ပျော်ပျော်နေတတ်တဲ့ကောင်မလေးကိုရထားတဲ့သူတွေအတွက် ကောင်းကျိုး (၅) ချက်

ပျော်ပျော်နေတတ်တဲ့ကောင်မလေးကိုရထားတဲ့သူတွေအတွက် ကောင်းကျိုး (၅) ချက် google.com

ပျော်ရွှင်ရယ်မောနေတဲ့သူကိုလိုက်ကြည့်ရင်း စိတ်ချမ်းသာရသလို

သူ့ကိုလိုက်ကြည့်ပြီးရယ်မောမိလောက်အောင်ပဲ အပျော်တွေကူးစက်စေတတ်ပါတယ်။ ဒီလိုပျော်ပျော်နေတတ်တဲ့ချစ်သူကောင်မလေးမျိုးကိုရထားတဲ့ကောင်လေးတွေအတွက်ကတော့ အချစ်ရေးမှာပျော်စရာအတိပဲပေါ့။ သူုတို့ကိုရထားတဲ့အတွက် ဘယ်လိုကောင်းကျိုးချမ်းသာတွေခံစားရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

 

(၁) ရယ်စရာပြောတတ်တယ်

မိန်းကလေးတွေထဲမှာ ဟာသဥာဏ်ရှိပြီး ရယ်စရာတွေပြောတတ်တဲ့မိန်းကလေးကရှားပါတယ်။ ပျော်ပျော်နေတတ်တဲ့ကောင်မလေးတွေကတော့ ရယ်စရာဟာသတွေပြောပြီး နံဘေးကလူတွေကိုပါပျော်ရွှင်မှုတွေခံစားရစေပါတယ်။ ဒီလိုကောင်မလေးမျိုးကိုချစ်သူတော်ထားရတဲ့ကောင်လေးအတွက်တော့ အချိန်ပြည့်ပျော်ရွှင်မှုကိုခံစားရနေမှာပါ။

 

(၂) ပွင့်ပွင်းလင်းလင်းနေတတ်တယ်

ဒီလိုမိန်းကလေးတွေဟာ ပွင့်ပွင့်လင်းလင်းနေတတ်ကြပါတယ်။ စိတ်ထဲမှာဖြစ်နေတာကို ပွင့်လင်းစွာထုတ်ဖော်ဝန်ခံတတ်တဲ့အတွက် သူတို့စိတ်ဆိုးစိတ်ကောက်လည်းခဏပါပဲ။ အင်းမလုပ် အဲမလုပ်နဲ့ မြုံစိစိမလုပ်တတ်တဲ့သူတွေဖြစ်တာကြောင့် ပြဿနာတစ်ခုဖြစ်ရင် ဘာခံစားနေရလဲဆိုတာ ချက်ချင်းသိနိုင်ပြီး ညှိနှိုင်းဖြေရှင်းဖို့အတွက် လွယ်ကူစေပါတယ်။

 

516250041

 

(၃) အကောင်းမြင်တတ်တဲ့စိတ်ထားရှိတယ်

ပျော်ပျော်နေတတ်တဲ့ကောင်မလေးတွေဟာ အကောင်းမြင်တတ်တဲ့စိတ်ထားလည်းရှိကြပါတယ်။ ကြုံလာတဲ့အခက်အခဲတွေကိုအကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်ကြပြီး အဆင်မပြေမှုတွေနဲ့ကြုံလာတဲ့အခါ အဆိုးမမြင်ဘဲ အကောင်းဖက်ကနေသာ ပြေလည်အောင်ဖြေရှင်းနိုင်ကြပါတယ်တဲ့။ ဒါ့ကြောင့် ပျော်ပျော်နေတတ်တဲ့သင့်ချစ်သူကောင်မလေးဟာ သင့်ရဲ့အခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် အားတစ်ခုဖြစ်စေမှာအသေအချာပါပဲ။

 

(၄) ညှိနှိုင်းတိုင်ပင်လို့ရတယ်

အချို့ဒေါသကြီးတတ်တဲ့မိန်းကလေးတွေဟာ ပြဿနာတစ်ခုဖြစ်လာတဲ့အခါ ဘာကြောင့်ပြဿနာဖြစ်ရလဲဆိုတဲ့အရင်းအမြစ်ကိုသိအောင်လုပ်ဖို့မကြိုးစားဘဲ လွယ်လွယ်စိတ်ဆိုးဒေါသထွက်တတ်ကြပါတယ်။ ပျော်ပျော်နေတတ်တဲ့ကောင်မလေးတွေကတော့ ပြဿနာရဲ့အရင်းအမြစ်ကိုအရင်ဦးဆုံးလေ့လာတတ်ကြပါတယ်။ သူတို့တွေဟာ စိတ်ဆိုးစိတ်ကောက်ကြတယ်ဆိုရင်တောင် အနည်းဆုံးတော့ ရှင်းပြလို့ရပြီး ညှိနှိုင်းတိုင်ပင်မှုကိုလည်း လက်သင့်ခံနိုင်ကြတဲ့မိန်းကလေးမျိုးတွေပဲဖြစ်ပါတယ်။

 

(၅) လူအများနဲ့တည့်အောင်ပေါင်းသင်းနိုင်တယ်

ပျော်ပျော်နေတတ်တဲ့ကောင်မလေးတွေဟာ စိတ်နှလုံးသားဖြူစင်ကြသလို လူတိုင်းနီးပါးနဲ့တည့်အောင်ပေါင်းသင်းနေထိုင်ကြပါတယ်။ ဒီလိုလူမျိုးကိုချစ်သူအဖြစ်ရွေးချယ်ထားတဲ့ကောင်လေးတွေအတွက်တော့ သင့်မိသားစု၊ ဆွေမျိုးအပေါင်းအသင်း၊ သူငယ်ချင်းများနဲ့ သင့်ကောင်မလေးဟာ သဟဇာတဖြစ်နေမှာ သေချာပါတယ်။ သူတို့ရဲ့ အပြောအဆိုချိုချိုလေးတွေ၊ အပြုံးလှလှလေးတွေက သင့်ဘ၀တစ်လျှောက်အတွက် အိမ်ထောင်ဖက်အဖြစ်ရွေးချယ်သင့်တဲ့သူဆိုတာကိုလည်း သက်သေပြနေပါတယ်။

 

Read More: ချစ်သူနဲ့အတူခရီးသွားခြင်းဖြင့်ဒီလိုအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်
Travel Loving Engagement Photos in Banff Terry Photo Co 7 600x400

 

Source – Aunty May

Read times Last modified on Wednesday, 19 September 2018 10:52
Rate this item
(2 votes)