ပ်ားရည္ဆမ္းခရီးထြက္ရန္အတြက္ အေကာင္းဆံုးအႀကံျပဳခ်က္ ၅ ခ်က္

ပ်ားရည္ဆမ္းခရီးထြက္ရန္အတြက္ အေကာင္းဆံုးအႀကံျပဳခ်က္ ၅ ခ်က္

ေအာက္ေဖာ္ျပပါ အခ်က္ ၅ ခ်က္အေပၚ သံုးသပ္ေလ့လာၾကည့္ျခင္းျဖင့္ သင္တို႔ မဂၤလာဦးဇနီးေမာင္ႏွံ

အတြက္ ၿပီးျပည့္စံုေသာ ပ်ားရည္စမ္းခရီးတစ္ခုကိုဖန္းတီးႏိုင္မွာျဖစ္ပါတယ္။

 

ဘယ္ေလာက္သံုးမယ္ဆိုတာကို သတ္မွတ္ထားပါ

 

ခရီးသြားရင္လိုအပ္မယ့္ အသံုးအေဆာင္မ်ား၊ အစားအေသာက္မ်ားႏွင့္ သြားေရာက္လည္ပတ္မည့္ ေနရာ မ်ားတြင္ ဘယ္ဟိုတယ္၊ ဘယ္ေလယာဥ္လိုင္းန႔ဲဘယ္လိုကားမ်ိဳးကိုငွားမယ္ဆိုတာရယ္ စတာေတြကို ႀကိဳတင္စဥ္းစားထားပါ။ ထို႔အျပင္ အျခားလိုအပ္မယ့္ အေသးအဖြဲကိစၥမ်ားအတြက္ ကုန္က်ႏိုင္မည့္ စရိတ္စကမ်ားအတြက္ပါ ထည့္သြင္းစဥ္းစားပါ။

 

ေမွ်ာ္မွန္းမထားေသာအေသးသံုးမ်ားျဖစ္သည့္ ဝင္ေၾကးမ်ား၊ တကၠစီခမ်ားအတြက္ ႀကိဳတင္စဥ္းစား ထည့္သြင္းမထားသျဖင့္ သတ္မွတ္ကုန္က်စရိတ္ထက္ ပိုမိုသြားသျဖင့္ ေပ်ာ္ရႊင္စရာ အိပ္မက္ခရီးေလး ျဖစ္မလာပဲ ေငြေၾကးမေလာက္မငျဖင့္ စိတ္ထင့္ေနရေသာခရီးတစ္ခုျဖစ္သြားႏိုင္ပါတယ္။ ထို႔အတူ အိမ္အျပန္ လက္ေဆာင္ေတြဝယ္ဖို႔၊ လမ္းမွာေတြ႔တဲ့ စားခ်င့္စဖြယ္အစားအေသာက္ေတြေတြ႔ရင္ ဝယ္စားဖို႔ အတြက္ပါ ထည့္သြင္းတြက္ခ်က္ထားပါ။ သင္တို႔ဇနီးေမာင္ႏွံသြားမယ့္ခရီးဟာ ႏိုင္ငံရပ္ျခားဆိုရင္ ကြန္ပ်ဴတာအသစ္ တစ္လံုးကဲ့သို႔ ပိုက္ဆံခပ္မ်ားမ်ားနဲ႔ေပးၿပီး ဝယ္ရတဲ့ပစၥည္းမ်ားအတြက္ပါ ထည့္သြင္း ထားပါ။ ထို႔အတူ ေလယာဥ္ခရီးစဥ္တြင္ သယ္ေဆာင္ခြင့္ရွိသည့္ သတ္မွတ္ခရီးေဆာင္အိတ္ အေလးခ်ိန္ ေတြကအစ ႀကိဳတင္စံုစမ္းထားရမည္။ အေလးခ်ိန္ပိုႏိုင္ပါကအပိုေၾကးမည္မွ်ေပးရမည္ဆိုသည္ကိုပါ စံုစမ္းထားပါ။

 

honeymoon 

ခရီးစဥ္တြင္ သြားမည့္ေနရာမ်ားအတြက္ အခ်ိန္သတ္မွတ္ထားပါ

 

ဘယ္သူမွေတာ့ ဟန္းနီးမြန္းခရီးကို တစ္လကိုးသီတင္းလံုး သြားတဲ့သူမရွိပါဘူး။ သံုးေလးရက္ေလာက္သာ သြားတဲ့သူမ်ားပါတယ္။ ဒါေၾကာင့္ သြားတဲ့ခရီး ၃ ရက္ေလာက္ကို ၃ပါတ္ၾကာ ခရီးကဲ့သို႔ အက်ိဳးရွိရွိ ျဖစ္ေအာင္ စီမံသင့္သည္။ ဒါေၾကာင့္ ခရီးစဥ္ကုိေရးဆြဲရာတြင္ ေနရာတစ္ခုစီအတြက္ အခ်ိန္တစ္ခုစီနဲ႔ သတ္မွတ္ၿပီး ေရးဆြဲရမည္ျဖစ္သလို ခရီးသြားလွ်င္ၾကမည့္ အခ်ိန္ေတြကိုပါ ထည့္သြင္းေရးဆြဲရမည္။

 

အဓိကလုပ္ကိုင္လုိသည္မ်ားကိုသာ ဦးစားေပးေရြးခ်ယ္ပါ

 

ဟန္းနီးမြန္းခရီးစဥ္မွာ အဓိကလုပ္လိုတဲ့ အရာ၃ ခုေလာက္ကို ဦးစားေပးလုပ္ဖို႔ စဥ္းစားပါ။ ဥပမာ-ခရီးစဥ္ ေရာက္လွ်င္ အႏွိပ္ခံမလား၊ ေယာဂကစားမလား၊ ေရျပင္အေပ်ာ္စီးကစားနည္းေတြ ကစားမလား? ဒါမွမဟုတ္ ယဥ္ေက်းမႈဆိုင္ရာေတြကို ေလ့လာမလား၊ ႐ိုးရာအစားအေသာက္ေတြကို စားမလား? ဆိုတဲ့ အဓိက လုပ္လိုတဲ့ အခ်က္ေတြကို ဇနီးေမာင္ႏွံအတူ တိုင္ပင္ၿပီး စာရင္းျပဳစုပါ။ ႏွစ္ေယာက္အတူ လုပ္လိုတဲ့ အရာေတြကလည္း သင္တို႔သြားမယ့္ေနရာနဲ႔ ကိုက္ညီမယ့္အရာေတြျဖစ္သင့္ပါတယ္။ သြားမယ့္ ခရီးစဥ္က ေတာင္ႀကီး၊ ႏွစ္ေယာက္သေဘာတူ လုပ္ကုိင္လုိတာ ပင္လယ္ထဲ ေရကူူးခ်င္တာ ဆိုတာမ်ိဳးမျဖစ္ေအာင္ပါ။ အစီအစဥ္ဆြဲတဲ့အခါမွာလည္း ႐ိုး႐ိုးေလးနဲ႔ အနားယူလို႔ရႏိုင္မယ့္ အစီအစဥ္မ်ိဳးကိုဆြဲရမွာျဖစ္သလို ႏွစ္ေယာက္လံုးဆႏၵရွိတဲ့ အရာေတြျဖစ္ရပါမယ္။ ဦးစားေပးလုပ္ကိုင္လိုတာေတြ မ်ားေနရင္ေတာ့ မၿပီးၿပီး ေအာင္ သြားေနရသျဖင့္ မိမိတုိ႔ရဲ့ ပ်ားရည္ဆမ္းခရီးဟာ ေပ်ာ္ရႊင္စရာထက္ ပင္ပန္းၿပီး စိတ္ညစ္စရာ ေတာင္ ျဖစ္သြားႏိုင္ပါတယ္။

 

ေလ့လာစူးစမ္းပါ

 

လႈိင္းစီးတာ ဒါမွမဟုတ္ ေယာဂက်င့္တာေတြ လုပ္ခ်င္ေနတုန္းလား? ေကာင္းၿပီ အခုအခ်ိန္ဟာအဆိုပါ အေတြ႔အႀကံဳသစ္ေတြကို ေလ့လာစူးစမ္းလုပ္ကိုင္ဖို႔ အခ်ိန္ေကာင္းတစ္ခုပါ။ ဒါေပမယ့္ တစ္ခ်ိဳ႕လုပ္ခ်င္တာေတြက သင္အရဲစြန္႔ၿပီး လုပ္သင့္တဲ့အရာေတြ မဟုတ္ပါဘူး။ အသက္အႏၱရာယ္ စိုးရိမ္ရရင္ေတာ့ တစ္ခ်ိဳ႕ဟာေတြ မလုပ္ပါနဲ႔။ သင္က စူပါဟီး႐ိုးတစ္ေယာက္ မဟုတ္ပါဘူး။ လက္ေတြ႔ ဆန္ဆန္ပဲ လုပ္ပါ။

 

ခရီးစဥ္အခ်ိန္ဇယားအလြန္အကြ်ံမျဖစ္ပါေစနဲ႔

 

ဟန္းနီးမြန္းခရီးစဥ္အတြင္း သြားစရာ၊ လုပ္စရာအမ်ားႀကီး ထည့္သြင္းထားျခင္းမ်ိဳး ေရွာင္ၾကဥ္ပါ။ ခရီးစဥ္ကအျပန္ လုပ္ငန္းခြင္ျပန္လည္ဝင္ရဦးမယ္ဆိုတာကိုသတိရပါ။ ဒါေၾကာင့္ ဇနီးေမာင္ႏွံႏွစ္ဦးလံုး အတြက္ အမွတ္တရျဖစ္ေစမယ့္ အစီအစဥ္အခ်ိဳ႕ကိုဦးစားေပးၿပီး အျခားအေသးအဖြဲေတြအတြက္ အနည္း ငယ္ သာအခ်ိန္ကုန္ပါေစ။

 

Unicode ဖြင့် ဖတ်ရန်

ပျားရည်ဆမ်းခရီးထွက်ရန်အတွက် အကောင်းဆုံးအကြံပြုချက် ၅ ချက်

အောက်ဖော်ပြပါ အချက် ၅ ချက်အပေါ် သုံးသပ်လေ့လာကြည့်ခြင်းဖြင့် သင်တို့ မင်္ဂလာဦးဇနီးမောင်နှံ အတွက် ပြီးပြည့်စုံသော ပျားရည်စမ်းခရီးတစ်ခုကိုဖန်းတီးနိုင်မှာဖြစ်ပါတယ်။

ဘယ်လောက်သုံးမယ်ဆိုတာကို သတ်မှတ်ထားပါ
ခရီးသွားရင်လိုအပ်မယ့် အသုံးအဆောင်များ၊ အစားအသောက်များနှင့် သွားရောက်လည်ပတ်မည့် နေရာ များတွင် ဘယ်ဟိုတယ်၊ ဘယ်လေယာဉ်လိုင်းနဲ့ဘယ်လိုကားမျိုးကိုငှားမယ်ဆိုတာရယ် စတာတွေကို ကြိုတင်စဉ်းစားထားပါ။ ထို့အပြင် အခြားလိုအပ်မယ့် အသေးအဖွဲကိစ္စများအတွက် ကုန်ကျနိုင်မည့် စရိတ်စကများအတွက်ပါ ထည့်သွင်းစဉ်းစားပါ။

မျှော်မှန်းမထားသောအသေးသုံးများဖြစ်သည့် ဝင်ကြေးများ၊ တက္ကစီခများအတွက် ကြိုတင်စဉ်းစား ထည့်သွင်းမထားသဖြင့် သတ်မှတ်ကုန်ကျစရိတ်ထက် ပိုမိုသွားသဖြင့် ပျော်ရွှင်စရာ အိပ်မက်ခရီးလေး ဖြစ်မလာပဲ ငွေကြေးမလောက်မငဖြင့် စိတ်ထင့်နေရသောခရီးတစ်ခုဖြစ်သွားနိုင်ပါတယ်။ ထို့အတူ အိမ်အပြန် လက်ဆောင်တွေဝယ်ဖို့၊ လမ်းမှာတွေ့တဲ့ စားချင့်စဖွယ်အစားအသောက်တွေတွေ့ရင် ဝယ်စားဖို့ အတွက်ပါ ထည့်သွင်းတွက်ချက်ထားပါ။ သင်တို့ဇနီးမောင်နှံသွားမယ့်ခရီးဟာ နိုင်ငံရပ်ခြားဆိုရင် ကွန်ပျူတာအသစ် တစ်လုံးကဲ့သို့ ပိုက်ဆံခပ်များများနဲ့ပေးပြီး ဝယ်ရတဲ့ပစ္စည်းများအတွက်ပါ ထည့်သွင်း ထားပါ။ ထို့အတူ လေယာဉ်ခရီးစဉ်တွင် သယ်ဆောင်ခွင့်ရှိသည့် သတ်မှတ်ခရီးဆောင်အိတ် အလေးချိန် တွေကအစ ကြိုတင်စုံစမ်းထားရမည်။ အလေးချိန်ပိုနိုင်ပါကအပိုကြေးမည်မျှပေးရမည်ဆိုသည်ကိုပါ စုံစမ်းထားပါ။

ခရီးစဉ်တွင် သွားမည့်နေရာများအတွက် အချိန်သတ်မှတ်ထားပါ
ဘယ်သူမှတော့ ဟန်းနီးမွန်းခရီးကို တစ်လကိုးသီတင်းလုံး သွားတဲ့သူမရှိပါဘူး။ သုံးလေးရက်လောက်သာ သွားတဲ့သူများပါတယ်။ ဒါကြောင့် သွားတဲ့ခရီး ၃ ရက်လောက်ကို ၃ပါတ်ကြာ ခရီးကဲ့သို့ အကျိုးရှိရှိ ဖြစ်အောင် စီမံသင့်သည်။ ဒါကြောင့် ခရီးစဉ်ကိုရေးဆွဲရာတွင် နေရာတစ်ခုစီအတွက် အချိန်တစ်ခုစီနဲ့ သတ်မှတ်ပြီး ရေးဆွဲရမည်ဖြစ်သလို ခရီးသွားလျှင်ကြမည့် အချိန်တွေကိုပါ ထည့်သွင်းရေးဆွဲရမည်။

အဓိကလုပ်ကိုင်လိုသည်များကိုသာ ဦးစားပေးရွေးချယ်ပါ
ဟန်းနီးမွန်းခရီးစဉ်မှာ အဓိကလုပ်လိုတဲ့ အရာ၃ ခုလောက်ကို ဦးစားပေးလုပ်ဖို့ စဉ်းစားပါ။ ဥပမာ-ခရီးစဉ် ရောက်လျှင် အနှိပ်ခံမလား၊ ယောဂကစားမလား၊ ရေပြင်အပျော်စီးကစားနည်းတွေ ကစားမလား? ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာတွေကို လေ့လာမလား၊ ရိုးရာအစားအသောက်တွေကို စားမလား? ဆိုတဲ့ အဓိက လုပ်လိုတဲ့ အချက်တွေကို ဇနီးမောင်နှံအတူ တိုင်ပင်ပြီး စာရင်းပြုစုပါ။ နှစ်ယောက်အတူ လုပ်လိုတဲ့ အရာတွေကလည်း သင်တို့သွားမယ့်နေရာနဲ့ ကိုက်ညီမယ့်အရာတွေဖြစ်သင့်ပါတယ်။ သွားမယ့် ခရီးစဉ်က တောင်ကြီး၊ နှစ်ယောက်သဘောတူ လုပ်ကိုင်လိုတာ ပင်လယ်ထဲ ရေကူူးချင်တာ ဆိုတာမျိုးမဖြစ်အောင်ပါ။ အစီအစဉ်ဆွဲတဲ့အခါမှာလည်း ရိုးရိုးလေးနဲ့ အနားယူလို့ရနိုင်မယ့် အစီအစဉ်မျိုးကိုဆွဲရမှာဖြစ်သလို နှစ်ယောက်လုံးဆန္ဒရှိတဲ့ အရာတွေဖြစ်ရပါမယ်။ ဦးစားပေးလုပ်ကိုင်လိုတာတွေ များနေရင်တော့ မပြီးပြီး အောင် သွားနေရသဖြင့် မိမိတို့ရဲ့ ပျားရည်ဆမ်းခရီးဟာ ပျော်ရွှင်စရာထက် ပင်ပန်းပြီး စိတ်ညစ်စရာ တောင် ဖြစ်သွားနိုင်ပါတယ်။

လေ့လာစူးစမ်းပါ
လှိုင်းစီးတာ ဒါမှမဟုတ် ယောဂကျင့်တာတွေ လုပ်ချင်နေတုန်းလား? ကောင်းပြီ အခုအချိန်ဟာအဆိုပါ အတွေ့အကြုံသစ်တွေကို လေ့လာစူးစမ်းလုပ်ကိုင်ဖို့ အချိန်ကောင်းတစ်ခုပါ။ ဒါပေမယ့် တစ်ချို့လုပ်ချင်တာတွေက သင်အရဲစွန့်ပြီး လုပ်သင့်တဲ့အရာတွေ မဟုတ်ပါဘူး။ အသက်အန္တရာယ် စိုးရိမ်ရရင်တော့ တစ်ချို့ဟာတွေ မလုပ်ပါနဲ့။ သင်က စူပါဟီးရိုးတစ်ယောက် မဟုတ်ပါဘူး။ လက်တွေ့ ဆန်ဆန်ပဲ လုပ်ပါ။

ခရီးစဉ်အချိန်ဇယားအလွန်အကျွံမဖြစ်ပါစေနဲ့
ဟန်းနီးမွန်းခရီးစဉ်အတွင်း သွားစရာ၊ လုပ်စရာအများကြီး ထည့်သွင်းထားခြင်းမျိုး ရှောင်ကြဉ်ပါ။ ခရီးစဉ်ကအပြန် လုပ်ငန်းခွင်ပြန်လည်ဝင်ရဦးမယ်ဆိုတာကိုသတိရပါ။ ဒါကြောင့် ဇနီးမောင်နှံနှစ်ဦးလုံး အတွက် အမှတ်တရဖြစ်စေမယ့် အစီအစဉ်အချို့ကိုဦးစားပေးပြီး အခြားအသေးအဖွဲတွေအတွက် အနည်း ငယ် သာအချိန်ကုန်ပါစေ။

Read times Last modified on Wednesday, 19 September 2018 14:40
Rate this item
(1 Vote)