ချစ်သူအပေါ် သံယောဇဉ်သိပ်မထားတဲ့ ယောက်ျားလေးများရဲ့အချက်များ

ချစ်သူအပေါ် သံယောဇဉ်သိပ်မထားတဲ့ ယောက်ျားလေးများရဲ့အချက်များ google.com

ယောက်ျားလေးတချို့ကတော့ အချစ်ကို တစ်ဘ၀လုံးအတွက် ဖြစ်နေတတ်သလို၊ တချို့ကတော့

အချစ်ဆိုတာ သူ့အတွက် ကစားဖို့သက်သက်ပဲလို့ ခံယူထားကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။

 

ချစ်သူအပေါ် သံယောဇဉ်သိပ်မထားတဲ့ ယောက်ျားလေးများရဲ့အကြောင်းကို အောက်တွင် ဖော်ပြပေးထားပါတယ်။

 

အကျင့်မကောင်းခြင်း

 

သံယောဇဉ် သိပ်မထားတဲ့ယောက်ျားလေးတွေက ပင်ကိုယ်ဗီဇကိုက မကောင်းလို့ပဲဖြစ်ပါတယ်။ သူ့ရဲ့အကျင့်၊ စိတ်နေစိတ်ထား၊ သဘောထားတွေက အရမ်းကို အောက်တန်းကျတဲ့သူ ဖြစ်နေလို့ပဲဖြစ်ပါတယ်။

 

သူ့စိတ်ထဲမှာ မိန်းကလေးတစ်ယောက်ကို ကစားစရာ အရုပ်တစ်ရုပ်လိုပဲ သဘောထားတဲ့သူမျိုးဖြစ်ပါတယ်။ ဒီလိုလူမျိုးနဲ့ ကြာကြာတွဲရင် သင်ဟာ စိတ်ထောင်းကိုယ်ကြေနဲ့ အမြဲတမ်း ရင်တွေပူနေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုလူမျိုးနဲ့ သင်ရေရှည်လက်မတွဲမိတာ အရမ်းကံကောင်းပါတယ်။

 

တကယ်မချစ်ခြင်း

 

အချို့ယောက်ျားလေးတွေက အရမ်းကို မျက်နှာများပါတယ်။ သူတို့တကယ် အတည်မတွဲချင်လို့ပဲဖြစ်ဖြစ်၊ ထားခဲ့ချင်ပြီဆိုရင် ဘယ်လို အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် သင့်ကို ထားခဲ့မှာပါ။

 

သင့်ကို တကယ်ချစ်တဲ့သူဆိုတာ ဘယ်လိုအကြောင်းနဲ့မှ သင့်ကို စွန့်လွှတ်ကျောခိုင်းမသွားတတ်ကြပါဘူး။

 

လူတစ်ယောက်ဟာ သင့်ကို ဘယ်လောက်ချစ်ပါတယ်ပြောပြော သင့်ကို စွန့်လွှတ်ကျောခိုင်းခဲ့ရင်တော့ သင့်ကို သူတကယ်မချစ်လို့ပဲဖြစ်ပါတယ်။

 

ငါနင့်ကို တကယ်ချစ်တယ် သို့ပေမယ့်လည်း ဆိုပြီး နောက်ဆက်တွဲပြောလာခဲ့မယ်ဆိုရင်တော့ သူက သင့်ကို တကယ်မချစ်ဘူးဆိုတာကို သင်သဘောပေါက်သင့်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 14:45
Rate this item
(2 votes)