မဂၤလာေဆာင္ေနရာေရြးခ်ယ္ရန္ အခ်က္ ၈ ခ်က္

မဂၤလာေဆာင္ေနရာေရြးခ်ယ္ရန္ အခ်က္ ၈ ခ်က္

ဧည့္သည္ရဲ႕ ကုန္က်စရိတ္ကို ခန္႔မွန္းတြက္ခ်က္ထားပါ

အက်ဥ္းခ်ဳပ္အေနနဲ႔ လူဘယ္ႏွစ္ေယာက္ ဖိတ္မယ္၊ အဲဒီအတြက္ ေငြေၾကးဘယ္ေလာက္သံုးမယ္ ဆိုတာကိုေတာ့ အရင္သိထားဖုိ႔ လိုအပ္ပါတယ္။

         

ဘယ္လိုပံုစံနဲ႔ မဂၤလာေဆာင္မလဲ ဆံုးျဖတ္ပါ

 

အေနာက္တိုင္းပုံစံလား၊ ဓေလ့ထံုးတမ္းစဥ္လာအတိုင္းလား။ ရပ္ကြက္ဘုန္းႀကီးေက်ာင္း၊ ဟိုတယ္နဲ႔ စားေသာက္ဆိုင္ေတြမွာ မဂၤလာပြဲ က်င္းပႏိုင္ပါတယ္။ အိမ္မွာပဲ ဧည့္ခံပြဲက်င္းပမယ္ဆိုရင္ေတာ့ စားပြဲ၊ ကုလားထိုင္၊ ေနရာထိုင္ခင္းတို႔ ငွားရမ္းတဲ့ေနရာေတြ အမ်ားႀကီးရွိပါတယ္။

 

ဧည့္ခံပြဲ က်င္းပမယ့္ ေနရာကို သြားေရာက္ေလ့လာထားပါ

 

ကိုယ့္စိတ္ကူးရည္ရြယ္ၿပီးသား ဧည့္ခံပြဲေနရာကို တစ္ခါေလာက္ေတာ့ သြားၿပီးေလ့လာသင့္တယ္။ ဒါမွ ဧည့္ခံရမယ့္အေနအထားကို သိရွိမွာျဖစ္ပါတယ္။

 

အက်ယ္ မခ်ဲ႕ပါနဲ႔

 

ဧည့္သည္ေတြကို ပိုဖိတ္မိတာေတြ၊ ဖိတ္စာကဒ္ျပားကို တန္ဖိုးႀကီးတာေတြနဲ႔ မလိုအပ္ဘဲ အက်ယ္ခ်ဲ႕မိတာကို တတ္ႏိုင္သမွ် ေရွာင္ပါ။

 

ဘယ္အရာနဲ႔ ဧည့္ခံမယ္ဆိုတာ စဥ္းစားထားပါ

 

အစားအေသာက္လိုအပ္ခ်က္ေတြကို အရင္စဥ္းစားရပါမယ္။ အိမ္မွာပဲ ခ်က္ျပဳတ္ေကၽြးေမြးရင္ ပိုၿပီးအလုပ္မ်ား တတ္ပါတယ္။ ဟိုတယ္မွာ ေကၽြးေမြးဧည့္ခံရင္လည္း ပန္းကန္ခြက္ေယာက္ အပိုသံုးရမယ့္ အစားအေသာက္မ်ဳိးကို လည္းေရွာင္သင့္ပါတယ္။

 

မဂၤလာပြဲက်င္းပမယ့္ေနရာကို ေသခ်ာေရြးခ်ယ္ပါ

 

မဂၤလာပြဲက်င္းပဖို႔ ေရြးခ်ယ္ထားတဲ့ေနရာေတြထဲက  ေနရာတစ္ေနရာကို တစ္ခါထက္ပိုၿပီး ေလ့လာသင့္ပါတယ္။ ဒါမွလည္း ကိုယ့္ဧည့္သည္ေတြကို အဆင္ေျပေျပ ဧည့္ခံႏိုင္မွာပါ။

 

မဂၤလာပြဲက်င္းပမည့္ေနရာကို မိတ္ေဆြေတြနဲ႔ ေဆြးေႏြးတိုင္ပင္ပါ

 

မဂၤလာက်င္းပဖုိ႔ ေရြးခ်ယ္ထားတဲ့ေနရာေတြထဲက လူတိုင္းလာႏိုင္မယ့္ ေနရာကို ေရြးခ်ယ္ပါ။  မဂၤလာပြဲ က်င္းပမယ့္ေနရာဟာ သြားလာေရးလြယ္ကူတဲ့ေနရာျဖစ္ဖုိ႔လည္း အေရးႀကီးပါတယ္။

 

ဒီေနရာမွာ အရင္က မဂၤလာေဆာင္ဖူးတဲ့သူမ်ားကို စံုစမ္းပါ

 

အစားအေသာက္၊ ၀န္ေဆာင္မႈ၊ ေနရာထိုင္ခင္းဘယ္လိုလဲ ဆိုတာေတြကို ဒီေနရာမွာ လက္ထပ္ခဲ့ၿပီးသား စံုတြဲေတြကို အေသးစိတ္ ေမးျမန္းစံုစမ္းထားပါ။

 

Unicode ဖြင့်ဖတ်ရန်
မင်္ဂလာဆောင်နေရာရွေးချယ်ရန် အချက် ၈ ချက်

ဧည့်သည်ရဲ့ ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ထားပါ

အကျဉ်းချုပ်အနေနဲ့ လူဘယ်နှစ်ယောက် ဖိတ်မယ်၊ အဲဒီအတွက် ငွေကြေးဘယ်လောက်သုံးမယ် ဆိုတာကိုတော့ အရင်သိထားဖို့ လိုအပ်ပါတယ်။
    
ဘယ်လိုပုံစံနဲ့ မင်္ဂလာဆောင်မလဲ ဆုံးဖြတ်ပါ
အနောက်တိုင်းပုံစံလား၊ ဓလေ့ထုံးတမ်းစဉ်လာအတိုင်းလား။ ရပ်ကွက်ဘုန်းကြီးကျောင်း၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ မင်္ဂလာပွဲ ကျင်းပနိုင်ပါတယ်။ အိမ်မှာပဲ ဧည့်ခံပွဲကျင်းပမယ်ဆိုရင်တော့ စားပွဲ၊ ကုလားထိုင်၊ နေရာထိုင်ခင်းတို့ ငှားရမ်းတဲ့နေရာတွေ  အများကြီးရှိပါတယ်။

ဧည့်ခံပွဲ ကျင်းပမယ့် နေရာကို သွားရောက်လေ့လာထားပါ
ကိုယ့်စိတ်ကူးရည်ရွယ်ပြီးသား ဧည့်ခံပွဲနေရာကို တစ်ခါလောက်တော့ သွားပြီးလေ့လာသင့်တယ်။ ဒါမှ ဧည့်ခံရမယ့်အနေအထားကို သိရှိမှာဖြစ်ပါတယ်။

အကျယ် မချဲ့ပါနဲ့
ဧည့်သည်တွေကို ပိုဖိတ်မိတာတွေ၊ ဖိတ်စာကဒ်ပြားကို တန်ဖိုးကြီးတာတွေနဲ့ မလိုအပ်ဘဲ အကျယ်ချဲ့မိတာကို တတ်နိုင်သမျှ ရှောင်ပါ။

ဘယ်အရာနဲ့ ဧည့်ခံမယ်ဆိုတာ စဉ်းစားထားပါ
အစားအသောက်လိုအပ်ချက်တွေကို အရင်စဉ်းစားရပါမယ်။ အိမ်မှာပဲ ချက်ပြုတ်ကျွေးမွေးရင် ပိုပြီးအလုပ်များ တတ်ပါတယ်။ ဟိုတယ်မှာ ကျွေးမွေးဧည့်ခံရင်လည်း ပန်းကန်ခွက်ယောက် အပိုသုံးရမယ့် အစားအသောက်မျိုးကို လည်းရှောင်သင့်ပါတယ်။

မင်္ဂလာပွဲကျင်းပမယ့်နေရာကို သေချာရွေးချယ်ပါ
မင်္ဂလာပွဲကျင်းပဖို့ ရွေးချယ်ထားတဲ့နေရာတွေထဲက  နေရာတစ်နေရာကို တစ်ခါထက်ပိုပြီး လေ့လာသင့်ပါတယ်။ ဒါမှလည်း ကိုယ့်ဧည့်သည်တွေကို အဆင်ပြေပြေ ဧည့်ခံနိုင်မှာပါ။

မင်္ဂလာပွဲကျင်းပမည့်နေရာကို မိတ်ဆွေတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ
မင်္ဂလာကျင်းပဖို့ ရွေးချယ်ထားတဲ့နေရာတွေထဲက လူတိုင်းလာနိုင်မယ့် နေရာကို ရွေးချယ်ပါ။  မင်္ဂလာပွဲ ကျင်းပမယ့်နေရာဟာ သွားလာရေးလွယ်ကူတဲ့နေရာဖြစ်ဖို့လည်း အရေးကြီးပါတယ်။

ဒီနေရာမှာ အရင်က မင်္ဂလာဆောင်ဖူးတဲ့သူများကို စုံစမ်းပါ
အစားအသောက်၊ ၀န်ဆောင်မှု၊ နေရာထိုင်ခင်းဘယ်လိုလဲ ဆိုတာတွေကို ဒီနေရာမှာ လက်ထပ်ခဲ့ပြီးသား စုံတွဲတွေကို အသေးစိတ် မေးမြန်းစုံစမ်းထားပါ။

 

Read times Last modified on Wednesday, 19 September 2018 14:41
Rate this item
(1 Vote)