မောင်စန်းလင်းနှင့် မအေးအေးမိုးတို့၏ မင်္ဂလာပွဲအကြောင်း

မောင်စန်းလင်းနှင့် မအေးအေးမိုးတို့၏ မင်္ဂလာပွဲအကြောင်း

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ နယူးလိုက်တာ မင်္ဂလာခန်းမတွင် မြန်မာဆန်ဆန် မင်္ဂလာဆောင်ခဲ့ တဲ့

သတို့သား မောင်စန်းလင်းနှင့် သတို့သမီး မအေးအေးမိုးတို့ အကြောင်းပဲ ဖြစ်ပါတယ်။

 Aye Moe 2

မောင်စန်းလင်းနှင့် မအေးအေးမိုးတို့ဟာ ယခင်အလုပ်တွင်တွေ့ခဲ့သော မိတ်ဆွေများဖြစ်ပြီး လက်ထပ်ခွင့်ကို တောင်းခဲ့ပါ တယ်။ ချစ်သူသက်တမ်း ၅ နှစ်အကြာတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးလည်း ဖြစ်ပါတယ်။

 

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ အရင်ဆုံး ရပ်ကွက်လူကြီးများခေါ်ပြီး မိန်းကလေးအိမ်တွင် လာရောက်မြန်းခဲ့ပါတယ်။

 Aye Moe 3

နောက်နေ့မှ နှစ်ဦးသဘောတူမင်္ဂလာလက်မှတ်ရေးထိုးပွဲကို ရန်ကုန်တိုင်းဒေသကြီး တရားရုံးတွင် သူငယ်ချင်း အသိသက်သေများ ခေါ်ပြီး အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

လက်မှတ်ရေးထိုးပြီးနောက်ရက်တွင် မင်္ဂလာဦးဆွမ်းကျွေးပွဲကို ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

 Aye Moe 4

နောက်ဆုံးမှ မင်္ဂလာဧည့်ခံပွဲကို ဒီနှစ်ပိုင်းအတွင်း မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် မြန်မာဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက် တနင်္ဂနွေနေ့ တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် နယူးလိုက်တာ မင်္ဂလာခန်းမတွင် မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

 Aye Moe 5

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၆၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို အစောင် ၅၀၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ လမ်း ၃၁ ရှိ ကျော် မင်္ဂလာဖိတ်စာအမျိုးမျိုး၊ ယပ်တောင်နှင့် စာအိတ်ဖြန့်ချိရေး အော့ဖ်ဆက်တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းနှင့်ဈေးနှုန်းကို ချိန်ပြီးအပ်ခဲ့ပါတယ်။

 

မင်္ဂလာဝတ်စုံကို မြန်မာ့ထုံးတမ်းအစဉ်အလာနှင့် ကိုက်ညီသော သခွားမွှေးရောင်နှင့် ခဲရောင်စပ် ခြယ်သထားတဲ့ မြန်မာဝတ်စုံကို ကိုယ်တိုင်းနဲ့ချုပ်ပြီး ၀တ်ဆင်ခဲ့ပါတယ်။ မင်္ဂလာဝတ်စုံကို မြေနီကုန်းပလာဇာက အပ်ချုပ်ဆိုင်မှာ ချုပ်ခဲ့ပါတယ်။ နှစ်ဘက်မိဘများကိုလည်း ဘူတာရုံလမ်းမှတ်တိုင်အနီး အေးမြတ်ဖြူ အထည်နှင့်အကျချုပ်ဆိုင်တွင် ချုပ်ပေးခဲ့ပါတယ်။

 

သတို့သမီး မိတ်ကပ်အလှပြင်ဆင်သူကတော့ စမ်းချောင်းမှ နန်းနွယ်အောင်နဲ့ပဲ ပြင်ခဲ့ပါတယ်။ သတို့သမီးမိတ်ကပ် အလှပြင်ဈေးနှုန်းက ကျပ် ရှစ်သောင်း ကုန်ကျခဲ့ပါတယ်။ ပန်တာကတာ့ ဖန်စီပဲပန်ခဲ့ပါတယ်။ လက်ကိုင်နှင့် ရင်ကပ်ပန်း ကို ၀မ်းခွဲအစ်မက လက်ဖွဲ့ခဲ့ပါတယ်။

 

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ ကျသင့်ငွေပေးချေ၍ နယူးလိုက်တာမင်္ဂလာခန်းမမှ နောက်ခံစာတန်းရေး ထိုးခြင်း၊ ပန်းအိုး၊ လျှောက်လမ်းကော်ဇော တို့ကို ပြုလုပ်ပေးပါတယ်။

 

ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုတော့ ဦးသက်ဦး မှ မင်္ဂလာမောင်နှံ၏ အလှဓာတ်ပုံများနှင့် DVD တို့ကိုရိုက်ကူး ပေးခဲ့ပါတယ်။

 

မင်္ဂလာအချိန်ကတော့ နံနက် ၉း၀၀ နာရီ မှ ၁၂း၀၀ နာရီအထိ ၃ နာရီကြာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာတေးသီချင်းကို နယူးလိုက်တာမင်္ဂလာခန်းမှ ဖွင့်ပေးပါတယ်။

 Aye Moe 6

မင်္ဂလာအကျွေးအမွေးကိုတော့ ထောပတ်ထမင်း၊ ရေခဲမုန့် တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

Dinner ပွဲတော့ မလုပ်ဖြစ်ဘူး။ Honeymoon ခရီးစဉ်လည်း မသွားဖြစ်ခဲ့ဘူး။ မင်္ဂလာပွဲ အစမှအဆုံးထိ စုစုပေါင်း ကျပ် သိန်း ၄၀ နီးပါးကုန်ကျခဲ့ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:09
Rate this item
(1 Vote)
Tagged under