ယောက်ျား အနှိပ်စက်ခံနေရတဲ့ မိန်းမတွေ ဒီနည်းအတိုင်း ပြန်လည် တုန့်ပြန်ကြပါနော်..

ယောက်ျား အနှိပ်စက်ခံနေရတဲ့ မိန်းမတွေ ဒီနည်းအတိုင်း ပြန်လည် တုန့်ပြန်ကြပါနော်.. google.com

ကိုယ့်ကိုချစ်လို့ယူထားပီးမှ အချိန်ဒွေကြာလာလို့ မိသားစုပြသနာစားဝတ်နေရေးပြသနာကြောင့် စိတ်ရှုပ်လို့ မိန်းမအပေါ်ပဲမဲမိန်းမကိုပဲရိုက်နေတဲ့ ယောကျာ်းအရင့်မာကြီးတွေဒီခေတ်ကြီးမှာအများကြီး တွေ့နေရပါတယ်..

အဲ့အချိန် မိန်းမသားတွေဘက်ကစဉ်းစားရမှာ... သူဘာကြောင့်ရိုက်တာလဲ တခါလား နှစ်ခါလား အကြိမ်ကြိမ်လား ဘာကိစ္စဖြစ်ဖြစ် ဆွေးနွေးတိုင်ပင်ရင် ရတာပဲ လက်ပါဖို့မလိုဝူး .. ဒါဆိုဘာလို့လက်ပါနေတာလဲ

() အနိုင်ကျင့်တာ ဖြစ်နိုင်တယ်

 

() ငါယောက်ကျားပဲ ငါလုပ်ချင်ရာလုပ်မရ် သူကမိန်းမ ဘာတတ်နိုင်မှာမို့လဲ

 

() စီးပွားရေးအခြေနေကိုဘန်းပြပီး ဖောက်ပြန်နေတာ

 

ဒါဆို ကျမတို့မိန်းမသားတွေကဘာလုပ်သင့်လဲ

 

() ချော့ကြည့်ပါ မိန်းမပဲမာယာသုံးကြည့်ပေါ့ (ပထမနည်း)

 

() သူ့ဘက်က ဘာလိုအပ်လည်း ဘာအလိုမကျလည်း အေးဆေးမေးကြည့်ပါ (ဒုတိယနည်း)

 

() သူတစ်ခုအလုပ်လုပ်ရင် ကိုယ်တခုအလုပ်တိုးချဲ့ပါ မိန်းမသားဆိုပေမယ့် မိသားစုအတွက်ဖူလုံဖို့ မီးဖိုချောင်ထဲမှာ ငုတ်တုပ်ထိုင်လို့မဖစ်ဖူးလေ

 

 

() ဒါတွေကိုပြေလည်အောင်လိုက်လျောညီထွေလို့မှ ပြသနာရှာ ထပ်ပြီးရိုက်နှက်နေမယ်ဆိုရင်တော့ ….

 

ကျမတို့မိန်းမသားဒွေရဲ့မိခင်စိတ်ကိုဖျောက်သင့်ပီ

 

ဒီနေရာမှာနှလုံးသားနဲ့မစဉ်းစားပဲဦးနှောက်နဲ့စဉ်းစားသင့်ပီ

 

 

သားသမီးမျက်နှာကြောင့်သည်းခံနေရတရ်ဆိုရင်လည်း သူလုပ်လို့ ကိုယ့်ရဲ့အဂါင်္ ချို့ယွင်းမှုဖစ်ရင် ဒီသားသမီးဒွေဘဝ သူ့လက်ထဲမှာပိုးစိုးသွားနိုင်တယ် စဉ်းစားပါ

 

ကျမအနေနဲ့ အကြံဥာဏ်ပေးချင်တာက ကိုယ့်အပေါ် ကြင်နာမှုမရှိတဲ့ယောက်ကျားတယောက်အတွက် သည်းခံပြီး ပေါင်းနေဖို့မလိုဝူးထင်တယ် သားသမီးမျက်နှာကြောင့် အောင့်အီးပြီးလဲနေဖို့မလိုဝူးထင်တယ်

 

ထမင်းတလုပ်စားဖို့ ရိုက်နှက်ခံပြီး စားရတဲ့အဖြစ်မျိုး… ကြားကမြေဇာပင် သားသမီးဒွေ ဒီကလေးဒွေမှာ စိတ်အနာတရဖြစ်သွားမယ် ဒီတော့ ကိုယ့်လမ်းကိုယ်ရဲရဲလျောက်သင့်ပီ ကွဲပါလို့တော့တိုက်တွန်းနေတာ မဟုတ်ဘူးနော်ဖြစ်သင့်တာကို အမြင်တခုအနေနဲ့ ချပြတာပါ

 

နောက်အိမ်ထောင်မပြုဖြစ်ရင်တောင် ကိုယ့်သားသမီး လက်ကိုဆွဲပီး ဈေးဗန်းခေါင်းပေါ်တင် ရောင်းရင်တောင် လူဆင်းရဲပေမယ့် စိတ်ချမ်းသာမယ်ဆိုတာ လက်ခမောင်းခက်ပြောရဲပါတယ်

 

လူအချင်းချင်းနှိပ်စက်ခြင်းကင်းရှင်းကြပါစေ.....

Credit: တျဲlay

Read times Last modified on Wednesday, 19 September 2018 10:32
Rate this item
(1 Vote)