မင်္ဂလာပွဲနေ့မှာ ဆောင်ရန်နှင့် ရှောင်ရန်များ

မင်္ဂလာပွဲနေ့မှာ ဆောင်ရန်နှင့် ရှောင်ရန်များ

မင်္ဂလာလက်ဖွဲ့များ စာရင်းပြုစုရန်အတွက် ၀ိုင်းဝန်းကူညီမည့်သူများကို အမျိုးသမီးများသာမက အမျိုးသားများပါ

ကူညီရန်ဖိတ်ခေါ်သင့်ပါတယ်။

 

အချို့မင်္ဂလာလက်ဖွဲ့များက မလေးလံသော်လည်း အချို့လက်ဖွဲ့များသည် အတော်အတန်လေးလံတတ်ပါတယ်။ ဥပမာ ပန်ကာ၊ ရေခဲသေတ္တာနှင့် တီဗီ ကဲ့သို့သော လက်ဖွဲ့ပစ္စည်းများကို သယ်ဆောင်ရန် အမျိုးသားမိတ်ဆွေများ၏ အကူအညီကို ရယူသင့်ပါတယ်။

 

မင်္ဂလာဆောင်ပြီးသည့်အခါတွင်လည်း လက်ဖွဲ့ပစ္စည်းများကို ဘယ်နေရာသို့ ပို့ဆောင်မည့် ဆွေမျိုး (သို့) မိတ်ဆွေတစ်ဦးအား ကြိုတင်တာဝန်ပေးထားသင့်ပါတယ်။

 

မင်္ဂလာပွဲနေ့တွင် တ၀်ဆင်မည့် မင်္ဂလာမောင်နှံ၏ ၀တ်စုံ၊ ဖိနပ်၊ လက်ဝတ်ရတနာများကို မင်္ဂလာပွဲမကျင်းပမီ ညကတည်းက တစ်နေရာတည်းတွင် တစ်စုတစ်စည်းထဲထားရှိပြီး  ခန်းမသို့သွားသောအခါ မကျန်ရစ်ခဲ့စေရန် လိုက်ပါမည့်  မိသားစုဝင်တစ်ဦးက စာရင်းပြုစုထားရန် လိုအပ်ပါတယ်။

 

မင်္ဂလာပွဲမတိုင်မီနေ့ရက်များက စိတ်လှုပ်ရှားစရာကောင်းပြီး စီစဉ်စရာများလွန်းသောကြောင့် လိုအပ်မည့် ပစ္စည်းစာရင်းကို ကြိုတင်ပြုစုပြီး စိတ်ချရသော မိသားစုဝင် တစ်ဦးအား စီစဉ်ပေးရန် အကူအညီတောင်းသင့် ပါတယ်။

 

မင်္ဂလာပွဲသို့ လာသည့်ဧည့်သည်များကို နေရာချထားပေးသောအခါ အရေးကြီးသော ဧည့်သည်များနှင့် အသက်အရွယ်ကြီးသည့်သူများကို တီးဝိုင်း အနီးအနားတွင် နေရာချထားပေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

 

မင်္ဂလာပွဲကျင်းပချိန်တွင် မင်္ဂလာမောင်နှံသည် ခန်းမအတွင်း လျှောက်လမ်းတစ်ဘက်တစ်ချက်စီတွင် မိမိကို ငေးမောလျှက်ရှိသော ဧည့်ပရိသတ်ကို ပြုံးလျှက်သာ နှုတ်ဆက်ရန် လိုအပ်ပါတယ်။

 

မင်္ဂလာပွဲကျင်းပချိန်တွင် မင်္ဂလာဇနီးမောင်နှံသည် လူရှေ့တွင် ၀ိုင်းကြည့်ခံနေရ၍ ရှက်နေတတ်ပါတယ်။ ကြွရောက်လာသည့် ဧည့်ပရိသတ်တို့သည် မင်္ဂလာမောင်နှံနှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်သောကြောင့် စိုးရိမ်ထိတ်လန့်မှုကို မေ့ဖျောက်ပြီး စင်မြင့်ရှိရာ မျက်နှာမူကာ ချိုသာသောအပြုံးဖြင့် လမ်းမှန်မှန်လျှောက်လှမ်း သင့်ပါတယ်။

 

မင်္ဂလာမောင်နှံအချို့သည် မင်္ဂလာပွဲကျင်းပပြီးသည့်အခါတွင် မင်္ဂလာဝတ်စုံလဲလှယ်ရန် ၀တ်စုံအပိုယူသွားသင့် ပါတယ်။

 

မင်္ဂလာညစာစားပွဲတွင် သူငယ်ချင်းအပေါင်းအဖော်များနှင့် အရက်အရမ်းမသောက်သင့်ပါ။ အဘယ့်ကြောင့်ဆို သော် ပျော်ရွှင်စရာကိစ္စများကို နောက်တစ်နေ့မှာ စဉ်းစားလို့မရတော့တာမျိုးမဖြစ်စေချင်ပါ။

Read times Last modified on Wednesday, 19 September 2018 14:43
Rate this item
(2 votes)