အချစ်စစ်ရဲ့ ကတိသစ္စာများ

အချစ်စစ်ရဲ့ ကတိသစ္စာများ google.com

ချစ်သူတိုင်းကြားမှာ ထားသင့်တဲ့ ကြည်နူးလိုက်မောဖွယ်ရာ ကတိသစ္စာစကားလေးတွေပါ…...

 

- မင်းအိပ်မပျော်မချင်း

  ကိုယ်မအိပ်ဘူးလို့ ကတိပေးတယ်။

  မင်းနှစ်နှစ်ခြိုက်ခြိုက်

  အိပ်ပျော်ပါ့မလားဆိုတာ သေချာချင်လို့ပါ။

 

- မင်းဖျားနာတဲ့အချိန်တိုင်းမှာ

  မင်းအနားရှိနေမယ်လို့ ကိုယ်ကတိပေးတယ်။

  မင်းကို နေကောင်းကျန်းမာတဲ့အထိ    

  ပြုစုပေးဖို့ပါ။

 

- ဘယ်လောက်ပဲ

  ရန်ဖြစ်စိတ်ကောက်ကြပါစေ

  ကိုယ့်ဘက်က အလျှော့ပေးမယ်လို့

  ကတိပေးတယ်။

  အချိန်တန် စိတ်ဆိုးပြေပြီး

  ပိုချစ်ကြမယ်လေ။

 

- ဘဝမှာ အနိမ့်အမြင့်တွေ

  ဘယ်လောက်ပဲ ကြုံပါစေ

  ကိုယ်မင်းနားက ဘယ်တော့မှ

  ထွက်မသွားဘူး။

 

- တစ်လောကလုံးနဲ့ တစ်ယောက်

  ဖြစ်နေရင်တောင်မှ ကိုယ်က

  မင်းဘက်က အမြဲရပ်တည်ပေးမယ့်သူပါ။

 

- ပြီးတော့ နောက်ထပ်

  နှစ်ပေါင်း ၆၀ လောက်ကြာတဲ့အခါမှာ

  ကိုယ်တို့ငယ်ငယ်တုန်းကလုပ်ခဲ့တဲ့

  ပျော်စရာပေါက်ကရလေးတွေအကြောင်း

  ပြောရင်းအတူတူ ရယ်မောကြမယ်လေ။

 

Credit;GandaWin Magazine

Read times Last modified on Wednesday, 19 September 2018 10:41
Rate this item
(1 Vote)