ကိုယ့္ခ်စ္သူကို ဆက္တြဲ သင့္၊ မသင့္ အခ်က္မ်ား

ကိုယ့္ခ်စ္သူကို ဆက္တြဲ သင့္၊ မသင့္ အခ်က္မ်ား google.com

ကိုယ္က အခ်စ္တစ္ခုပဲ ရွိေနရင္ေတာ့ မွားသြားပါလိမ့္မယ္။ ႏွလံုးသားနဲ႔ ပတ္သက္လာရင္ တစ္ခါတစ္ရံမွာ

ကိုယ္ခ်စ္တဲ့လူေၾကာင့္ ဘာကိုမွ မခ်ဳပ္တည္းႏိုင္ၾကပါဘူး။

 

ကုိယ့္ခ်စ္သူက ဒီေန႔ေတာ့ ကိုယ့္ကိုခ်စ္ၿပီး ေနာက္ရက္မွာ မခ်စ္သလိုျဖစ္ေနတာေတြေၾကာင့္ အစားပ်က္၊ အိပ္ေရးေတြပ်က္ၿပီး အ႐ူးလို ျဖစ္ေနရပါမယ္။

 

ထုိ႔ေၾကာင့္ အမ်ိဳးမ်ိဳးေသာ ခ်စ္သူေတြရဲ႕ အဆိုးဆံုး အက်င့္စ႐ုိက္အခ်ိဳ႕ကို ေအာက္တြင္ ေဖာ္ျပေပးလုိက္ပါတယ္။

 

အဆက္ေဟာင္းနဲ႔အဆက္အသြယ္ရွိျခင္း

 

ခ်စ္သူက အဆက္ေဟာင္းနဲ႔ ေျပာဆိုဆက္သြယ္ေနေသးတယ္ဆိုတာကေတာ့ သူကကုိယ့္အေပၚမွာ သစၥာမရွိတာပဲျဖစ္ပါတယ္။

 

ခ်စ္သူကို ေျပာင္းလဲဖို႔နဲ႔ သူ႔အဆက္ေဟာင္းကိုေမ့ၿပီး ကုိယ့္ကိုေရြးခ်ယ္ဖို႔ မတိုက္တြန္းလိုက္ပါနဲ႔။

 

အမ်ိဳးသား တစ္ေယာက္ ကိုယ့္ကို အျပည့္အဝ စိတ္ဝင္စားေအာင္ ကိုယ့္အေနနဲ႔ ရင္ဆုိင္တုိက္ခိုက္ရတာမ်ိဳး ကေတာ့ မျဖစ္သင့္ပါဘူး။

 

မိတ္ေဆြနဲ႔အဆက္အသြယ္ရွိျခင္း

 

ဒီလိုမ်ိဳးက ကိုယ့္မိတ္ေဆြ စြန္႔ပစ္ထားတာကို ယူေနရတာနဲ႔ တူပါတယ္။ အထူးသျဖင့္ သူ႔အားနည္းခ်က္ေတြ၊
မေကာင္းေၾကာင္းေတြကို သူငယ္ခ်င္း ေတြနဲ႔တူတူ အရင္တုန္းက ေဆြးေႏြးခဲ့ဖူးၾကပါလိမ့္မယ္။

 

ဒီလိုနဲ႔ ကိုယ္က သူ႔အေၾကာင္းသိ႐ုံတင္ မကေသး၊ ကုိယ့္ မိတ္ေဆြေတြ သူ႔အေပၚထားရွိတဲ့ ထင္ျမင္ခ်က္ေလးေတြပါ ကိုယ္က သိေနျပန္ပါတယ္။

 

ၿပီးေတာ့လည္း ကိုယ့္မိတ္ေဆြရဲ႕ အဆက္ေဟာင္းကိုခ်စ္မိေတာ့ အားလံုးက ႏွစ္ေယာက္လံုးအေပၚ
အျမင္ၾကည္လင္ၾကမွာ မဟုတ္ပါဘူး။

 

ႏွစ္ဦးစလံုးအတြက္ တူညီတဲ့ ျပႆနာရွိျခင္း

 

ကိုယ့္ကိုေတာ့ အိမ္ေထာင္တစ္ခုကိုတည္ေဆာက္ဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ ေျပာ၍ လမ္းခြဲခဲ့ၿပီး ေနာက္မွာ သူကေတာ့ ရည္းစားအသစ္နဲ႔ တြဲေနတာျဖစ္ပါတယ္။ ဒါဆိုရင္ သူကကိုယ္နဲ႔ အိမ္ေထာင္တစ္ခုကို မတည္ေဆာက္ခ်င္တာ ျဖစ္ႏုိင္ပါတယ္။

 

 

ေနာက္တစ္ခ်က္ကေတာ့ သူ႔ဘဝ အေျခအေန၊ အလုပ္ကိစၥ၊ အျခားအေၾကာင္းျပခ်က္ေတြေပးၿပီး ကိုယ္နဲ႔ အိမ္ေထာင္တစ္ခုကို အတည္တက်ျဖစ္ေအာင္ မတည္ေဆာက္ႏိုင္ေသးဘူးလို႔ ေျပာၿပီဆိုရင္ေတာ့ သူက ကိုယ့္ကို ႀကိဳးရွည္ရွည္နဲ႔ ဆြဲထားၿပီး ေနာက္က်ရင္ ကိုယ့္ကို ျဖတ္ပစ္ဖို႔ မ်ားပါတယ္။

 

Unicode ဖြင့်ဖတ်ရန်
ကိုယ့်ချစ်သူကို ဆက်တွဲသင့်၊ မသင့် ဆုံးဖြတ်ရမည့် အချက်များ
ကိုယ်က အချစ်တစ်ခုပဲ ရှိနေရင်တော့ မှားသွားပါလိမ့်မယ်။ နှလုံးသားနဲ့ ပတ်သက်လာရင် တစ်ခါတစ်ရံမှာ ကိုယ်ချစ်တဲ့လူကြောင့် ဘာကိုမှ မချုပ်တည်းနိုင်ကြပါဘူး။
ကိုယ့်ချစ်သူက ဒီနေ့တော့ ကိုယ့်ကိုချစ်ပြီး နောက်ရက်မှာ မချစ်သလိုဖြစ်နေတာတွေကြောင့် အစားပျက်၊ အိပ်ရေးတွေပျက်ပြီး အရူးလို ဖြစ်နေရပါမယ်။
ထို့ကြောင့် အမျိုးမျိုးသော ချစ်သူတွေရဲ့ အဆိုးဆုံး အကျင့်စရိုက်အချို့ကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
အဆက်ဟောင်းနဲ့အဆက်အသွယ်ရှိခြင်း
ချစ်သူက အဆက်ဟောင်းနဲ့ ပြောဆိုဆက်သွယ်နေသေးတယ်ဆိုတာကတော့ သူကကိုယ့်အပေါ်မှာ သစ္စာမရှိတာပဲဖြစ်ပါတယ်။
ချစ်သူကို ပြောင်းလဲဖို့နဲ့ သူ့အဆက်ဟောင်းကိုမေ့ပြီး ကိုယ့်ကိုရွေးချယ်ဖို့ မတိုက်တွန်းလိုက်ပါနဲ့။
အမျိုးသား တစ်ယောက် ကိုယ့်ကို အပြည့်အဝ စိတ်ဝင်စားအောင် ကိုယ့်အနေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာမျိုး ကတော့ မဖြစ်သင့်ပါဘူး။
မိတ်ဆွေနဲ့အဆက်အသွယ်ရှိခြင်း
ဒီလိုမျိုးက ကိုယ့်မိတ်ဆွေ စွန့်ပစ်ထားတာကို ယူနေရတာနဲ့ တူပါတယ်။ အထူးသဖြင့် သူ့အားနည်းချက်တွေ၊
မကောင်းကြောင်းတွေကို သူငယ်ချင်း တွေနဲ့တူတူ အရင်တုန်းက ဆွေးနွေးခဲ့ဖူးကြပါလိမ့်မယ်။
ဒီလိုနဲ့ ကိုယ်က သူ့အကြောင်းသိရုံတင် မကသေး၊ ကိုယ့် မိတ်ဆွေတွေ သူ့အပေါ်ထားရှိတဲ့ ထင်မြင်ချက်လေးတွေပါ ကိုယ်က သိနေပြန်ပါတယ်။
ပြီးတော့လည်း ကိုယ့်မိတ်ဆွေရဲ့ အဆက်ဟောင်းကိုချစ်မိတော့ အားလုံးက နှစ်ယောက်လုံးအပေါ်
အမြင်ကြည်လင်ကြမှာ မဟုတ်ပါဘူး။
နှစ်ဦးစလုံးအတွက် တူညီတဲ့ ပြဿနာရှိခြင်း
ကိုယ့်ကိုတော့ အိမ်ထောင်တစ်ခုကိုတည်ဆောက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြော၍ လမ်းခွဲခဲ့ပြီး နောက်မှာ သူကတော့ ရည်းစားအသစ်နဲ့ တွဲနေတာဖြစ်ပါတယ်။ ဒါဆိုရင် သူကကိုယ်နဲ့ အိမ်ထောင်တစ်ခုကို မတည်ဆောက်ချင်တာ ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်ကတော့ သူ့ဘဝ အခြေအနေ၊ အလုပ်ကိစ္စ၊ အခြားအကြောင်းပြချက်တွေပေးပြီး ကိုယ်နဲ့ အိမ်ထောင်တစ်ခုကို အတည်တကျဖြစ်အောင် မတည်ဆောက်နိုင်သေးဘူးလို့ ပြောပြီဆိုရင်တော့ သူက ကိုယ့်ကို ကြိုးရှည်ရှည်နဲ့ ဆွဲထားပြီး နောက်ကျရင် ကိုယ့်ကို ဖြတ်ပစ်ဖို့ များပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 14:39
Rate this item
(1 Vote)