သင့်ချစ်သူ သင့်အပေါ် အချစ်တွေတိုးစေမယ့်နည်းလမ်းများ

သင့်ချစ်သူ သင့်အပေါ် အချစ်တွေတိုးစေမယ့်နည်းလမ်းများ google.com

မိန်းကလေးတွေက ကိုယ့်ချစ်သူကို အရမ်းချစ်လာပြီဆိုရင် အမှားတွေလုပ်တတ်တယ်။

သူတို့ချစ်သူအပေါ် အမှားတွေလုပ်လာလေလေ သူတို့ပိုခံစားရလေလေဖြစ်လာတတ်ကြပါတယ်။


ထို့ကြောင့် ဒီနည်းတွေက သင့်ကိုယ်သင်လည်း မခံစားရဘဲ သင့်ချစ်သူက သင့်အပေါ် အချစ်တွေတိုးစေမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။


နေတတ်သလိုနေခြင်း


သင့်ချစ်သူက သင့်ကို အချစ်တွေတိုးပြီး ချစ်လာဖို့အတွက် ဘာကိုမှ အတင်းအကြပ် လုပ်ယူစရာမလိုပါဘူး။ သင့်ချစ်သူက ဒီလိုပုံစံတွေကြိုက်တယ်ဆိုပြီး သင့်ကိုယ်သင် ပြောင်းပစ်စရာလည်းမလိုပါဘူး။


သင့်ချစ်သူအကြိုက်ကို အတင်းလုပ်ယူပြီး နေတာထက်စာရင် သင်နေတတ်သလိုနေလိုက်ပါ။ သဘောကတော့ သင့်ချစ်သူလည်း ဟန်ဆောင်ပြီး အတင်းလုပ်ယူနေတာထက်စာရင် သင့်နေတတ်သလိုနေတာကို ပိုပြီးသဘောကျမှာ ဖြစ်ပါတယ်။


ပျော်အောင်နေခြင်း


သင့်ချစ်သူက သင့်အပေါ်အချစ်တွေတိုးလာစေချင်ရင် ပျော်ပျော်နေလိုက်ပါ။ ပျော်ပျော်နေပါဆိုလို့ အတင်းလုပ်ယူခိုင်းတာမဟုတ်ပါဘူး။ ပျော်စရာရှိတာကို ပျော်ပျော်နေခိုင်းတာပါ။ ပျော်ပျော်နေတတ်တဲ့ သင့်ကို သင့်ချစ်သူကလည်း အချစ်တွေပိုတိုးလာမှာဖြစ်ပါတယ်။


အကောင်းမြင်ပေးခြင်း


ဘယ်ချစ်သူမဆို သူတို့အပေါ်မကောင်းဘဲ၊ သူတို့ဘာလုပ်လုပ်အကောင်းမပြောတဲ့ ချစ်သူနားမှာ မနေချင်ကြပါဘူး။


သင့်အပေါ် သူလုပ်ပေးခဲ့တဲ့အရာတွေအတွက် ပြန်ကောင်းပေးလိုက်ပါ။ သူ့မှာ ချီးကျူးစရာ ၊ ဂုဏ်ယူစရာကိစ္စတွေရှိလို့ သင့်ကို အရင်ဆုံးပြောပြတာက သင့်ဆီက ချီကျူးသံတွေနဲ့အတူ ပျော်ရွင်စရာတွေကို မျှဝေပေးချင်လို့ပဲဖြစ်ပါတယ်။


ထို့ကြောင့် သင့်ချစ်သူ သင့်ကို အချစ်တွေတိုးလာစေချင်ရင် သူ့ကို အကောင်းမြင်ပေးသင့်ပါတယ်။

 

ပြစ်တောက်ပြစ်တောက်မလုပ်ခြင်း


သင်ချစ်သူကို ပြစ်တောက်ပြစ်တောက်လုပ်လေ သင့်ချစ်သူ ပိုစိတ်ညစ်သွားလေပဲဖြစ်ပါတယ်။ သင့်ချစ်သူ သင့်အပေါ် အချစ်တွေတိုးလာစေချင်ရင်တော့ ပြစ်တောက်ပြစ်တောက်လုပ်တာတွေကို ရှောင်သင့်ပါတယ်။


မချုပ်ချယ်ခြင်း


ချစ်သူက သင့်အပေါ်ကို အချစ်တွေ တစ်နေ့ပြီးတစ်နေ့ တိုးလာစေချင်ရင် အရမ်းချုပ် မထားပါနဲ့။ မိန်းကလေးတွေက အရမ်းချစ်လာပြီဆို သူတို့ချစ်သူတွေကို ချုပ်ချယ်ထားတတ်ကြပါတယ်။


အဲဒါကတော့ တစ်ခါတစ်လေအတွက်ပဲ ကောင်းပါတယ်။ အမြဲချုပ်ချယ်ထားတယ်ဆိုရင် သင့်ကို အချစ်တွေ ပိုတိုးလာဖို့နေနေသာသာ သင့်ဆီကနေ ထွက်ပြေးချင်စိတ်တွေဖြစ်လာမှာပါ။ ဒါကြောင့် တစ်ခါတစ်လေ သင့်ချစ်သူအတွက် စိတ်ထွက်ပေါက်ပေးသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:47
Rate this item
(1 Vote)