အချစ်ရေးမှာ လုံးဝရှောင်ကြဉ်ရမယ့် အမှား (၃) မျိုး

အချစ်ရေးမှာ လုံးဝရှောင်ကြဉ်ရမယ့် အမှား (၃) မျိုး google.com

ပထမဆုံး ပြောချင်တာကတော့ အမှားလေးသုံးခုကြောင့်နဲ့ သင့်အချစ်ရေးကို အဆိုးဘက် ရောက်မသွားစေဖို့ပါပဲ။ နှစ်ဦးသားတစ်ယောက်အကြောင်း

တစ်ယောက်နားလည်လာပြီ တည်မြဲတဲ့ အခြေအနေလည်း ရောက်လာပြီဆိုပါတော့ ဒီအချိန်ကျမှ ကိုယ်လုပ်လိုက်တဲ့ အမှားလေးတွေကြောင့် ဆိုးဝါးတဲ့အခြေအနေကို ဦးတည်သွားတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီအချက်လေး (၃)ခုဟာ သင့်အချစ်ရေးကို ပျက်စီးစေနိုင်တာမို့ ရှောင်ရှားဖို့ လိုပါတယ်။

၁။ထင်မြင်ချက်လေးနဲ့ မဆုံးဖြတ်ပါနဲ့

 

ဒီအချက်က အရေးအကြီးဆုံးပါ။ ငါသူ့ကို ချစ်တာ သူသိတာပဲ ဆိုပြီး ချစ်တဲ့အကြောင်း မပြောပဲနေတာမျိုး၊ ငါဒီနေ့ ရုံးမှာနောက်ကျမှာ သူသိတာပဲလေ၊ ဖုန်းမဆက်တော့ပါဘူးဆိုတာမျိုးတွေ မလုပ်ပါနဲ့။ ဘယ်လောက်ကြာနေပြီဖြစ်တဲ့ အချစ်ရေးမဆို အမြဲတမ်း ထိတွေ့ပြောဆို ဆက်ဆံပေးဖို့ လိုပါတယ်။ ဂရုစိုက်ပေးဖို့၊ ကြင်နာပေးဖို့လည်း လိုအပ်ပါတယ်။

၂။ဒါ သူ့တာဝန်ပဲ ဆိုတာမျိုး မလုပ်မိပါစေနဲ့

ကိုယ့်ချစ်သူဖြစ်နေလို့ ကိုယ်ပျော်အောင်၊ ကျေနပ်အောင် လုပ်ပေးဖို့က သူ့တာဝန်ဆိုပြီး သတ်မှတ်မထားပါနဲ့။ သူလည်း ခံစားချက်နဲ့ လူတစ်ယောက်ပါပဲ။ ဒါကို အမြဲထည့်တွေးပါ။ ဒါ့အပြင် သင့်ချစ်သူကို သူပြုလုပ်ပေးတဲ့ အရာတွေအတွက် ကျေးဇူးတင်တယ်ဆိုတာ ပြောဖို့၊ ချီးမွမ်းပေးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

၃။မလေးမစား ပြောဆို ဆက်ဆံတာမျိုးရှောင်ပါ

နှစ်ဦးတည်းပဲဖြစ်ဖြစ်၊ တခြားသူတွေရှေ့မှာ၊ ဒါမှမဟုတ် ကလေးတွေရှေ့မှာ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်ကို မလေးမစား ပြောဆိုဆက်ဆံတာမျိုး ရှောင်ပါ။ ခိုင်မြဲပြီး ပျော်ရွှင်နေကြတဲ့ စုံတွဲတွေဟာ တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ထိ ရင်းနှီးရင်းနှီး လေးစားမှုဆိုတာလေးတော့ ရှိတတ်ကြပါတယ်။

Credit;Cherry Wai

Readmore;ဝေးခဲ့တာကောင်းပါတယ်

Read times Last modified on Wednesday, 19 September 2018 10:40
Rate this item
(2 votes)