ဇနီးကောင်းတို့၏ အချက်များ

ဇနီးကောင်းတို့၏ အချက်များ google.com

အရွယ်ရောက်တဲ့ ယောက်ျားလေးနဲ့ မိန်းကလေးနှစ်ယောက် ဖူးစာဆုံမိဖို့ဆိုတာ ခဲယဉ်းလှပါတယ်။

 

ချစ်သူဘ၀ကနေ အကြောင်းအမျိုးမျိုးကြောင့် တွေ့ကြ၊ ဆုံကြ၊ ချစ်ခဲ့ကြရင်တောင် တစ်ဘဝလုံးစာ လက်တွဲ နိုင်ဖို့အတွက် လက်ထပ်ဖို့ဆိုတာ ပိုမိုခဲယဉ်းလှပါတယ်။

 

လက်ထပ်ခဲ့ပြီးကြပြန်ရင်လည်း တစ်ဘဝလုံးစာ လက်တွဲသွားနိုင်မယ်ဆိုတာ ဒီခေတ်ကြီးထဲမှာ ရှားပါးလှပါတယ်။

 

နှစ်ဦးအတူတူ တည်ထောင်ပြီးတဲ့ အိမ်ထောင်ရေးလေးဟာ သာသာယာယာရှိစေဖို့နဲ့ တည်မြဲအောင်ထိန်းသိမ်းဖို့ အတွက် ဇနီးကောင်းပီသဖို့လည်း လိုအပ်လာပါတယ်။

 


မိတ်ဆွေများနဲ့တွေ့ခွင့်ပေးခြင်း

 

အိမ်ထောင်သည် ရယ်လို့ ဖြစ်လာပြီဆိုရင် ရုံးဆင်းချိန်တိုင်းမှာ ကိုယ့်ယောက်ျားနဲ့ အတူ ထမင်းလက်စုံစားချင်မှာလည်း အသေအချာပါပဲ။

 

ညနေရုံးဆင်းချိန်တိုင်း သောက်စားပျော်ပါးနေတတ်တဲ့ ခင်ပွန်းမျိုးကိုတော့ ဘယ်ဇနီးသည်မှ ကြည်ဖြူကြမှာ မဟုတ်ပါဘူး။ သို့ပေမယ့် လူတိုင်းမှာတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိဖို့တော့ လိုအပ်ပါတယ်။

 

အဲဒီထဲမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်မှာ တွေ့ဆုံပြီး စကားပြောချိန်လေးတွေလည်း ရှိသင့်ပါတယ်။

 

ထို့ကြောင့် ပိုမိုကောင်းမွန်တဲ့ ဇနီးတစ်ယောက်ဖြစ်ဖို့အတွက် ယောက်ျားတွေကို သူတို့သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့အတူ တစ်ခါတစ်လေ သောက်ခွင့်ပြုလိုက်ပါ။

 

ဇနီးက ခွင့်ပြုတယ်ဆိုပြီး အရမ်းကြီး မလွန်မိပါစေနဲ့။ လစ်မစ်လေးတော့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသင့်ပါတယ်။

 

နှစ်ဦးအတူရှိချိန်မှာ ဖုန်းမကိုင်ခြင်း

 

ယနေ့ ဒီခေတ်ကြီးထဲမှာ ဖုန်းနဲ့ မျက်နှာအပ်နေကြတဲ့ လူတွေအတော်များလှပါတယ်။ သို့ပေမယ့်လည်း အချိန်တိုင်းလိုလို ဖုန်းကိုင်ပြီး ဖုန်းပွတ်နေတာ မဆန်းတော့ပါဘူး။

 

သို့ပေမယ့် မိမိ ခင်ပွန်း စကားပြောနေချိန်မှာတော့ ဖုန်းပွတ်နေတတ်တာက သူ့ကို မလေးစားဟန်ပြုရာ ရောက်ပါတယ်။

 

အပြန်အလှန်အနေနဲ့ ကိုယ်စကားပြောနေချိန်မှာ သူ့ကို ဖုန်းမကိုင်ဖို့ကိုလည်း တောင်းဆိုနိုင်ပါတယ်။

 

ဒီလိုနဲ့မှ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှုရှိတာကို သိရှိလာပြီး ခင်ပွန်းသည် ကလည်း သူ့စကားတွေကို အာရုံစိုက်တဲ့ ဇနီးသည်ဆိုပြီး အသိအမှတ် ပြုတတ်လာပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 14:43
Rate this item
(1 Vote)