လေဟာပြင်လက်ထပ်ပွဲကျင်းပရာတွင် သတိပြုရမည့်အချက်များ - ၃

လေဟာပြင်လက်ထပ်ပွဲကျင်းပရာတွင် သတိပြုရမည့်အချက်များ - ၃

လေဟာပြင်မှာ လက်ထပ်ပွဲကျင်းပတာလောက် ခမ်းနားထည်ဝါတာ မရှိပါဘူး။

ဒါပေမယ့် လျှပ်စစ်မီးပျက်လပ်မှုတွေ၊ စိတ်မချရတဲ့ ရာသီဥတုအခြေအနေတွေကြောင့် မင်္ဂလာပွဲပျက်ဖို့ ဖန်တီးလာတတ်ပါတယ်။

သင့်အနေနဲ့ ပင်လယ်နားမှာပဲဖြစ်ဖြစ်၊ ရေကန်နဘေးမှာပဲဖြစ်ဖြစ်၊ ခြံထဲမှာဖြစ်ဖြစ်၊ စပျစ်ဥယျာဉ် (သို့) ပန်းခြံထဲမှာဖြစ်ဖြစ် မင်္ဂလာပွဲကျင်းပချင်တယ်ဆိုရင်တော့ သတိထားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

- စက်ပစ္စည်းတွေကို ကောင်းမွန်စွာ တပ်ဆင်ပါ။

လေဟာပြင်မင်္ဂလာပွဲကျင်းပရာမှာ လျှပ်စစ်ပစ္စည်းတွေ တပ်ဆင်အသုံးပြုရတာ အရမ်းခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ဧည့်သည်တွေမရောက်ခင်မှာ မင်္ဂလာပွဲအတွက် အသုံးပြုမယ့် လျှပ်စစ်ပစ္စည်းတွေ အလုပ်ကောင်းကောင်း လုပ်မလုပ်ဆိုတာ စေ့စပ်သေချာမှဖြစ်ပါလိမ့်မယ်။

မင်္ဂလာပွဲပြီးချိန်မှ ကော်ဖီစက်အလုပ်လုပ်တာတို့ဖြစ်ရင် ပွဲကိုစိတ်ပျက်စရာဖြစ်စေမှာပါ။ ဒါကြောင့် ဘက်ထရီနဲ့ ချိတ်ဆက်တာပဲဖြစ်ဖြစ်၊ လျှပ်စစ်ဝါယာကြိုးမဲ့ စက်တွေပဲဖြစ်ဖြစ် ဖြစ်နိုင်သမျှ အကောင်းဆုံးလည်ပတ်တယ်ဆိုတာကို အချိန်ပိုပေးပြီး ဂရုစိုက်ပေးပါ။

- အခမ်းအနားပြင်ဆင်သည့် ပန်းများ မညိုးပါစေနဲ့။

လေဟာပြင် မင်္ဂလာပွဲတွေမှာ ပန်းတွေက မပါမဖြစ် ပါရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပင်စည်၊ ရိုးတံဖြတ်ပိုင်းထားတဲ့ ပန်းတွေအားလုံးက ရာသီဥတုအချိန်အခါတိုင်းအတွက် မသင့်တော်ပါဘူး။

ခြောက်လပန်းပင်တွေက နွေရာသီမှာသုံးဖို့ လုံးဝအဆင်မပြေပါ။ ဒီလိုပန်းမျိုးက မိုးရေတွေနဲ့ စိုစွတ်တဲ့ ရာသီချိန်နဲ့ပဲ အဆင်ပြေပြီး မေလကနေ စက်တင်ဘာလကြား အချိန်တွေမှာ သုံးရင် ခဏလေးနဲ့ ပန်းပွင့်များ ညိုးသွားမှာ ဖြစ်ပါတယ်။

ပန်းတွေကြောင့် အင်းစက်ပိုးမွားတွေ၊ ပျားတွေလည်း ရောက်လာနိုင်တာကို သတိပြုပါ။ ဒါကြောင့် ပန်းတွေကို အခမ်းအနားနေ့မှာ စောစောမထားလိုက်ပါနဲ့။

Read times Last modified on Wednesday, 19 September 2018 17:52
Rate this item
(0 votes)