သန္ဓေတားဆေးသောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများ

သန္ဓေတားဆေးသောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများ google.com

ကိုယ်ဝန်မရဖို့အတွက် တားဆေးသောက်နေကြတဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ဒီလို သန္ဓေတားဆေးတွေဟာ ကြာကြာသောက်လို့

မကောင်းတဲ့အရာတွေဖြစ်သလို ဘေးထွက်ဆိုးကျိုးတွေလည်း သေချာပေါက် ရှိပါတယ်။

 

အိမ်ထောင်ရှင် အမျိုးသမီးများ နေ့စဉ်သောက်ရတဲ့ သန္ဓေတားဆေးထက် အရေးပေါ် သန္ဓေတားဆေးများက ပိုပြီး ထိခိုက်မှု ပြင်းထန်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေဟာ အရေးပေါ် သန္ဓေတားဆေးများကို ပြင်းပြင်းထန်ထန် ပိတ်ပင်ကြပြီး တရားဝင်ရောင်းချခွင့်လည်း မပြုထားပါဘူး။ သို့သော် အမျိုးသမီး အတော်များများကတော့ ထိုဆေးတွေရဲ့ ဆိုးကျိုးကိုမသိဘဲ အမြဲလိုလို သောက်သုံးနေကြပါတယ်။ အဆိုးရွားဆုံးကတော့ သားအိမ်မှာ ပြဿနာရှိလာနိုင်ပြီး ရင်သွေးမရတော့သည်အထိ ဖြစ်လာနိုင်ပါတယ်။

 

သန္ဓေတားဆေးများ သောက်သုံးခြင်း၏ အဓိက ဆိုးကျိုးလက္ခဏာများကတော့

 

၁။ မိန်းမကိုယ်မှိုရောဂါတစ်မျိုးဖြစ်တဲ့ အဖြူစွဲခြင်း

 

၂။ ခေါင်းမူး၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း

 

၃။ ကိုယ်အလေးချိန်တက်လာခြင်း

 

၎။ကိုယ်လက်မအီမသာဖြစ်ခြင်း ၊ ပျို့ချင်အန်ချင်ဖြစ်ခြင်း

 

၅။ စိတ်မကြည်မလင်ဖြစ်ခြင်း

 

၆။ ရင်သားနာကျင်ခြင်း နှင့် ရင်သားအရွယ်အစား ပြောင်းလဲလာခြင်း

 

၇။ ပုံမှန်မဟုတ်သော သွေးဆင်းခြင်း

 

၈။ သွေးခဲများကျခြင်း ( ဒီအခြေအနေကတော့ ဖြစ်လေ့ဖြစ်ထ အလွန်နည်းပြီး ဖြစ်လာပြီဆိုလျှင်တော့ ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ကုသဖို့ လိုပါတယ်။)

 

၉။ အမြင်အာရုံချို့ယွင်းလာခြင်း

 

၁၀။ လိင်ပိုင်းဆိုင်ရာကိစ္စများတွင် စိတ်အားထက်သန်မှု နည်းပါးလာခြင်း စသည်တို့ ဖြစ်ပါတယ်။

 

Credit: CHAN (ရွှေအင်းလေး)

Read times Last modified on Wednesday, 19 September 2018 10:44
Rate this item
(2 votes)