အရမ်းချစ်လို့ သတိမမူမိတဲ့အမှားများ

အရမ်းချစ်လို့ သတိမမူမိတဲ့အမှားများ google.com

ချစ်မိတဲ့ ချစ်သူတိုင်းမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ အမှားပြုလုပ်မိလေ့ရှိကြပါတယ်။

အမှားဆိုတာ ဖြစ်လေ့ရှိတဲ့အတွက် မရည်ရွယ်တဲ့အမှားမျိုးဆိုရင် ခွင့်လွှတ်ပေးရင်တော့ နှစ်ဖက်အဆင်ပြေပါလိမ့်မယ်။

 

ခွင့်လွှတ်နိုင်လောက်တဲ့ အမှားလုပ်မိသူကို အပြစ်မဆိုပဲ၊ နောက်မဖြစ်ဖို့ကိုသာ တောင်းဆိုရမှာဖြစ်ပါတယ်။

 

တစ်ဦးအပေါ်တစ်ဦး စိုးရိမ်လွန်ကဲခြင်း



သူ ငါမသိအောင် ဘာတွေမဟုတ်တာ လုပ်နေပြီလဲ။ သူ့ကိုမပြောထားတာ ဘာတွေများ ရှိနေပြီလဲ ဆိုပြီး တစ်ခါတစ်လေ စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ်။

 

အဲဒါကို အမျိုးသားတွေဘက်က နားလည်အောင် သေချာရှင်းပြဖို့ လိုပါတယ်။ အမျိုးသမီးတွေဘက်ကလည်း စိုးရိမ်မှုလွန်ကဲရင် သံသယဖြစ်လာတတ်တာ သတိပြုရမှာဖြစ်ပါတယ်။

 

တစ်ဦးအပေါ်တစ်ဦး စကားပြောများခြင်း


စကားများခြင်းဟာ အဆိုးမဟုတ်သလို အမှားတော့မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် စကားပိုပြောတတ်ကြတာ သဘာဝဖြစ်ပါတယ်။

 

နားမထောင်ချင်တော့ဘူးဆိုရင် သင်ဆက်တိုက်ပြောဖို့ တစ်ခုခု ရှာကြံစဉ်းစားလိုက်ပါ။ ဒါမှမဟုတ် သူမ မသိတဲ့ အရာတစ်ခုကို ပြောဖို့ စဉ်းစားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စကားများတယ် ဆိုတာလည်း ခွင့်လွှတ်လို့ ရတဲ့အရာဖြစ်ပါတယ်။



တစ်ဦးအပေါ်တစ်ဦး ဆရာလုပ်ခြင်း

 

အမျိုးသားတွေထဲမှာလည်း ဆရာလုပ်တတ်သူရှိသလို အမျိုးသမီးတွေထဲမှာလည်း ဆရာလုပ်တတ်သူတွေရှိပါတယ်။

 

သူ့မျိုးရိုးနဲ့ သူလာတာဖြစ်ပြီး ယောက်ျား၊ မိန်းမနဲ့ မဆိုင်လှပါဘူး။ အများရှေ့မှာ သင့်ကို သိက္ခာကျအောင် မပြောသရွေ့ သူဆရာလုပ်တာကို သင်ခွင့်လွှတ် သင့်ပါတယ်။


Read times Last modified on Wednesday, 19 September 2018 14:38
Rate this item
(1 Vote)