ရိုးစင်းတဲ့ မိန်းကလေးတစ်ယောက်မှာရှိတဲ့ အချက်များ

ရိုးစင်းတဲ့ မိန်းကလေးတစ်ယောက်မှာရှိတဲ့ အချက်များ google.com

မိန်းကလေး တစ်ယောက်က ကောင်လေးတစ်ယောက်ကို တကယ်ချစ်မိသွားပြီဆိုရင်

သစ္စာဆိုတာ သင်မတောင်းလည်း သူ့ဘက်ကနေပေးပြီးသားဖြစ်ပါတယ်။

 

ဖုံးကွယ်မထားခြင်း

 

သူငယ်ချင်းတွေမေးတဲ့အခါဖြစ်ဖြစ် အထူးသဖြင့် ယောက်ျားလေးတွေက သင့်ကို ရည်းစားရှိလားလို့ မေးတဲ့အခါဖြစ်ဖြစ် ရှိတယ်လို့ ပြတ်ပြတ်သားသား ပြောပြရဲတဲ့သူ ဘယ်သူ ဘယ်ဝါလို့ ပြောဖို့တောင် ဝန်မလေးတဲ့သူဖြစ်ပါတယ်။

 

ဒီလိုပြောလိုက်ခြင်းဟာ သင့်ရဲ့ ဂုဏ်သိက္ခာကို မထိပါးစေတဲ့အပြင် သင့်ကို တခြားကောင်လေးတွေ မကြိုက်တော့မှန်း သူကောင်းကောင်း သိသွားမှာဖြစ်ပါတယ်။

 

ထို့ကြောင့် သင့်ချစ်သူက သင်နဲ့ သူရဲ့ပတ်သက်မှုကို အခြားယောက်ျားလေးတွေရှေ့မှာ ဘယ်တော့မှ ဖုံးကွယ်မထားဘူးဆိုရင် သင့်အပေါ် အရမ်းသစ္စာရှိလို့ဆိုတာကို သဘောပေါက်သင့်ပါတယ်။

 

လျှို့ဝှက်မထားခြင်း

 

သင့် ချစ်သူဟာ သင့်ကို ဘာမှ လျှို့ဝှက်ထားဘဲ သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ အတွင်းရေးကိစ္စတွေကအစ သင့်ကိုတိုင်ပင်တယ်၊ ရင်ဖွင့်တယ်၊ သူနဲ့ ပတ်သက်ပြီး သင် မသိတာမရှိသလောက်ကို လျှို့ဝှက်မထားသူတစ်ယောက် ဖြစ်မယ်ဆိုတာကို သဘောပေါက်သင့်ပါတယ်။

 

သူ့ ဖုန်းကို အချိန်မရွေးယူကြည့်ရင်လည်း ပြဿနာ ဖြစ်စရာတစ်ကွက်မှ ရှိမနေတတ်တဲ့သူမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ၎င်းအချက်ကတော့ သူတော်တော် သစ္စာရှိတယ်ဆိုတာ မြင်နိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 14:48
Rate this item
(4 votes)