ကိုယ့်ချစ်သူကောင်မလေးကို ပျော်ရွှင်စေတဲ့ အချက်များ

ကိုယ့်ချစ်သူကောင်မလေးကို ပျော်ရွှင်စေတဲ့ အချက်များ google.com

ကိုယ့်ချစ်သူကောင်မလေးက စိတ်ဓာတ်ကျနေတဲ့အခါ ကောင်လေးက ဘယ်လို

အားပေးရမှန်းမသိ ဖြစ်တတ်ကြပါတယ်။ အောက်ပါအချက်လေးများက ကိုယ့်ချစ်သူကောင်မလေး စိတ်ဓာတ်မကျအောင် ပြုလုပ်နိုင်မယ့် အချက်ကလေးပဲဖြစ်ပါတယ်။

 

ကိုယ့်ချစ်သူလေးကို စိတ်ချမ်းသာအောင် ပြုလုပ်ပေးခြင်း

 

တချို့ကတော့ ဒါကို အသေးအဖွဲလို့ ထင်ရပေလိမ့်မယ်။ ကိုယ့်ချစ်သူကောင်မလေးကို စိတ်ချမ်းသာအောင်ပြုလုပ်ပေးလိုက်တာက သူ့အပေါ် ဘယ်လောက် သံယောဇဉ်ရှိသလိုဆိုတာ သက်သေပြခြင်းပဲဖြစ်ပါတယ်။

 

Read more >>>> https://www.weddingguide.com.mm/news-tips/tips/item/629-mistake.html

အမြဲ သတင်းမေးမြန်းခြင်း

 

ကိုယ့်ကောင်မလေး မပျော်မရွှင်ဖြစ်နေတာ သူစိတ်ဖိစီးမှုများနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာဆိုရင် သူစိတ်ဖိစီးမှုလျော့ကျသွားအောင် ဖုန်းတာမျိုး၊ စာတိုပို့တာမျိုးများ ပြုလုပ်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သင်စာတိုပို့တာ သူ့ဆီရောက်လာတဲ့အခါ သူစိတ်ပျော်ရွှင်လာစေမှာဖြစ်ပါတယ်။

 

ကိုယ့်ချစ်သူကောင်မလေးကို အချိန်ပေးခြင်း

 

စနေ၊ တနင်္ဂနွေ တစ်ရက် ရက်လောက်တော့ ကိုယ့်ချစ်သူစိတ်ပျော်ရွှင်လာအောင် အချိန်ပေးသင့်ပါတယ်။ ကိုယ့်ချစ်သူနဲ့နှစ်ဦးသား အတူတူ ဘုရားသွားတာမျိုး၊ စားသောက်ဆိုင်သွားတာမျိုး၊ ပန်းဥယျာဉ်သွားတာမျိုးတို့ကလည်း ကိုယ့်ချစ်သူစိတ်ကို ပျော်ရွှင်လာအောင် ပြုလုပ်နိုင်ပါတယ်။

 

နားထောင်ပေးခြင်း

 

ကိုယ့်ချစ်သူ စိတ်မကောင်းဖြစ်တဲ့အရာများ ပြောရင်လည်း ကိုယ့်ဘက်က နားထောင်ပေးလိုက်ပါ။ သူ့ဘက်က ပြောတဲ့စကားများ သင့်ကို ပြောလိုက်ခြင်းဖြင့် သူစိတ်သက်သာရာ ရသွားစေပါလိမ့်မယ်။ ဒါကို သင်ကနားလည်ပေးဖို့ပဲလိုပါတယ်။ သင့်ကို သူ့ကိစ္စများ ဖြေရှင်းခိုင်းဖို့မဟုတ်ပါ။

 

နှစ်ဦးအတူ ပျော်စရာများဖန်တီးခြင်း

 

ပိတ်ရက်တစ်ရက်ရက်မှာ ကိုယ့်ချစ်သူကောင်မလေးနဲ့အတူ နှစ်ယောက်သား စိတ်ပျော်ရွှင်စေမယ့် ဂိမ်းကစားတာမျိုး၊ ဟာသကားကြည့်တာမျိုးများ လုပ်ပေးသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:38
Rate this item
(2 votes)