သင့်ချစ်သူဆီမှ အချစ်ရေးကံကောင်းစေမည့်အချက်များ

သင့်ချစ်သူဆီမှ အချစ်ရေးကံကောင်းစေမည့်အချက်များ google.com

မိန်းကလေးတိုင်းကတော့ ကိုယ့်အပေါ် ပျော်ရွှင်မှု၊ ဂရုစိုက်မှုတွေပေးနိုင်ပြီး သစ္စာရှိတဲ့ ယောက်ျားမျိုးနဲ့ ဆုံဆည်းရင်တော့ အချစ်ရေးမှာ ကံကောင်းစေမှာပါ။

 

ကိုယ်နဲ့ တူညီတဲ့ ချစ်သူကောင်လေးမျိုးကို ရထားပြီဆိုရင်တော့ သင်ဟာ သူငယ်ချင်းတွေကြားမှာ သင့်ကို ၀ိုင်းပြီး အားကျ စေမှာဖြစ်ပါတယ်။

 

သင့်ကို အရင်ဆုံးဦးစားပေးခြင်း

 

အလုပ်နဲ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းကြားမှာဖြစ်ဖြစ် သင်နဲ့ ယှဉ်ပြိုင်ရမယ့် ကိစ္စတွေရှိခဲ့ရင် သူ့ဘက်က သင့်ကို အရင်ဆုံး ဦးစားပေးမယ့် သူမျိုးဖြစ်ပါတယ်။

 

သင်ရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေကို သူ့ဘက်က အမြဲစောင့်ရှောက်တတ်တဲ့ သူမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

 

သင့်ပြောစကားကို အမြဲနားထောင်ပေးခြင်း

 

သင့်ဘက်ကနေ အလိုမကျတာတွေတွေ့ရင် သူ့ဘက်ကစပြီး ဘာဖြစ်နေတာလဲဆိုတာ သိနေပြီး သင့်ဘက်က ရင်ဖွင့်စရာတောင်မလိုအပ်ပါဘူး။

 

သူ့ဘက်ကနေပြီး သင့်ရဲ့အခက်အခဲတွေ မကျေမနပ်ဖြစ်တဲ့ စကားတွေကို ဂရုတစိုက် နားထောင်ပေးပြီး အကြံဥာဏ်ပေးမယ့်သူမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

 

သင့်အခက်အခဲများကို ကူညီဖြေရှင်းခြင်း

 

ဘ၀ဟာတစ်ခါတစ်ရံမှာ တစ်ယောက်ထဲ ရင်ဆိုင်ဖို့ အတော်ခက်ခဲလှပါတယ်။

 

သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်ယောက်ထဲ ရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့အခါမျိုးမှာ သူက ရှေ့နေပြီး မားမားမတ်မတ်ရပ်တည်ပြီး ရင်ဆိုင်ဖြေရှင်းပေးနိုင်မယ့် သူမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

 

သင့်ရဲ့အခက်အခဲကို အားနည်းချက်လို့ မမြင်ဘဲ သူ့ဘက်က ကူညီခွင့်ရတဲ့အတွက်ကြောင့် ဂုဏ်ယူနေမယ့် သူဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:42
Rate this item
(2 votes)