ်။

Violet Planner Service က မင်္ဂလာဧည့်ခံပွဲများ၊ စေ့စပ်ပွဲများ၊ ရှင်ပြုရဟန်းခံပွဲများ၊ မွေးနေ့ပွဲများ၊ Surprise ပွဲများEntertainment ပွဲ များနဲ့ ကုမ္ပဏီဖွင့်ပွဲများကိုလည်း စိတ်တိုင်းကျ ၀န်ဆောင်မှုပေးနေကြောင်း ပြောကြားခဲ့ပါတယ်။

 

သူမက Violet Song အနေနဲ့ပဲ လုပ်ငန်းကို လုပ်ကိုင်လာတာ သုံးနှစ်၊ လေးနှစ်လောက်ရှိပါပြီ။ သူမက မိတ်ကပ်လိမ်းတာ ငယ်ငယ်တည်းက ဝါသနာပါပြီး မင်္ဂလာပွဲအတွက် မင်္ဂလာဆောင်တစ်ပွဲလုံးကို စီစဉ်ပေးရတာမျိုးလည်း သဘောကျတဲ့ အတွက်ကြောင့် wedding planner အလုပ်ကိုလည်း တစ်ဆက်တည်း လုပ်ဖြစ်သွားခြင်း ဖြစ်ပါတယ်။

 

သူမက ကိုယ်တိုင်မိတ်ကပ်ပညာကို ထိုင်းနိုင်ငံက SMA မှာ သင်တန်းတက်ခဲ့သလို မြန်မာပြည်မှာလည်း ဆရာများစွာနဲ့လေ့လာဖြစ်ခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။

 

၂၀၁၅ တည်းက မိတ်ကပ်လောကထဲရောက်နေပေမယ့်လည်း မြန်မာပြည်မှာက မိတ်ကပ်ဖန်တီးရှင်ဆိုရင် မာမီတွေပဲပြင်ရင် ပိုလှတယ်လို့ မြင်ပြီးတော့ သူမတို့လို အလှဖန်တီးတဲ့သူတွေက သိပ်နေရာမရကြဘဲ ဒုတိယနေရာမှာပဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

 

သူမက အခုနောက်ပိုင်းမှာ ရှုတင်တွေမှာ လိမ်းပေးရတယ်။ ယခုအချိန်မှာတော့ မော်ဒယ်တွေ အများဆုံးလိမ်းဖြစ်ပြီး သရုပ်ဆောင် ချိုတေးလွင်လွင်ကိုတော့ ပင်တိုင်လိမ်းဖြစ်ပါတယ်။

 

သူမကတော့ အလှပြင်တဲ့အခါမှာ အတတ်နိုင်ဆုံး နောက်ဆုံးပေါ် အလှပြင်ပစ္စည်းတွေနဲ့ တကယ်အရည်အသွေးကောင်းပစ္စည်းတွေကိုပဲ အသုံးပြုပြီး အလှပြင်ပေးပါတယ်။

 

သတို့သမီးအလှပြင်မယ်ဆိုရင် တစ်သိန်းခွဲ၊ စေ့စပ်ကြောင်းလမ်းခြင်းအတွက်ဆိုရင် ငါးသောင်းကျပ် ကျသင့်မှာဖြစ်ပါတယ်။ ၀ါရင့်မိတ်ကပ်သမားတွေကိုလည်း ကိုယ်မအားရင် လွှတ်ပေးပါတယ်။ ဘယ်နေရာမှာပဲပြင်ပြင် ဈေးနှုန်းကတော့ အတူတူပဲယူပါတယ်။

 

အပြင်မှ ရိုးရိုးလာပြင်မယ့်သူများကိုလည်း အစမ်းလိမ်းပေးပါတယ်။ ကြိုက်ရင်ဆက်လိမ်းနိုင်ပါတယ်။

 

မင်္ဂလာမောင်နှံများအတွက် One Stop Service ကိုလည်း ပြုလုပ်ပေးပါတယ်။

 

Violet song နဲ့ ဆက်သွယ်ချင်ရင်တော့ 09-450698308, 09-771780966 သို့ ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:52
Rate this item
(1 Vote)