အချစ်ရေးမှာ တစ်ဦးနဲ့တစ်ဦး ခိုင်မာသောယုံကြည်မှု တည်ဆောက်နည်းများ

အချစ်ရေးမှာ တစ်ဦးနဲ့တစ်ဦး ခိုင်မာသောယုံကြည်မှု တည်ဆောက်နည်းများ googloe.com

လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ အရေးကြီးဆုံးအရာက တစ်ဦးအပေါ်တစ်ဦး ယုံကြည်ဖို့ပါပဲ။ အချစ်ရေးမှာလည်း ယုံကြည်မှုရှိဖို့အဓိက ဖြစ်ပါတယ်။ ဒီတော့

တစ်ယောက်နဲ့တစ်ယောက်အပေါ် ယုံကြည်မှုတွေ တည်ဆောက်ဖို့ ဒီအချက်တွေက အကူအညီဖြစ်စေပါလိမ့်မယ်။

(၁) ပိုကောင်းတဲ့ဆက်သွယ်ခြင်း

တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုဟာ တကယ်ကိုပဲအရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦး ချိန်းတွေ့တာ၊ ဖုန်းပြောတာ၊ စာပို့တာတွေကို အချိန်မှန်မှန် မပျက်မကွက် လုပ်ပေးရပါမယ်။

သူမပါတဲ့နေရာတွေသွားရင်လည်း ဘယ်နေရာသွားတယ်၊ ဘယ်သူနဲ့သွားတယ်၊ ဘာကိစ္စနဲ့သွားတယ် ဆိုတာကို အမှန်အတိုင်း ရှင်းရှင်းလင်းလင်း ပြောပြထားရပါမယ်။ ဒီလိုမပြတ် ဆက်သွယ်ခြင်းအားဖြင့်

ယုံကြည်မှုတွေ ခိုင်မာလာမှာပါ။

 

(၂) စာနာစိတ်ထားပါ

သင့်ချစ်သူကို သင်တကယ်ချစ်ရင် စာနာစိတ်အမြဲထားပါ။ သူ့မှာချို့ယွင်းချက်တွေ ရှိနေခဲ့ရင်လည်း သင်နားလည် ခွင့်လွှတ်ပေးပါ။ သူ့မှာ မိသားစုကိစ္စပဲဖြစ်ဖြစ်၊ အရင်အချစ်ဟောင်းကြောင့်ပဲဖြစ်ဖြစ်

ဒဏ်ရာတွေရှိနေနိုင်ပါတယ်။ ဒါတွေကိုလည်း သင်က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်နားလည်ပေးလိုက်ပါ။ သူမကြိုက်တဲ့ အရာတွေကိုလည်း တတ်နိုင်သလောက် ရှောင်ပေးပါ။

သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ စိတ်လေးထားလိုက်ပါ။

 

(၃) တိုးတက်သော ဆက်ဆံရေး

သင်တို့ရဲ့ဆက်ဆံရေး အခြေအနေတိုးတက်လာအောင် နှစ်ဦးနှစ်ဖက် အမြဲကြိုးစားသင့်ပါတယ်။ သူဝမ်းနည်းတဲ့အခါ နှစ်သိမ့်ပေးခြင်း၊ သူစိတ်ဓာတ်ကျတဲ့အခါ စိတ်ခွန်အားပေးခြင်းတွေဟာ သင်တို့နှစ်ယောက်ရဲ့

ဆက်ဆံရေးကို အမျာကြီးတိုးတက်လာစေမှာဖြစ်ပါတယ်။ ဒါမှတစ်ယောက်အကြောင်း တစ်ယောက်ပိုသိပြီး ယုံကြည်လာမှာဖြစ်ပါတယ်။

 

(၄) ပြသနာရှိလာတဲ့အခါ စိတ်မရှုပ်ထွေးနဲ့

ချစ်သူနှစ်ယောက်ကြားမှာ ကတောက်ကဆ ဖြစ်တာလေးတွေကတော့ အမြဲတမ်းဖြစ်နေမှာပဲ။ အသေးအမွှားလေး ကိစ္စပဲဖြစ်ဖြစ်၊ ကြီးမားတဲ့ပြသနာပဲဖြစ်ဖြစ် သင့်စိတ်ကိုအေးအေးထားပြီး ဖြေရှင်းပါ။

ပြသနာတစ်ခုကို ဖြေရှင်းသွားတဲ့ သင့်ရဲ့တည်ငြိမ်မှု၊ လိမ္မာပါးနပ်မှုတွေက သင့်ကို သူပိုမိုယုံကြည်လာစေနိုင်မှာပါ။

 

(၅) လျှို့ဝှက်ချက်တွေမထားပါနဲ့

တစ်ခါတလေ ကိုယ့်ရဲ့ personal ကိစ္စလေးတွေကို လျှို့ဝှက်ထားတာကောင်းတယ် ဆိုပေမယ့် ချစ်သူနှစ်ယောက်ကြားမှာတော့ မလျှို့ဝှက်သင့်ပါဘူးနော်။ တကယ်လို့ သင်လျှို့ဝှက်ထားတဲ့ ကိစ္စဟာ

နောက်မှပေါ်သွားတယ်ဆိုရင် သင့်ကိုသူ ယုံကြည်ဖို့ခက်ခဲသွားမှာ ဖြစ်တဲ့အတွက် အစကတည်းက ဘာကိုမှ လျှို့ဝှက်မထားတာ အကောင်းဆုံးပါ။ သင့်ချစ်သူသာ လျှို့ဝှက်ပြီး နားလည်ရခက်နေရင် သင်ရောယုံကြည်နိုင်ပါ့မလား။

(၆) ငြင်းပယ်တတ်ပါ

သင့်ချစ်သူတောင်းဆိုသမျှ အရာရာကို သင်ခေါင်းညိတ်ပေးစရာ လုံးဝလုံးဝ မလိုပါဘူး။ သင်မလုပ်ချင်တဲ့အရာ၊ မလုပ်သင့်တဲ့အရာကို တောင်းဆိုနေတာဆိုရင် သင်ပြတ်ပြတ်သားသား ငြင်းပယ်တတ်ဖို့ လိုပါတယ်နော်။

ဒီလိုပြတ်ပြတ်သားသား ငြင်းတတ်တဲ့ သူမျိုးကို သင့်ချစ်သူအပါအဝင် လူတိုင်းက ယုံကြည်လေးစားတတ်ကြပါတယ်နော်။

 

Credit;Em Em(Auntymay)

Read times Last modified on Wednesday, 19 September 2018 10:42
Rate this item
(2 votes)