လူတစ်ယောက်ကိုပိုင်ဆိုင် ရသည် ဖြစ်စေ မပိုင်ဆိုင်ရသည်ဖြစ်စေ လွတ်လပ်စွာချစ်ကြည့်ပါ

လူတစ်ယောက်ကိုပိုင်ဆိုင် ရသည် ဖြစ်စေ မပိုင်ဆိုင်ရသည်ဖြစ်စေ လွတ်လပ်စွာချစ်ကြည့်ပါ google.com

လူတစ်ယောက်ကိုပိုင်ဆိုင်ရသည်ဖြစ်စေ

 

မပိုင်ဆိုင်ရသည်ဖြစ်စေ လွတ်လပ်စွာ ချစ်ကြည့်ပါ

 

ဒီအတိုင်းလေးထိုင်ငေးကြည့် ချစ်ရတာဟာ

 

တစ်ဖက်သတ်ဆန်နိုင်လွန်းပေမယ့်

 

ချစ်တတ်ရင်ချစ်တတ်သလိုအနုပညာဆန်တယ်……။

 

နောင်တစ်ချိန်မတော် တဆပြန်ဆုံတွေ့ခဲရင်တောင်သူ့ကို ငါချစ်ခဲ့ဖူးပါလားဆိုတဲ့အတွေးပဲရှိတယ်

 

မတော် တဆ ပိုင်ဆိုင်ပြီး ဆုံးရှုံးသွားရင်

 

ငါသူ့ကိုချစ်ရဲ့နဲ့ဆုံးရှုံးခဲရပါလားဆိုတဲ့ အတွေးက

 

ခင်ဗျား နှလုံးသားထဲမှာ အခါခါ ကမ္ဘာပျက်မယ်

 

ချစ်ကြည့်ပါ အတ္တတွေ မာနတွေ မပါဘဲ ချစ်ကြည့်ပါ

 

တကယ်လို့ချစ်မိခဲ့ရင်တာင်မှ

 

သူ့ဆီကပေးသလောက်ပဲယူပါ

 

လိုချင်တဲ့ စိတ်ခံစားမှုများရင်အမှားပါတတ်တယ်

 

လိုချင်တပ်မက်မှုများသလောက်ပူလောင်မှုများတယ်

 

တတ်နိုင်သလောက်ပဲချစ်ပါ

 

လွတ်လွတ်လပ်လွပ်ချစ်ပါ ဂရုစိုက်ပါ

 

သူ့ကိုသွားချုပ်နှောင်တာဟာ

 

ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်တာနဲ့တူတယ်

 

ရတာမရတာထက် ဖြူဖြူစင်စင်ချစ်ပါ

 

ရယူပိုင်ဆိုင်ခြင်း မပါဘဲ ဖြူဖြူစင်စင်ပေးဆပ်ပါ

 

ပိုင်ဆိုင်မှုမပါလည်း အချစ်ကလှပြီးသားပါဗျာ

 

အကောင်းဆုံးလုပ်ထားခဲ့ရင်

 

အကောင်းဆုံးအရာတွေက ကိုယ့်ဆီပြန်လာမှာပါ

 

ထင်းခွေမကြုံရေခပ်ကြုံမှာပေါ့

 

တကယ်လို့သာ ရေစက်ကုန်ခဲ့ရင်ရေပုံးထမ်းပြီးစောင့်မယ်

 

 

Credit;Htet Htet Aung

Read times Last modified on Wednesday, 19 September 2018 10:33
Rate this item
(3 votes)