အိမ်ထောင်သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ဇနီးမောင်နှံများဟာ လက်ထပ်ပြီးခါစဇနီးမောင်နှံများထက် ပိုမိုပျော်ရွှင်ရတယ်လို့သိရ

အိမ်ထောင်သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ဇနီးမောင်နှံများဟာ လက်ထပ်ပြီးခါစဇနီးမောင်နှံများထက် ပိုမိုပျော်ရွှင်ရတယ်လို့သိရ google.com

သင့်ရဲ့အိမ်ထောင်သက်တမ်းဟာ အနည်းဆုံး အနှစ် ၂၀ ခန့်ရှိသွားပြီဆိုပါစို့။ ဒါဆိုရင်တော့ သင်ဟာ ပျော်ရွှင်စရာများနဲ့ပြည့်နှက်နေတဲ့

အိမ်ထောင်ရေးကိုရရှိထားပါပြီ။ အိမ်ထောင်သက်တမ်း အနှစ် ၂၀ နဲ့အထက်ကြာမြင့်နေပြီဖြစ်တဲ့ အိမ်ထောင်ရေးဟာ လက်ထပ်ပြီးခါစဇနီးမောင်နှံဆက်ဆံရေးထက် ပိုမိုပျော်ရွှင်တဲ့အခြေအနေကို ပိုင်ဆိုင်ထားတယ်လို့ အမေရိကန်သတင်းစာစောင်တစ်ခုဖြစ်တဲ့ Social Networks and the Life Course မှာဖော်ပြထားပါတယ်။

 

Pennsylvania ပြည်နယ်နဲ့ Brigham Young တက္ကသိုလ်များမှာရှိတဲ့ သုတေသနပညာရှင်များရဲ့အဆိုအရ အဆိုပါသက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ အိမ်ထောင်သည်တွေဟာ အခုမှပျားရည်ဆမ်းခရီးစထွက်တဲ့ညားခါစလင်မယားထက် အချိန်ကာလတစ်ခုကို အတူတူကျော်ဖြတ်လာခဲ့ရတဲ့အတွက် ပိုမိုရင်းနှီးတဲ့ ရင်ခုန်သံတွေ၊ ကြာရှည်တည်ဆောက်လာခဲ့တဲ့ သံယောဇဉ်တွေ၊ ချစ်ခြင်းတရားတွေကြောင့် ပိုပြီးသာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ရရှိနေတာဖြစ်တယ်လို့သိရပါတယ်။

 

အဆိုပါ သုတေသနပညာရှင်တွေဟာ အိမ်ထောင်သည် ၂၀၃၄ ယောက်ကိုစစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး စစ်တမ်းကောက်ယူခဲ့တဲ့ အမျိုးသမီးများရဲ့ပျမ်းမျှအသက်ဟာ ၃၅ နှစ်ခန့်ရှိပြီး အမျိုးသားများရဲ့ပျမ်းမျှအသက်ကတော့ ၃၇ နှစ်ခန့်ရှိတယ်လို့သိရပါတယ်။

 

အဆိုပါ ပညာရှင်တွေကောက်ယူခဲ့တဲ့ သုတေသနစစ်တမ်းအရ အိမ်ထောင်သည်အများစုဟာ အိမ်ထောင်သက်တမ်းအနှစ် ၂၀ မတိုင်ခင်မှာ အဆင်မပြေမှုတွေ၊ သဘောထားကွဲလွဲမှုတွေ၊ ညှိနှိုင်းလို့မရတဲ့အခြေအနေတွေကြောင့် ကွာရှင်းပြတ်စဲမှုတွေရှိကြပေမယ့် အိမ်ထောင်သက်တမ်းအနှစ် ၂၀ ကိုကျော်လွန်သွားရင်တော့ တည်ငြိမ်ရင့်ကျက်မှုတွေ၊ နှစ်ဦးကြားက ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်မှုတွေ၊ ကွယ်ဝှက်ထားခြင်းမရှိတဲ့ နှစ်ဦးသားအကြောင်းတွေကြောင့် အိမ်ထောင်ရေးဟာပိုမိုခိုင်မြဲလာရတာဖြစ်တယ်လို့သိရပါတယ်။

 

Read More: တက္ကသိုလ်ကျောင်းသားဘ၀ရဲ့အချစ်ဇာတ်လမ်းလေးတွေ
macho tomando foto con amigos de la universidad en el parque 13339 21684

Read times Last modified on Wednesday, 19 September 2018 10:46
Rate this item
(0 votes)