လက်မထပ်ခင် ကြိုတင်စစ်ဆေးသင့်တဲ့ ရောဂါ(၅)မျိုး

လက်မထပ်ခင် ကြိုတင်စစ်ဆေးသင့်တဲ့ ရောဂါ(၅)မျိုး google.com

ညီမလေးသို့


ချစ်သူစုံတွေတွေအတွက်တော့ လက်ထပ်တယ်ဆိုတော့ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တစ်ခုကိုလက်တွေ့အကောင်အထည် ဖော်ရသလိုပါပဲ။ မိန်းကလေးတွေ တော်တော်များများမှာ ကိုယ့်မင်္ဂလာဆောင်ကျရင် ဘယ်လိုလေး ဆောင်မယ်။

ဘယ်လိုလေးအကျီင်္ဝတ်မယ်။ ဘယ်လို ပြင်ဆင်မှုလေးတွေလုပ်မယ်ဆိုတဲ့ အတွေးလေးတွေရှိတတ်ကြပါတယ်။ လက်ထပ်ဖို့ပြင်ဆင်ကြတဲ့နေရာမှာ ကျွန်မတို့ မိန်းကလေးတွေအနေနဲ့ အရေးကြီးပြီးမေ့လျော့နေတာလေးရှိလေရဲ့။


တစ်ဘဝလုံးစာ တူယှဉ် မကွဲနေမယ်ဆိုတဲ့ နေရာမှာ ဇနီးမောင်နှံတွေမှာ ထည့်သွင်းစဉ်းစားစရာတွေအများကြီးရှိပါတယ်။ ကျွန်မထင်ပါတယ်။ ကျွန်မတို့မိန်းကလေးတွေထည့်သွင်းစဉ်းစားတဲ့အထဲမှာ သူနဲ့ငါ ပုံစံချင်းတူရဲ့လား။

သူ့အိမ်နဲ့ရော အဆင်ပြေနိုင်ပါ့မလား။ သူကရော ငါ့မိဘတွေနဲ့အဆင်ပြေပါ့မလားဆိုတာ သေချာ စဉ်းစားကြမှာပါ။


ဒါတွေအဆင်ပြေပြီဆိုရင်ရော? ဘာလိုသေးလဲ?


ကျွန်မတို့ကျန်းမာရေးနဲ့ပတ်သက်လို့ရော စစ်သင့်စစ်ထိုက်တာတွေ စစ်ဖြစ်ကြရဲ့ လား?


တကယ်တော့ လက်မထပ်ခင် ( Pre Marital ) ကျန်းမာရေးစစ်ဆေးခြင်းဟာ ချစ်သူနှစ်ဦးသာ လက်ခံသဘောတူမယ်ဆိုရင် မဖြစ်မနေစစ်သင့်တာမျိုးပါ။


ဒီလိုစစ်တာဟာ တစ်ယောက်နဲ့တစ်ယောက် မယုံလို့ ၊ မသကာင်္လို့ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး။


တစ်ချို့ကလည်း မတော်တဆ အခန့်မသင့်လို့ ကိုယ့်မှာဖြစ်နေတဲ့ရောဂါကို မသိတာမျိုးရှိနိုင်တယ်မဟုတ်လား။


ဒါဆို ဘယ်လိုဖြစ်ဖြစ် ဘာလေးတွေစစ်သင့်တယ်ဆိုတာမျိုးလေးသိထားရင်တော့ မမှားဘူးလေနော့်။


စစ်ဆေးဖို့အကောင်းဆုံးအချိန်ကတော့ လက်မထပ်ခင် ၆လ ခန့်မှာ စစ်နိုင်ရင်အကောင်းဆုံးပါ။ စစ်ဆေးသင့်တာတွေကတော့ လင်မယားအချင်းချင်းကူးစက်နိုင်ခြေများတဲ့ရောဂါတွေ ဖြစ်တဲ့



) အသည်းရောင်အသားဝါ B ပိုး၊ Cပိုး

လိင်ဆက်ဆံခြင်းကတစ်ဆင့် အသည်းရောင် B ပိုးနဲ့ C ပိုးကူနိုင်ခြေရှိပါတယ်။ လိင်ဆက်ဆံခြင်းကထွက်တဲ့ အချစ်ရည်ကြည်ကတစ်ဆင့်ဖြစ်ဖြစ်၊ နမ်းရှုပ်ခြင်းကတစ်ဆင့်ကူးတတ်သေးတာမို့ ဒီပိုးမျိုးကတော့ စစ်ကို စစ်ဆေးသင့်တဲ့အထဲပါပါတယ်နော်။



ကိုယ့်ချစ်သူမှာ အသည်းရောင်အသားဝါ B ပိုး ရှိတယ်လို့ သိသွားရင်ရော?



မပူပါနဲ့။ ကြိုသိထားရင် ကာကွယ်လို့ရတာချည်းပါပဲ။


B
ပိုးရှိနေမယ်ဆိုရင်….ရှိတဲ့သူက အသည်းရောင် B ပိုးကနေ အသည်းခြောက်တာမျိုးမဖြစ်ရအောင် ဆေးသောက်လို့ရပါတယ်။ မရှိတဲ့သူကလည်း အသည်းရောင် B ပိုးကာကွယ်ဆေးထိုး မယ်ဆိုရင် B ပိုးကူးမှာမဟုတ်တော့ပါဘူး။



အသည်းရောင် C ပိုး တစ်ယောက်ယောက်မှာရှိမယ်ဆိုရင်တော့…



ရှိတဲ့သူက C ပိုးပျောက်ဆေးသောက်မယ်ဆိုရင် ၆လ လောက်အတွင်းမှာကို လုံးဝအရှင်းပျောက်နိုင်လို့ မရှိတဲ့သူကိုလည်း ကူးမှာ မပူရတော့ဘူးပေါ့နော်။



) ခုခံအားကျဆင်းစေတဲ့ HIV ပိုးလည်း စစ်ဆေးသင့်ပါတယ်။



အခန့်မသင့်လို့မှ HIV တစ်ယောက်ယောက်မှာ ရှိမယ်ဆိုရင် ယူမယ် မယူဘူးဆိုတာ ကာယကံရှင်သဘောပါ။ HIV ပိုးရှိတယ်လို့ သိတဲ့သူအနေနဲ့တော့ HIV ပိုးကုသတဲ့ ART ဆေးသောက်ပြီး ပိုးကောင်ရေ နည်းအောင်လုပ်လို့ရပါတယ်။



) ကာလသားရောဂါအတွက် VDRL စစ်ဆေးသင့်ပါတယ်။ 


ကာလသားရောဂါ ရှိမယ်ဆိုရင် ဆေးကုသပျောက်ကင်းနိုင်ပါတယ်။ ဆေးမကုသဘဲ မသိလို့ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးမှာ နောက်ဆက်တွဲ သားဥပြွန်ယောင်ပြီးနောက်ပိုင်း ကလေးမရတော့တာတွေဖြစ်နိုင်ပါတယ်။



) ချစ်သူနှစ်ယောက်သွေးအမျိုးအစား စစ်ဆေးခြင်း

နှစ်ဦးသားသွေးအမျိုးအစား စစ်ဆေးခြင်း ဟာမွေးလာမယ့်ကလေးရဲ့သွေးအမျိုးအစားကို သိနိုင်ရုံမက


နှစ်ဦသားသွေးတည့်မတည့်သိနိုင်ရုံမက မိန်းကလေးဟာ အနှုတ်သွေးလို့ခေါ်တဲ့( Rh Negative) ဆိုရင်လည်း ကလေး မယူခင် ကြိုတင်ပြင်ဆင်လို့ရနိုင်ပါတယ်။ မျိုးရိုးဗီဇစစ်ဆေးတာမျိုးကတော့ ဒီနိုင်ငံမှာမတွင်ကျယ်သေးပါဘူး။



) သားအိမ်ခေါင်ကင်ဆာ ကာကွယ်ခြင်း 

မိန်းကလေးတွေအနေနဲ့ လိင်ဆက်ဆံခြင်းကနေ သားအိမ်ခေါင်းကင်ဆာပိုးလည်း ကူးစက်နိုင်တာမို့ အိမ်ထောင်မပြုခင်ကပဲ သားအိမ်ခေါင်းကာကွယ်ဆေးထိုးထားရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။



ဒါဆို လက်ထပ်ဖို့ ပြင်ဆင်ကြတဲ့ အထဲမှာ ကျန်းမာရေးစစ်ဆေးမှုလည်းထည့်သွင်းစဉ်းစားဖို့ မမေ့ကြပါနဲ့လို့။

Credit: မယ်တင်( ဆေး၁ )

Read times Last modified on Wednesday, 19 September 2018 10:35
Rate this item
(1 Vote)