ချစ်သူတွေကြားမှာ တစ်ယောက်ကို တစ်ယောက် မလွှမ်းမိုးမိပါစေနဲ့

ချစ်သူတွေကြားမှာ တစ်ယောက်ကို တစ်ယောက် မလွှမ်းမိုးမိပါစေနဲ့ google.com

ချစ်တာနဲ့ ကိုယ်ကြိုက်တာပဲ လိုက်လုပ်ပေးရမယ်။ နေပေးရမယ် ဆိုတာကတော့ မတရားဘူးနော်။ ချစ်တယ်ဆိုရင် ကိုယ်ချစ်သူလေးကို

 

သူ့စိတ်နဲ့သူ ပျော်သလို နေပါစေ။

 

ချစ်သူတွေရယ်လို့ဖြစ်လာရင်တစ်ယောက်ကိုတစ်ယောက်ကပြောင်းလဲချင်စိတ်တွေဖြစ်လာတတ်ပါတယ်နော်။ကိုယ့်ချစ်သူကိုကိုယ်ကြိုက်တဲ့ပုံစံအတိုင်းနေပေးဖို့တောင်းဆိုလာတတ်ပါတယ်။

 

ဒါမှမဟုတ်လည်းအချင်းချင်းလွှမ်းမိုးချင်လာတတ်ပါတယ်။ဒီလိုတွေမဖြစ်ရလေအောင် ပြောပြပေးမယ်နော်။ ချစ်သူတွေ

 

ကြားမှာသဝန်တိုတတ်တဲ့အကြောင်းကိုလည်းပြောပြထားတယ်နော်။

 

လက်ခံပါ

 

ကိုယ်ချစ်သူ့ရဲ့ ပင်ကိုယ်ပုံစံလေးကို လက်ခံတတ်ပါစေ။ ဒီလိုလေးနေပါလား။ ဟိုလိုလေး နေပါလား ဆိုပြီး မသိမသာ ပြောင်းလဲလိုက်တာမျိုးကို အကြံပေးရုံလောက်ပဲ ပြုလုပ်ပါ။

 

 

အတင်းအကျပ် မတောင်းဆိုပါနဲ့။ပင်ကိုယ်ပုံစံဆိုတာကတော့ ပြောင်းလဲရမလွယ်ကူသလို ပြောင်းလဲလိုက်မယ်ဆိုရင်လည်း ကိုယ်ပိုင် ပုံစံမဟုတ်တဲ့အတွက် ကြာကြာ ခံမှာ မဟုတ်တဲ့အတွက်မို့လို့ပါ။

 

ချစ်သူအချင်းချင်းရဲ့ အပြုအမူ အကျင့်လေးတွေကို လက်ခံတတ်ပါစေနော်။ မတူညီတာတွေကို ညှိနှိုင်းဖို့ထက် လက်ခံပေးနိုင်ဖို့ ကြိုးစားပါနော်။

 

မလွှမ်းမိုးမိပါစေနဲ့

 

ချစ်တာနဲ့ ကိုယ်ကြိုက်တာပဲ လိုက်လုပ်ပေးရမယ်။ နေပေးရမယ် ဆိုတာကတော့ မတရားဘူးနော်။ ချစ်တယ်ဆိုရင် ကိုယ်ချစ်သူလေးကို သူ့စိတ်နဲ့သူ ပျော်သလို နေပါစေ။

 

 

ကိုယ့်အရိပ်အရောင်လေးတွေ မလွှမ်းမိုးမိပါစေနဲ့။ ကိုယ်တိုင်လည်း အလွှမ်းမိုး မခံပါနဲ့နော်။ လူအလို နတ်မလိုက်နိုင် ဆိုတဲ့အတိုင်း ကိုယ့်ချစ်သူလေးရဲ့အကြိုက်လို့လိုက်ပြီးကိုယ်ပိုင်စရိုက်ကို

 

 ပြောင်းလဲလိုက်မယ်ဆိုရင်တော့ကိုယ်တိုင်လည်း ပျော်ရွှင်ရမှာမဟုတ်လို့ပါ။တစ်ယောက်ကိုတစ်ယောက်ကလွှမ်းမိုးတာမျိုးမလုပ်ဘဲမတူညီတဲ့အပိုင်းလေးတွေစုပေါင်းပြီးတစ်ခုတည်း

 

 ဖြစ်သွားတာမျိုးဆိုရင်တော့ချစ်သူတွေကြားမှာရှိတဲ့ချစ်ခြင်းတွေက ပိုမိုခိုင်မာစေနိုင်တဲ့အတွက်ပါ။လွှမ်းမိုးတယ်ဆိုတာကတော့ချစ်သူတွေကြားမှာသူ့ကိုကိုယ်လွှမ်းမိုးနေတာလည်းမကောင်းသလို

 

ကိုယ့်ကိုသူပြန်လွှမ်းမိုးတာလည်းမကောင်းပါဘူးနော်။တစ်ယောက်ချင်းစီမှာရှိတဲ့စရိုက်လေးတွေကိုလက်ခံပေးပြီးကြည်နူးစရာနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေ……….

 

Credit;Marry

Read times Last modified on Wednesday, 19 September 2018 10:42
Rate this item
(1 Vote)