ချစ်သူများ ဒွန်တွဲနေတဲ့ အချစ်နဲ့အမုန်း - ၃

ချစ်သူများ ဒွန်တွဲနေတဲ့ အချစ်နဲ့အမုန်း - ၃ google.com

ချစ်တဲ့စိတ်နဲ့ မုန်းတဲ့စိတ်လွန်ဆွဲရင်း မပြတ်မသားဖြစ်နေချိန်တွေ ဘယ်လိုရှိနေပါစေ၊

စိတ်နာသွားတဲ့ အခြေအနေမှာတော့ သွားလိုက်တော့လို့ လှည့်မကြည့်စတမ်း ကျောခိုင်းသွားမှာဖြစ်ပါတယ်။

 

အမြဲတမ်းချစ်သွားမယ်လို့ပြောတဲ့သူတွေလည်း တစ်ချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက် မကြည့်ချင်လောက်အောင် မုန်းသွားနိုင်ပါတယ်။

 

မခွဲနိုင်ဘူး တတွတ်တွတ်ရွတ်ခဲ့သူတွေလည်း ယခုအချိန်မှာတော့ မျက်နှာချင်း မဆိုင်ချင်တော့လောက်အောင် မုန်းတီးသွားနိုင်တယ်။

 

ဘဝအဆက်ဆက် ပေါင်းဖက်ရပါစေလို့ ဘုရားအဆူဆူမှာ ဆုပန်ခဲ့ဖူးပေမယ့်လည်း ကိုယ့်ရဲ့ ကျန်နေသေးတဲ့ သက်တမ်းမှာ ဒီလူနဲ့ပြန်မဆုံချင်တဲ့သူတွေလည်း ရှိကြပါတယ်။

 

ရိုးမြေကျ ပေါင်းဖက်ရပါစေသားလို့ တိုင်တည်ရည်ရွယ်ထားခဲ့ပေမယ့် မအိုခင်၊ မနာခင် လမ်းခွဲလိုက်တဲ့စုံတွဲတွေလည်းရှိပါတယ်။

 

အမျိုးသမီးမှ ဒီလိုခံစားတတ်ကြတာမျိုးမဟုတ်ဘဲ ခံစားချက်ရှိသူတိုင်း၊ ချစ်တတ်သူတိုင်းဟာ ချစ်တာနဲ့အမျှ မုန်းတတ်ပါတယ်။ ကိုယ့်အမုန်းကို ကိုယ့်ဘာသာသိမ်းထားပြီး ဥပက္ခာပြုလိုက်တဲ့ သူတွေရှိသလို သေတောင်မကြေနိုင်ဘူး၊ ကမ္ဘာမကြေဘူးလို့ အငြှိုးထားသူတွေလည်းရှိပါတယ်။

 

အမုန်းကနေ အငြှိုးဖြစ်လာပြီဆိုရင်တော့ တစ်ဖက်လူမှာ အန္တရာယ်များပါတယ်။ အငြှိုးကြီးရင်ကြီးသလောက် ဒုက္ခပေးတော့မှာဖြစ်ပါတယ်။

 

ချစ်သူကို ရန်သူတစ်ယောက်အဖြစ် အဆုံးမသတ်ချင်ဘူးဆိုရင် သူ့ခံစားချက်ကို ငဲ့ညှာသင့်ပါတယ်။ သူ့တန်ဖိုးကို နားလည်ပြီး သူ့မေတ္တာကို တန်ဖိုးထားပါ။

 

ကိုယ်သဘောမတူတဲ့အရာတွေကို သူနဲ့ ကောင်းကောင်းမွန်မွန်ညှိနှိုင်းပြောဆိုကျင့် ထားသင့်ပါတယ်။

 

ရေရှည်လက်တွဲသွားလိုရင် ကိုယ်တွေနှစ်ဦးအကြား နားလည်မှု အပြန်အလှန်တည်ဆောက်ပါ။ သစ္စာတရားလည်းမြဲမြံပြီး တာဝန်ဝတ္တရားလည်း ကျေသင့်ပါတယ်။ မေတ္တာတရားကိုလည်း အမြဲလက်ကိုင်ထားသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:46
Rate this item
(1 Vote)