မင်္ဂလာမောင်နှံတို့ ကြိုတင်လုပ်ဆောင်ထားသင့်တဲ့ မင်္ဂလာပွဲမတိုင်မီကြိုတင်ပြင်ဆင်မှုများ

မင်္ဂလာမောင်နှံတို့ ကြိုတင်လုပ်ဆောင်ထားသင့်တဲ့ မင်္ဂလာပွဲမတိုင်မီကြိုတင်ပြင်ဆင်မှုများ

မင်္ဂလာမဆောင်ခင် ၈ လ အလိုတွင်

* မင်္ဂလာရက်၊ အခမ်းအနားကျင်းပပုံရွေးချယ်ရန်

* ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ရန်

* ဧည့်ခံပွဲ ကျင်းပမည့် နေရာရွေးချယ်ပြီး စာရင်းပေးရန်

* ကျန်းမာရေး စစ်ဆေးထားရန်

မင်္ဂလာမဆောင်ခင် ၆ လ အလိုတွင်

* ဖိတ်ကြားမည့်ဧည့်သည်စာရင်းပြုစုထားရန်

* ဧည့်ခံပွဲအတွက် နေရာ၊ အကျွေးအမွေး၊ ပန်းအပြင်အဆင်၊ တီးဝိုင်း၊ အခမ်းအနားမှူး၊

   ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးရေးကို သေချာစွာ အတည်ပြုရွေးချယ်ထားရန်

မင်္ဂလာမဆောင်ခင် ၄ လ အလိုတွင်

* ဟန်းနီးမွန်းခရီးအတွက် ခရီးသွားကုမဏီနှင့် ဆက်သွယ်ရန်

* Pre-wedding ဓာတ်ပုံရိုက်ကူးရေးအတွက် ရွေးချယ်စီစဉ်ထားရန်

မင်္ဂလာမဆောင်ခင် ၂ လ အလိုတွင်

* မင်္ဂလာမောင်နှံအတွက် လက်ထပ်လက်စွပ်စီစဉ်ထားရန်

* Pre-wedding ဓာတ်ပုံရိုက်ကူးထားရန်

* မင်္ဂလာဖိတ်စာအပ်ရန်

* မျက်နှာတွင် အဖုအပိန့်ရှိသူများ ဆရာဝန်နှင့် ကုသထားရန်

မင်္ဂလာမဆောင်ခင် ၂ ပတ် အလိုတွင်

* သတို့သမီးအတွက် လိုက်ဖက်မည့် ၀တ်စုံ၊ မိတ်ကပ်နှင့် ဆံထုံးအပြင်အဆင်၊ လက်ဝတ်ရတနာများကို အကြို ပြင်ဆင်ထားရန်

* မင်္ဂလာပွဲတွင် ကူညီမည့်သူများအား ဆက်သွယ်ထားရန်

* မင်္ဂလာဖိတ်စာများဝေရန်

* အလှဆုံးဖြစ်စေရန်အတွက် မျက်နှာကို ပေါင်းတင်ထားရန်

မင်္ဂလာမဆောင်ခင် ၁ ရက် အလိုတွင်

* သတို့သမီး ခြေသည်း လက်သည်းများ အလှပြင်ထားရန်

* စိတ်ကိုပေါ့ပါးစွာထားပြီး စောစောအနားယူရန်

* ရေများများသောက်ထားရန်

* မင်္ဂလာပွဲနေ့တွင်

* နံနက်စာကို စောစောစားထားပါ။ အစာဝအောင်စားရန်

* ရေကို အနည်းငယ်သာသောက်ထားရန်

Read times Last modified on Wednesday, 19 September 2018 14:46
Rate this item
(1 Vote)