Wedding Planning Tips - 5

Wedding Planning Tips - 5

၂၁။ မင်္ဂလာဆောင်အတွက် ကြိုတင်စီစဉ်တာတွေကို ပျော်စရာတွေနဲ့ဖန်တီးပါ။

အစားအသောက်တွေကို မြည်းကြည့်တာ၊ မင်္ဂလာပွဲကျင်းပမယ့်နေရာကို သွားလေ့လာတာ၊ မင်္ဂလာပွဲမှာ သုံးမယ့်ကိတ်တွေကို သွားမြည်းစမ်းပြီး ရွေးတာ စတဲ့အရာတွေအားလုံးကို အလုပ်သဘောမျိုးနဲ့မဟုတ်ပဲ လုပ်ဆောင်ပါ။

၂၂။ သင့်ရဲ့ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပါ။

သင့်ရဲ့အမြင်ကို သင့်ထက်ဘယ်သူမှ ပိုကောင်းကောင်း မသိကြလို့ သင့်ကိုယ်ပိုင်စတိုင်နဲ့ အာရုံခံစားမှုအပေါ် ယုံကြည်မှုထားပါ။ ဒီနေ့က သင်နဲ့ သင့်အမျိုးသားအတွက် နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် အချိန်တိုင်းမှာ ပျော်ပျော်နေလိုက်ပါ။ သင့်ဘဝရဲ့အကောင်းဆုံး နေ့တစ်နေ့ဖြစ်မယ်ဆိုတာ သေချာပါတယ်။

၂၃။  ရိုးရှင်းတဲ့ပွဲတစ်ပွဲကို ကျွန်မပဲစီစဉ်နေခဲ့တယ်လို့ ထင်ရပေမယ့် ပြန်စဉ်းစားရင် ကျွန်မ မပါပဲ ပြီးသွားနိုင်တဲ့အလုပ်တွေ အများကြီးရှိပါတယ်။

ကျွန်မကိုယ်တိုင်ပါဝင်ပြီး ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ခဲ့ပေမယ့် ပွဲနီးကပ်လာတဲ့အချိန်တွေမှာ ကျွန်မပျော်သင့်တစ်လောက်မပျော်ခဲ့ရတာကြောင့် ဒီအတွက်အများကြီး စဉ်းစားစရာတွေရှိလာပါတယ်။ ပြီးခဲ့တဲ့အချိန်တွေကို ပြန်သွားနိုင်မယ်ဆိုရင် ကျွန်မလုပ်တဲ့အလုပ်တစ်ခု (သို့) နှစ်ခုကို စိတ်ငြိမ်းချမ်းစရာတွေနဲ့ လဲလို့ရရင် လဲလိုက်မှာပါ။

ဒုတိယအနေနဲ့၊ သင့်အနေနဲ့ စီမံခန့်ခွဲရတယ်ဆိုရင် အတိအကျ နဲ့ ကြိုတင်ပြီးလုပ်ဆောင်ပါ။ ကျွန်မစီစဉ်ဖို့မေ့လျော့မိတဲ့ ကိစ္စတွေထဲမှာဆိုရင် နောက်မနက်မှာ သန့်ရှင်းရေးလုပ်ပေးရမယ့် အဖွဲ့ကိုသတ်မှတ်ဖို့မေ့လျော့မိလို့ ကျွန်မတို့နဲ့ အခြားဧည့်သည် လေးယောက်လောက်က နောက်ဆုံးအားလုံးကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်လိုက်ရတဲ့ကိစ္စလည်း ပါပါတယ်။ ဒါက ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး၊ ကျွန်မအမှားပါ၊ အားလုံးက သန့်ရှင်းရေးလုပ်မယ့်သူကို ကျွန်မခွဲခန့်ထားပြီးပြီလို့ပဲ ထင်မှတ်နေခဲ့ကြတာပါ။ (ဒီအတွက် အကူအညီကျွန်မ မယူခဲ့ပါဘူး။)

နောက်ဆုံးအနေနဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေမရှိဖို့ အရေးကြီးဆုံးပါပဲ။ ပန်းခြံမှာ ကိုယ်တိုင်အစားအသောက်တွေ ယူသွားပြီး ပျော်ပွဲစားလုပ်ချင်သလား။ လုပ်လိုက်ပါ။ ကိတ်ယူသွားဖို့ မေ့သလား၊ ဒါဆိုရင် ကိတ်မပါပဲ လုပ်လို့ရပါတယ်။ အစဉ်အလာ ထုံးတမ်းတွေ (သို့) မျှော်မှန်းချက်တွေအပေါ်မဟုတ်ဘဲ သင့်အတွက်အရေးအကြီးဆုံးကိုအရာကို ရယူပြီး အဲဒီအရာအပေါ်မှာပဲ ဦးစားပေးလုပ်သွားပါ။ ဒီအချိန်အခိုက်အတန့်နဲ့ သင့်ကိုဝေးစေမယ့် အရာတွေအားလုံးထဲမှာ အနှစ်မြုပ်မခံပါနဲ့။

၂၄။ လုပ်စရာတွေကို စောစောစီးစီးပြီးအောင်လုပ်ထားပါ။

မင်္ဂလာပွဲနီးလာတာနဲ့အမျှ လုပ်ဖို့ငြီးငွေ့လာတတ်တာကြောင့် အသေးအဖွဲကိစ္စတွေကို စောစောပြီးလေ ကောင်းလေပါပဲ။ ဒီနှစ်ဟာ သင့်ဘဝရဲ့ အမြန်ဆန်ဆုံး နှစ်ဖြစ်နေပါလိမ့်မယ်။ သင်ကိုယ်တိုင်ပျော်နိုင်ဖို့ မင်္ဂလာပွဲကျင်းနေချိန်မှာ လုပ်စရာကိစ္စတွေကို ရပ်ထားလိုက်ပါတော့။

၂၅။ အသေးစိတ်တွေနဲ့ အလွန်အကျွံစိတ်ရှုပ်မခံပါနဲ့။

ခဏရပ်လိုက်ပြီး အရေးကြီးဆုံးအရာဖြစ်တဲ့ သင့်ချစ်သူနဲ့ လက်ထပ်ခြင်းဖြစ်တယ်ဆိုတာကို သတိရပါ။ အဝတ်အစားတွေ၊ ကိတ်၊ ပန်းတွေ၊ အစားအသောက်တွေက သင့်ရဲ့ မင်္ဂလာပွဲအောင်မြင်မှုကို အဆုံးအဖြတ်မပေးပါဘူး၊ ဒါကြောင့် ဒီအရာတွေအတွက် စိတ်အပင်ပန်းမခံပဲ မင်္ဂလာပွဲအတွက် လက်တွေ့ကျကျ စစ်မှန်တဲ့ ရှုထောင့်အမြင်တစ်ခုကို အမြဲအာရုံစိုက် ပါ။

Read times Last modified on Wednesday, 19 September 2018 17:55
Rate this item
(0 votes)