အချစ်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ

အချစ်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ google.com

ချစ်ခြင်းရဲ့ သင်္ကေတတွေ ထုံမွမ်းနေတဲ့ ဒီလိုအချိန်လေးမှာ ကိုယ့်ရဲ့ လက်တွဲဖော်က ကိုယ့်ကို ပိုပြီး ချစ်ခင်လာစေဖို့အတွက် ကြိုးစားသင့်ပါတယ်။

 

ချစ်ခြင်းနဲ့ ဘ၀တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့ သူတွေအတွက် အချစ်ရေး အဆင်ပြေစေမည့် နည်းလမ်းကောင်းများနဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

ချစ်သူများနေ့တွင် အမှတ်တရ ပန်းစည်းလေးပေးဖို့ စဉ်းစားထားမယ်ဆိုရင် အ၀ယ်များတဲ့ နှင်းဆီပန်းစည်းကို မ၀ယ်မိပါစေနဲ့။

 

ကိုယ့်ချစ်သူမိန်းကလေးနဲ့ နာမည်ဆင်တူတဲ့ပန်း သို့မဟုတ် သူ့နာမည်အစစကားလုံးနဲ့စတဲ့ ပန်းစည်းကို လက်ဆောင်ပေးရင်တော့ သူစိတ်ကျေနပ်ပျော်ရွှင်သွားပါလိမ့်မယ်။

 

အထိမ်းအမှတ်တစ်ခုခု၊ အမှတ်တရတစ်ခုခု အနေနဲ့ ကမ်းခြေဘက်ကို ခရီးထွက်မယ်ဆိုရင်လည်း ပိတ်ရက် လူရှုပ်တဲ့အချိန်တွေမှာ မသွားသင့်ပါ။

 

အေးအေးဆေးဆေး အပန်းဖြေလို့ရအောင် လူသိပ်မရှုပ်တဲ့ ကြားရက်လိုနေ့မျိုးမှာ သွားသင့်ပါတယ်။

 

နာမည်ကြီးတဲ့နေရာတွေကို သူတို့တွေရဲ့ ပွဲတော်ရက်တွေမှာ မသွားသင့်ပါ။

 

ပွဲတော်ရက်မတိုင်မီနဲ့ ပွဲတော်ရက်ပြီးတဲ့ အချိန်အခါတွေမှပဲ သွားသင့်ပါတယ်။

 

နှစ်ဦးစလုံး ကိုယ်သိကိုယ်တတ်တဲ့ပုံစံနဲ့ အရာရာကို ဆရာကြီးလုပ်ပြီး မဦးဆောင်သင့်ပါ။

 

အချို့ကိစ္စတွေမှာတော့ သူ့ကို မေးမြန်းပြီး အကူအညီတောင်းသင့်ပါတယ်။

 

နံနက်စာ စားတဲ့အခါ သတင်းတွေချည်းပဲ ဖတ်မနေသင့်ပါ။

 

နံနက်စာ စားချိန်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့် စကားပြောရင်းနဲ့ ဖြတ်သန်းသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:42
Rate this item
(1 Vote)